Sun. May 22nd, 2022

Unicode Version

 

သင့်ရဲ့အသုံးစရိတ်တွေကို ထိန်းချုပ်လို့မရဘူးဖြစ်နေတယ်။ ဘာတွေကုန်မှန်းမသိပေမယ့် လက်ထဲမှာ ငွေမကျန်ဘဲ ပြိုက်ခနဲကုန်သွားတတ်တယ်ဆိုရင်တော့ သင့်ငွေအသုံးကို သေချာဆန်းစစ်ဖို့လိုနေပါပြီ။ အဲဒါကြောင့် သင့်လက်ထဲမှာ ရှိတဲ့ငွေကို ဘယ်လိုမျိုး အသက်သာဆုံးဖြစ်အောင် သုံးမလဲဆိုတာမျိုးကိုလည်း သင်စဥ်းစားရပါလိမ့်မယ်။ အဲဒီလိုမဟုတ်ရင်တော့ ငွေကြေးနဲ့ပတ်သက်ရင် မုန့်လုံးစက္ကူကပ်နေသလို ဒုံရင်းကဒုံရင်းပဲဖြစ်နေပြီး ဘယ်တော့မှ ငွေပိုငွေလျှံရယ်လို့ရှိမှာ မဟုတ်ပါဘူး။

(၁) လိုချင်တာတွေ့တဲ့အခါ စျေးချင်းယှဥ်ပြီး ပိုသက်သာတာကိုရွေးပါ

ကိုယ်ဝယ်မယ့်ပစ္စည်းရဲ့ စျေးအလျော့အတင်း၊ အနည်းဆုံးနဲ့ရနိုင်မယ့်စျေးကို ပိုပြီး လေ့လာနိုင်ဖို့လိုပါတယ်။ စျေးချင်းယှဥ်ပြီး ပိုသက်သာတဲ့စျေးကို ရွေးဝယ်တာမျိုးပေါ့။ လိုချင်လို့ မျက်လုံးမှိတ်ပြီး စျေးမကြည့်ဘဲဝယ်လိုက်တာမျိုးထက် အထက်ပါနည်းလမ်းအတိုင်းဝယ်ယူခြင်းကလည်း သင့်ရဲ့အသုံးစရိတ်ကို သက်သာစေတာပါပဲ။

(၂) Second Hand သုံးလို့ရရင်သုံးပါ

ကိုယ့်အတွက် Second Hand ပစ္စည်းသုံးလို့ရတဲ့ နေရာမျိုးမှာ အသစ်ကိုစျေးပေးပြီးဝယ်မယ့်အစား Second Hand သာဝယ်သုံးလိုက်တာ ပိုကောင်းပါတယ်။ အဲဒါဆို ကိုယ်လည်းအဆင်ပြေ၊ အသုံးစရိတ်လည်းသက်သာစေပါတယ်။ တချို့ Second hand တွေက အသစ်နီးပါးရှိပြီး စျေးလည်း သက်သာပါတယ်။

(၃) အကြွေးမယူပါနဲ့


အကြွေးကဒ်တွေသုံးတာက သင့်ကိုလွယ်လွယ် အကြွေးတင်စေပါတယ်။ အဲဒီ့အခါ လက်ထဲရှိတဲ့ငွေလည်း သုံးမိ၊ အကြွေးကဒ်နဲ့လည်း လွယ်လွယ်သုံးမိတာကြောင့် အကြွေးတစ်ခါထပ်တင်စေပါတယ်။ အဲဒါကြောင့် ကိုယ်လက်ထဲရှိတဲ့ငွေနဲ့ ချွေတာသုံးတတ်အောင်ကျင့်ယူပါ။ အကြွေးလွယ်လွယ်သုံးတတ်ခြင်းကလည်း အကျင့်တစ်ခုလို ဖြစ်သွားတတ်ပါတယ်။

