Sun. May 22nd, 2022

#Unicode Version

ဘဝမှာ
ဖြစ်ခြင်တဲ့ ဆန္ဒနဲ့ ဖြစ်သင့်တာနဲ့ ချိန်ဆရင်း ဖြစ်ခြင်တဲ့ စိတ်ကူးတွေ အကြိမ်ကြိမ်လွဲချော်ခဲ့ဖူးတယ်။ လိုခြင်တောင့်တမိတဲ့ အရာကို မတရားမယူချင်လို့ ဆန္ဒတွေချိုးနှိမ်ပြီး လက်လျော့ခဲ့ရတာလည်း အကြိမ်ကြိမ်ရှိခဲ့ဖူးပါတယ်။

ဘဝမှာ
စိတ်နာအောင်လုပ်သွားသူကို လက်တုန့်ပြန်လိုက်ချင်ပေမယ့် ငရဲကိုမယူရဲလို့ အရှုံးပေးပြီး နောက်ဆုတ်ပေးလိုက်ရတဲ့ အဖြစ်တွေလည်း ရှိခဲ့ဖူးတယ်။ နာကျင်စေသူကို လက်တုန့်ပြန်ရင် အနိုင်ရမှန်းသိပေမယ့် နောက်ထပ် ရေစက်မဆုံချင်တော့လို့ ဥပေက္ခာပြုခြင်းနဲ့သာ လက်တုန့်ပြန်လိုက်တာတွေလည်း ရှိခဲ့ပါတယ်။

 

မချစ်သင့်တော့မှန်း သိနေတဲ့ လူတစ်ယောက်ကို ဦးနှောက်က တားစီးနေပေမဲ့ နှလုံးသားရဲ့ ခံစားချက်ကို မလွန်ဆန်နိုင်တဲ့အခါ စိတ်အဆင်းရဲခံပြီးလည်း ချစ်ခဲ့ဖူးပါတယ်။ အသက်မက ချစ်ခဲ့ရပေမယ့် မဖြစ်နိုင်တဲ့ အခြေအနေမို့ မမုန်းရက်ပဲ ရင်နာနာ စွန့်လွှတ်ခဲ့ရသူလည်း ရှိခဲ့ဖူးပါတယ်။ ကိုယ့်ကိုယ် အချစ်ဆုံးလို့ ခံယူထားသူက အနာကျင်ဆုံး စိတ်ဒဏ်ရာတွေပေးပြီး စွန့်သွားတာလည်း ရင်ဆိုင်ခဲ့ဖူးပါတယ်။

ဒီလောက်ဆို လူတစ်ယောက်ရဲ့ ဘဝအတွေ့အကြုံနဲ့ လုံလောက်ပါပြီ။ နောက်ထပ် ဘယ်အပူမှ မရချင်တော့ဘူး။ လူတစ်ယောက်မှာ လက်ခံနိုင်တဲ့ စိတ်ဒဏ်ရာတွေ လုံလောက်ပါပြီ။ နောက်ထပ် ဘယ်အရာကိုမှ စိတ်နစ်ပြီး မခံစားချင်တော့ဘူး။

 


ရင်ဆိုင်ခဲ့ရတဲ့ အဆိုးတွေကို သင်ခန်းစာအဖြင့် အသုံးချရင်း အမှားတွေနည်းအောင် နေထိုင်မယ်။ ပျော်စရာတွေကိုသာ ရွေးချယ်ပြီး ဘဝကို ပျော်ပျော်လေးပဲ ဖြတ်သန်းတော့မယ်။
ငိုစရာတွေကြုံလာရင် အရင်ကငိုခဲ့ရတာတွေကို ပြန်တွေးပြီး ရယ်မောပစ်လိုက်မယ်။
စိတ်ညစ်စရာတွေ ကြုံလာရင် တချိန်က နာကျင်မှုတွေကို ပြန်တွေးပြီး ဟာသလုပ်ပစ်လိုက်မယ်။

လူဆိုတာ
ကိုယ့်ဘဝတိုးတက်အောင်လုပ်ဖို့လည်း ကိုယ့်တာဝန်။ ပျော်အောင်နေဖို့လည်း ကိုယ့်တာဝန်။ ပြိုလဲကျအောင်လုပ်တာလည်း ကိုယ့်စိတ်ပဲ။ ဒါကြောင့် ကိုယ့်ဘဝအတွက် တာဝန်အရှိဆုံးသူကိုယ်က တချိန်က ဘယ်လိုအမှားတွေလုပ်ခဲ့မိပါစေ။ ဒီနေ့မှာ အကောင်းဆုံးဖြစ်အောင် နေထိုင်မယ်။

