Mon. May 23rd, 2022

အသက် (၃၀) ဆိုတဲ့ သက်တမ်းတစ်ခုကို ရောက်လာပြီလား။ ဒါဆိုသက်တမ်းရဲ့ တဝက်နီးပါးကို ဖြတ်ကျော်ပြီးပြီပေ့ါ။ လူငယ်လေးတစ်ယောက်လို ပေ့ါပျက်ပျက်အမူအကျင့်တွေကို ထားခဲ့သင့်ပါပြီ။

အစားအစာကိုမြန်မြန်စားခြင်း

 

အစားအသောက်တွေစားသုံးတဲ့အခါ နောက်ကလူလိုက်လာသလို တက်သုတ်ရိုက်မစားသင့်ပါဘူး။ လူမြင်မတင့်တယ်သလို အစားအစာတွေရဲ့အရသာကိုလည်း ခံစားသိနိုင်မှာမဟုတ်ပါဘူး။ ပတ်ဝန်းကျင်ကနှာခေါင်းရှုံ့စရာ အမူအကျင့်ကြီးတစ်ခုပေ့ါ။

ဆေးလိပ်သောက်ခြင်း

 

အသက် (၁၈) နှစ်အရွယ်မှာ ဆေးလိပ်သောက်ခြင်းဟာ အလွန်အထင်ကြီးစရာစတိုင်ကျတဲ့ အပြုအမူတစ်ခုဖြစ်ခဲ့မှာပါ။ ယခုတည်ငြိမ်ရင့်ကျက်တဲ့အရွယ်မှာတော့ ဆေးလိပ်သောက်ခြင်းဆိုတဲ့ မကောင်းတဲ့အပြုအမူတစ်ခုကို နှုတ်ဆက်ချန်ထားသင့်ပါပြီ။ နှလုံးနဲ့အဆုတ်ကို ဒုက္ခပေးပြီး ငွေထွက်ပေါက်တစ်ခုဖြစ်တဲ့ ဆေးလိပ်သောက်ခြင်းကို မပြုလုပ်သင့်တော့ပါဘူး။

ဂိမ်းကစားခြင်း

ယနေ့ခေတ်မှာ အမျိုးမျိုးသောနည်းပညာတွေနဲ့ ဂိမ်းမျိုးစုံတို့ပေါ်ထွက်လျက်ရှိပါတယ်။ ဒါပေမယ့်ဆယ်ကျော်သက်ကလေးတွေလိုတော့ ဂိမ်းတွေနဲ့ အချိန်ဖြုန်းနေတာမျိုးမဖြစ်သင့်ပါဘူး။ ဘဝမှာ ဂိမ်းထက်အရေးပါတဲ့ လုပ်ငန်းဆောင်တာတွေအများကြီးရှိနေပါတယ်။

မိဘရဲ့လောင်းရိပ်အောက်မှာနေခြင်း

 

အသက် (၃၀) အရွယ်ဆိုတာဟာ မိဘတွေကိုပြန်လည်စောင့်ရှောက်ပေးရမယ့် အရွယ်ပါ။ မိဘတွေရဲ့ပြု စုစောင့်ရှောက်မှုကိုခံယူပြီး ရေသာခိုနေဖို့တော့ မသင့်တော့ပါဘူး။ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေနဲ့ ဘဝကိုကျော်ဖြတ်သင့်နေပါပြီ။

အရက်၊ ဘီယာသောက်သုံးခြင်း

 

 

မိတ်ဆွေ၊ အပေါင်းအသင်းများနဲ့ တွေ့ဆုံပြီးဝိုင်းဖွဲ့သောက်စားကြတာ တခါတလေအတွက် အဆင်ပြေပါတယ်။ ဒါပေမယ့် လူငယ်လေးတွေလို အမြဲသောက်စားပျော်ပါးနေရင်တော့ မကောင်းတဲ့အနှုတ်လက္ခဏာကို ဆောင်နေပါပြီ။ သင်ဟာတည်ငြိမ်လေးနက်တဲ့သူတစ်ယောက်ဖြစ်သင့်ပြီလေ။

 

 

zawgyi

အသက္ (၃၀) ဆိုတဲ့ သက္တမ္းတစ္ခုကို ေရာက္လာၿပီလား။ ဒါဆိုသက္တမ္းရဲ႕ တဝက္နီးပါးကို ျဖတ္ေက်ာ္ၿပီးၿပီေပ့ါ။ လူငယ္ေလးတစ္ေယာက္လို ေပ့ါပ်က္ပ်က္အမူအက်င့္ေတြကို ထားခဲ့သင့္ပါၿပီ။