(၄) ကိုယ်ရှာနိုင်တာထက် ပိုမသုံးမိပါစေနဲ့

လူအများကြား ထင်ပေါ်ချင်တာ၊ လူများတန်းတူ ဝတ်ချင်စားချင်စိတ်က ကိုယ်ရှာနိုင်တာထက် ကျော်လွန်သွားတဲ့ အသုံးစရိတ်တွေဖြစ်လာစေပါတယ်။ ဘယ်သူ့ကိုမှ နှိုင်းယှဥ်ဖို့ မလိုဘဲ ကိုယ့်ရဲ့ဝင်ငွေနဲ့ ကိုယ်အသုံးစရိတ်ကိုသာ ချိန်သုံးရမှာဖြစ်ပါတယ်။ အခြားသူတွေနဲ့သင်နဲ့က ဘဝချင်းမတူနိုင်သလို၊ ဝင်ငွေချင်းလည်းမတူနိုင်ပါဘူး။ အဓိကက ကိုယ်ရှာနိုင်တာထက် ပိုမသုံးမိဖို့သာ အရေးကြီးပါတယ်။

(၅) ကြွားဝါဖို့ထက် ရိုးရှင်းစွာသာရှင်သန်ပါ

ကိုယ့်မှာရှိတာလေးနဲ့ လှအောင်ဝတ်ဆိုတဲ့စကားကို ကြားဖူးကြမယ် ထင်ပါတယ်နော်။ အဲဒီလို ကိုယ့်မှာရှိတာနဲ့ အဆင်ပြေအောင် သုံးတတ်ခြင်းက ကိုယ့်အတွက် အကြွေးကြောင့် ပူပန်ရတာမျိုးမရှိလို့ အင်မတန်မှ အေးချမ်းပါတယ်။ အဲဒါအပြင် ကိုယ့်ရဲ့အသုံးစရိတ်ကို ချွေတာပြီးသားလည်း ဖြစ်စေပါတယ်။

(၆‌) အလုပ်ပိုလုပ်နိုင်မယ့် အခွင့်အလမ်းကို မျက်ခြေမပြတ်ပါစေနဲ့

အလုပ်ပိုလုပ်နိုင်မှ ပိုပြီးဝင်ငွေတိုးမှာ ဖြစ်ပါတယ်။ ဝင်ငွေပိုတိုးမှ ကိုယ့်အတွက် ပိုပြီး အဆင်ပြေလာမှာ ဖြစ်တဲ့အတွက် အလုပ်လုပ်နိုင်မယ့်အခွင့်အရေးကို ပိုရှာပါ။ အလုပ်ဟူသမျှဂုဏ်ရှိစွာလို့ ခံယူပြီး ကိုယ့်အတွက် ဝင်ငွေတိုးမယ်ဆိုရင် အချိန်ပိုင်းအလုပ်တွေပဲဖြစ်ဖြစ် ထပ်တိုးလုပ်နိုင်အောင်ကြိုးစားပါ။ အဲဒါကလည်း တနည်းအားဖြင့် သင့်အသုံးစရိတ်သုံးဖို့ အချိန်မရှိတော့ဘဲ ဝင်ငွေသာ ပိုတိုးလာစေမှာပါ။

(၇) Brand ဖြစ်ရမှာထက် ကိုယ်နဲ့အဆင်ပြေရာသာ ဝယ်ပါ
ဘာ Brand ဖြစ်မှဝတ်ချင်တာ၊ သုံးချင်တာက ကိုယ့်ရဲ့စိတ်ပါပဲ။ ကိုယ်နဲ့အဆင်ပြေရင် Brand မှမဟုတ်ဘဲ အဆင်ပြေမှာပါ။ တခါတလေ Brand ဖြစ်ပေမယ့်လည်း ကိုယ်နဲ့အဆင်မပြေဖြစ်နိုင်တာပါပဲ။ အဲဒါကြောင့် Brand ဖြစ်ဖို့ထက် ကိုယ်နဲ့အဆင်ပြေ၊ ကိုယ့်ရဲ့ဝင်ငွေနဲ့အဆင်ပြေတဲ့အသုံးစရိတ်ဖြစ်ဖို့သာ အရေးကြီးပါတယ်။