တချိန်က ဘယ်လိုငိုကြွေးခဲ့ပါစေ။ ဒီနေ့မှာ အလှဆုံးပြုံးထားမယ်။ တချိန်က ဘယ်လောက်နာကျည်းစရာတွေရှိခဲ့ပါစေ။ ဒီနေ့ နောင်တကင်းကင်းနဲ့ စိတ်ချမ်းသာအောင်နေမယ်။ တချိန်က ဘယ်လောက်အခက်ခဲတွေ ရှိခဲ့ပါစေ။ ဒီနေ့ အခက်ခဲမှန်သမျှကို အားသစ်တွေနဲ့ရင်ဆိုင်မယ်။ တချိန်က မုန်းတီးမိခဲ့သူတွေရှိခဲ့ပါစေ။ ဒီနေ့ လူတိုင်းနဲ့ ချစ်ချစ်ခင်ခင်နေထိုင်မယ်။

တချိန်က အကြိမ်ကြိမ်ပြိုလဲကျခဲ့ပေမဲ့ ဒီနေ့ စိတ်သစ်လူသစ်နဲ့ အရာရာကို အေးဆေးစွာ ဖြေရှင်းပြီး ကျော်လွှားမယ်။

လူတိုင်းမှာ အတိတ်ဆိုတာရှိတယ်။ အဆိုးတွေလည်းရှိခဲ့သလို ကောင်းတာတွေလည်းရှိခဲ့ကြပါတယ်။ ကိုယ်တစ်ယောက်ထဲ မဟုတ်ပါဘူး။ အဆိုးတွေ အကြိမ်ကြိမ်ရင်ဆိုင်ခဲ့ရလေ။ ဘဝသင်ခန်းစာတွေ ပြည့်ဝလာစေပါတယ်။

ရရှိလာတဲ့ ဘဝသင်ခန်းစာတွေနဲ့ ကိုယ့်ဘဝကိုယ် အကောင်းဆုံးပြုပြင်ရင်း နေ့သစ်တိုင်းမှာ ကိုယ့်စိတ်ကိုယ် ပြန်အားပေးရင်း အားအင်အသစ် အတွေးအသစ်တွေနဲ့ နောင်တမဲ့စွာ
ရှင်သန်နေထိုင်လိုက်ပါတယ်။

“ကိုယ်ချစ်ရတဲ့သူတွေကို ပြန်မျှ‌ဝေဖို့မမေ့နဲ့နော်”

 

 

zawgyi

#Unicode Version

ဘဝမွာ
ျဖစ္ျခင္တဲ့ ဆႏၵနဲ႔ ျဖစ္သင့္တာနဲ႔ ခ်ိန္ဆရင္း ျဖစ္ျခင္တဲ့ စိတ္ကူးေတြ အႀကိမ္ႀကိမ္လြဲေခ်ာ္ခဲ့ဖူးတယ္။ လိုျခင္ေတာင့္တမိတဲ့ အရာကို မတရားမယူခ်င္လို႔ ဆႏၵေတြခ်ိဳးႏွိမ္ၿပီး လက္ေလ်ာ့ခဲ့ရတာလည္း အႀကိမ္ႀကိမ္ရွိခဲ့ဖူးပါတယ္။

 

ဘဝမွာ
စိတ္နာေအာင္လုပ္သြားသူကို လက္တုန႔္ျပန္လိုက္ခ်င္ေပမယ့္ ငရဲကိုမယူရဲလို႔ အရႈံးေပးၿပီး ေနာက္ဆုတ္ေပးလိုက္ရတဲ့ အျဖစ္ေတြလည္း ရွိခဲ့ဖူးတယ္။ နာက်င္ေစသူကို လက္တုန႔္ျပန္ရင္ အႏိုင္ရမွန္းသိေပမယ့္ ေနာက္ထပ္ ေရစက္မဆုံခ်င္ေတာ့လို႔ ဥေပကၡာျပဳျခင္းနဲ႔သာ လက္တုန႔္ျပန္လိုက္တာေတြလည္း ရွိခဲ့ပါတယ္။

 

မခ်စ္သင့္ေတာ့မွန္း သိေနတဲ့ လူတစ္ေယာက္ကို ဦးေႏွာက္က တားစီးေနေပမဲ့ ႏွလုံးသားရဲ႕ ခံစားခ်က္ကို မလြန္ဆန္ႏိုင္တဲ့အခါ စိတ္အဆင္းရဲခံၿပီးလည္း ခ်စ္ခဲ့ဖူးပါတယ္။ အသက္မက ခ်စ္ခဲ့ရေပမယ့္ မျဖစ္ႏိုင္တဲ့ အေျခအေနမို႔ မမုန္းရက္ပဲ ရင္နာနာ စြန႔္လႊတ္ခဲ့ရသူလည္း ရွိခဲ့ဖူးပါတယ္။ ကိုယ့္ကိုယ္ အခ်စ္ဆုံးလို႔ ခံယူထားသူက အနာက်င္ဆုံး စိတ္ဒဏ္ရာေတြေပးၿပီး စြန႔္သြားတာလည္း ရင္ဆိုင္ခဲ့ဖူးပါတယ္။