အစားအစာကိုျမန္ျမန္စားျခင္း

 

 

အစားအေသာက္ေတြစားသုံးတဲ့အခါ ေနာက္ကလူလိုက္လာသလို တက္သုတ္႐ိုက္မစားသင့္ပါဘူး။ လူျမင္မတင့္တယ္သလို အစားအစာေတြရဲ႕အရသာကိုလည္း ခံစားသိႏိုင္မွာမဟုတ္ပါဘူး။ ပတ္ဝန္းက်င္ကႏွာေခါင္းရႈံ႕စရာ အမူအက်င့္ႀကီးတစ္ခုေပ့ါ။

ေဆးလိပ္ေသာက္ျခင္း

 

 

အသက္ (၁၈) ႏွစ္အ႐ြယ္မွာ ေဆးလိပ္ေသာက္ျခင္းဟာ အလြန္အထင္ႀကီးစရာစတိုင္က်တဲ့ အျပဳအမူတစ္ခုျဖစ္ခဲ့မွာပါ။ ယခုတည္ၿငိမ္ရင့္က်က္တဲ့အ႐ြယ္မွာေတာ့ ေဆးလိပ္ေသာက္ျခင္းဆိုတဲ့ မေကာင္းတဲ့အျပဳအမူတစ္ခုကို ႏႈတ္ဆက္ခ်န္ထားသင့္ပါၿပီ။ ႏွလုံးနဲ႔အဆုတ္ကို ဒုကၡေပးၿပီး ေငြထြက္ေပါက္တစ္ခုျဖစ္တဲ့ ေဆးလိပ္ေသာက္ျခင္းကို မျပဳလုပ္သင့္ေတာ့ပါဘူး။

ဂိမ္းကစားျခင္း

 

ယေန႔ေခတ္မွာ အမ်ိဳးမ်ိဳးေသာနည္းပညာေတြနဲ႔ ဂိမ္းမ်ိဳးစုံတို႔ေပၚထြက္လ်က္ရွိပါတယ္။ ဒါေပမယ့္ဆယ္ေက်ာ္သက္ကေလးေတြလိုေတာ့ ဂိမ္းေတြနဲ႔ အခ်ိန္ျဖဳန္းေနတာမ်ိဳးမျဖစ္သင့္ပါဘူး။ ဘဝမွာ ဂိမ္းထက္အေရးပါတဲ့ လုပ္ငန္းေဆာင္တာေတြအမ်ားႀကီးရွိေနပါတယ္။

မိဘရဲ႕ေလာင္းရိပ္ေအာက္မွာေနျခင္း

 

 

အသက္ (၃၀) အ႐ြယ္ဆိုတာဟာ မိဘေတြကိုျပန္လည္ေစာင့္ေရွာက္ေပးရမယ့္ အ႐ြယ္ပါ။ မိဘေတြရဲ႕ျပဳ စုေစာင့္ေရွာက္မႈကိုခံယူၿပီး ေရသာခိုေနဖို႔ေတာ့ မသင့္ေတာ့ပါဘူး။ ကိုယ္ပိုင္ဆုံးျဖတ္ခ်က္ေတြနဲ႔ ဘဝကိုေက်ာ္ျဖတ္သင့္ေနပါၿပီ။

အရက္၊ ဘီယာေသာက္သုံးျခင္း

 

 

မိတ္ေဆြ၊ အေပါင္းအသင္းမ်ားနဲ႔ ေတြ႕ဆုံၿပီးဝိုင္းဖြဲ႕ေသာက္စားၾကတာ တခါတေလအတြက္ အဆင္ေျပပါတယ္။ ဒါေပမယ့္ လူငယ္ေလးေတြလို အၿမဲေသာက္စားေပ်ာ္ပါးေနရင္ေတာ့ မေကာင္းတဲ့အႏႈတ္လကၡဏာကို ေဆာင္ေနပါၿပီ။ သင္ဟာတည္ၿငိမ္ေလးနက္တဲ့သူတစ္ေယာက္ျဖစ္သင့္ၿပီေလ။

 

 

Leave a Reply

Your email address will not be published.