လူတစ်ယောက်ရဲ့ဘဝတိုးတက်ဖို့ အဓိက အချက်တွေထဲမှာ ကိုယ့်ရဲ့ဝင်ငွေကို ပိုတိုးအောင်ကြိုးစားတတ်ခြင်းနဲ့ ကိုယ့်ဝင်ငွေကို သေချာစိစစ်အသုံးချတတ်ခြင်းကလည်း အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။ အဲဒါကြောင့် ကိုယ့်ဘဝရေရှည်တိုးတက်ဖို့ အမှီအခိုမရှိဘဲ ကြိုးစားမယ်ဆိုရင် ကိုယ့်ဝင်ငွေထက် ပိုမသုံးဘဲ ကိုယ့်ဝင်ငွေကို သေချာသုံးစွဲတတ်နိုင်ဖို့ အတတ်နိုင်ဆုံး ချွေတာနိုင်တဲ့နည်းလမ်းတွေကို ဖော်ပြလိုက်ရပါတယ်။

 

 

Zawgyi

Unicode Version

 

သင့္ရဲ႕အသုံးစရိတ္ေတြကို ထိန္းခ်ဳပ္လို႔မရဘူးျဖစ္ေနတယ္။ ဘာေတြကုန္မွန္းမသိေပမယ့္ လက္ထဲမွာ ေငြမက်န္ဘဲ ၿပိဳက္ခနဲကုန္သြားတတ္တယ္ဆိုရင္ေတာ့ သင့္ေငြအသုံးကို ေသခ်ာဆန္းစစ္ဖို႔လိုေနပါၿပီ။ အဲဒါေၾကာင့္ သင့္လက္ထဲမွာ ရွိတဲ့ေငြကို ဘယ္လိုမ်ိဳး အသက္သာဆုံးျဖစ္ေအာင္ သုံးမလဲဆိုတာမ်ိဳးကိုလည္း သင္စဥ္းစားရပါလိမ့္မယ္။ အဲဒီလိုမဟုတ္ရင္ေတာ့ ေငြေၾကးနဲ႔ပတ္သက္ရင္ မုန႔္လုံးစကၠဴကပ္ေနသလို ဒုံရင္းကဒုံရင္းပဲျဖစ္ေနၿပီး ဘယ္ေတာ့မွ ေငြပိုေငြလွ်ံရယ္လို႔ရွိမွာ မဟုတ္ပါဘူး။

(၁) လိုခ်င္တာေတြ႕တဲ့အခါ ေစ်းခ်င္းယွဥ္ၿပီး ပိုသက္သာတာကိုေ႐ြးပါ

 

ကိုယ္ဝယ္မယ့္ပစၥည္းရဲ႕ ေစ်းအေလ်ာ့အတင္း၊ အနည္းဆုံးနဲ႔ရႏိုင္မယ့္ေစ်းကို ပိုၿပီး ေလ့လာႏိုင္ဖို႔လိုပါတယ္။ ေစ်းခ်င္းယွဥ္ၿပီး ပိုသက္သာတဲ့ေစ်းကို ေ႐ြးဝယ္တာမ်ိဳးေပါ့။ လိုခ်င္လို႔ မ်က္လုံးမွိတ္ၿပီး ေစ်းမၾကည့္ဘဲဝယ္လိုက္တာမ်ိဳးထက္ အထက္ပါနည္းလမ္းအတိုင္းဝယ္ယူျခင္းကလည္း သင့္ရဲ႕အသုံးစရိတ္ကို သက္သာေစတာပါပဲ။

(၂) Second Hand သုံးလို႔ရရင္သုံးပါ

 

ကိုယ့္အတြက္ Second Hand ပစၥည္းသုံးလို႔ရတဲ့ ေနရာမ်ိဳးမွာ အသစ္ကိုေစ်းေပးၿပီးဝယ္မယ့္အစား Second Hand သာဝယ္သုံးလိုက္တာ ပိုေကာင္းပါတယ္။ အဲဒါဆို ကိုယ္လည္းအဆင္ေျပ၊ အသုံးစရိတ္လည္းသက္သာေစပါတယ္။ တခ်ိဳ႕ Second hand ေတြက အသစ္နီးပါးရွိၿပီး ေစ်းလည္း သက္သာပါတယ္။