ဒီေလာက္ဆို လူတစ္ေယာက္ရဲ႕ ဘဝအေတြ႕အႀကဳံနဲ႔ လုံေလာက္ပါၿပီ။ ေနာက္ထပ္ ဘယ္အပူမွ မရခ်င္ေတာ့ဘူး။ လူတစ္ေယာက္မွာ လက္ခံႏိုင္တဲ့ စိတ္ဒဏ္ရာေတြ လုံေလာက္ပါၿပီ။ ေနာက္ထပ္ ဘယ္အရာကိုမွ စိတ္နစ္ၿပီး မခံစားခ်င္ေတာ့ဘူး။

 

ရင္ဆိုင္ခဲ့ရတဲ့ အဆိုးေတြကို သင္ခန္းစာအျဖင့္ အသုံးခ်ရင္း အမွားေတြနည္းေအာင္ ေနထိုင္မယ္။ ေပ်ာ္စရာေတြကိုသာ ေ႐ြးခ်ယ္ၿပီး ဘဝကို ေပ်ာ္ေပ်ာ္ေလးပဲ ျဖတ္သန္းေတာ့မယ္။
ငိုစရာေတြႀကဳံလာရင္ အရင္ကငိုခဲ့ရတာေတြကို ျပန္ေတြးၿပီး ရယ္ေမာပစ္လိုက္မယ္။
စိတ္ညစ္စရာေတြ ႀကဳံလာရင္ တခ်ိန္က နာက်င္မႈေတြကို ျပန္ေတြးၿပီး ဟာသလုပ္ပစ္လိုက္မယ္။

လူဆိုတာ
ကိုယ့္ဘဝတိုးတက္ေအာင္လုပ္ဖို႔လည္း ကိုယ့္တာဝန္။ ေပ်ာ္ေအာင္ေနဖို႔လည္း ကိုယ့္တာဝန္။ ၿပိဳလဲက်ေအာင္လုပ္တာလည္း ကိုယ့္စိတ္ပဲ။ ဒါေၾကာင့္ ကိုယ့္ဘဝအတြက္ တာဝန္အရွိဆုံးသူကိုယ္က တခ်ိန္က ဘယ္လိုအမွားေတြလုပ္ခဲ့မိပါေစ။ ဒီေန႔မွာ အေကာင္းဆုံးျဖစ္ေအာင္ ေနထိုင္မယ္။

တခ်ိန္က ဘယ္လိုငိုေႂကြးခဲ့ပါေစ။ ဒီေန႔မွာ အလွဆုံးၿပဳံးထားမယ္။ တခ်ိန္က ဘယ္ေလာက္နာက်ည္းစရာေတြရွိခဲ့ပါေစ။ ဒီေန႔ ေနာင္တကင္းကင္းနဲ႔ စိတ္ခ်မ္းသာေအာင္ေနမယ္။ တခ်ိန္က ဘယ္ေလာက္အခက္ခဲေတြ ရွိခဲ့ပါေစ။ ဒီေန႔ အခက္ခဲမွန္သမွ်ကို အားသစ္ေတြနဲ႔ရင္ဆိုင္မယ္။ တခ်ိန္က မုန္းတီးမိခဲ့သူေတြရွိခဲ့ပါေစ။ ဒီေန႔ လူတိုင္းနဲ႔ ခ်စ္ခ်စ္ခင္ခင္ေနထိုင္မယ္။

တခ်ိန္က အႀကိမ္ႀကိမ္ၿပိဳလဲက်ခဲ့ေပမဲ့ ဒီေန႔ စိတ္သစ္လူသစ္နဲ႔ အရာရာကို ေအးေဆးစြာ ေျဖရွင္းၿပီး ေက်ာ္လႊားမယ္။

လူတိုင္းမွာ အတိတ္ဆိုတာရွိတယ္။ အဆိုးေတြလည္းရွိခဲ့သလို ေကာင္းတာေတြလည္းရွိခဲ့ၾကပါတယ္။ ကိုယ္တစ္ေယာက္ထဲ မဟုတ္ပါဘူး။ အဆိုးေတြ အႀကိမ္ႀကိမ္ရင္ဆိုင္ခဲ့ရေလ။ ဘဝသင္ခန္းစာေတြ ျပည့္ဝလာေစပါတယ္။

ရရွိလာတဲ့ ဘဝသင္ခန္းစာေတြနဲ႔ ကိုယ့္ဘဝကိုယ္ အေကာင္းဆုံးျပဳျပင္ရင္း ေန႔သစ္တိုင္းမွာ ကိုယ့္စိတ္ကိုယ္ ျပန္အားေပးရင္း အားအင္အသစ္ အေတြးအသစ္ေတြနဲ႔ ေနာင္တမဲ့စြာ
ရွင္သန္ေနထိုင္လိုက္ပါတယ္။

“ကိုယ္ခ်စ္ရတဲ့သူေတြကို ျပန္မွ်‌ေဝဖို႔မေမ့နဲ႔ေနာ္”

 

 

Leave a Reply

Your email address will not be published.