(၃) အေႂကြးမယူပါနဲ႔

အေႂကြးကဒ္ေတြသုံးတာက သင့္ကိုလြယ္လြယ္ အေႂကြးတင္ေစပါတယ္။ အဲဒီ့အခါ လက္ထဲရွိတဲ့ေငြလည္း သုံးမိ၊ အေႂကြးကဒ္နဲ႔လည္း လြယ္လြယ္သုံးမိတာေၾကာင့္ အေႂကြးတစ္ခါထပ္တင္ေစပါတယ္။ အဲဒါေၾကာင့္ ကိုယ္လက္ထဲရွိတဲ့ေငြနဲ႔ ေခြၽတာသုံးတတ္ေအာင္က်င့္ယူပါ။ အေႂကြးလြယ္လြယ္သုံးတတ္ျခင္းကလည္း အက်င့္တစ္ခုလို ျဖစ္သြားတတ္ပါတယ္။

(၄) ကိုယ္ရွာႏိုင္တာထက္ ပိုမသုံးမိပါေစနဲ႔

လူအမ်ားၾကား ထင္ေပၚခ်င္တာ၊ လူမ်ားတန္းတူ ဝတ္ခ်င္စားခ်င္စိတ္က ကိုယ္ရွာႏိုင္တာထက္ ေက်ာ္လြန္သြားတဲ့ အသုံးစရိတ္ေတြျဖစ္လာေစပါတယ္။ ဘယ္သူ႔ကိုမွ ႏႈိင္းယွဥ္ဖို႔ မလိုဘဲ ကိုယ့္ရဲ႕ဝင္ေငြနဲ႔ ကိုယ္အသုံးစရိတ္ကိုသာ ခ်ိန္သုံးရမွာျဖစ္ပါတယ္။ အျခားသူေတြနဲ႔သင္နဲ႔က ဘဝခ်င္းမတူႏိုင္သလို၊ ဝင္ေငြခ်င္းလည္းမတူႏိုင္ပါဘူး။ အဓိကက ကိုယ္ရွာႏိုင္တာထက္ ပိုမသုံးမိဖို႔သာ အေရးႀကီးပါတယ္။

(၅) ႂကြားဝါဖို႔ထက္ ႐ိုးရွင္းစြာသာရွင္သန္ပါ

 

ကိုယ့္မွာရွိတာေလးနဲ႔ လွေအာင္ဝတ္ဆိုတဲ့စကားကို ၾကားဖူးၾကမယ္ ထင္ပါတယ္ေနာ္။ အဲဒီလို ကိုယ့္မွာရွိတာနဲ႔ အဆင္ေျပေအာင္ သုံးတတ္ျခင္းက ကိုယ့္အတြက္ အေႂကြးေၾကာင့္ ပူပန္ရတာမ်ိဳးမရွိလို႔ အင္မတန္မွ ေအးခ်မ္းပါတယ္။ အဲဒါအျပင္ ကိုယ့္ရဲ႕အသုံးစရိတ္ကို ေခြၽတာၿပီးသားလည္း ျဖစ္ေစပါတယ္။

(၆‌) အလုပ္ပိုလုပ္ႏိုင္မယ့္ အခြင့္အလမ္းကို မ်က္ေျခမျပတ္ပါေစနဲ႔

အလုပ္ပိုလုပ္ႏိုင္မွ ပိုၿပီးဝင္ေငြတိုးမွာ ျဖစ္ပါတယ္။ ဝင္ေငြပိုတိုးမွ ကိုယ့္အတြက္ ပိုၿပီး အဆင္ေျပလာမွာ ျဖစ္တဲ့အတြက္ အလုပ္လုပ္ႏိုင္မယ့္အခြင့္အေရးကို ပိုရွာပါ။ အလုပ္ဟူသမွ်ဂုဏ္ရွိစြာလို႔ ခံယူၿပီး ကိုယ့္အတြက္ ဝင္ေငြတိုးမယ္ဆိုရင္ အခ်ိန္ပိုင္းအလုပ္ေတြပဲျဖစ္ျဖစ္ ထပ္တိုးလုပ္ႏိုင္ေအာင္ႀကိဳးစားပါ။ အဲဒါကလည္း တနည္းအားျဖင့္ သင့္အသုံးစရိတ္သုံးဖို႔ အခ်ိန္မရွိေတာ့ဘဲ ဝင္ေငြသာ ပိုတိုးလာေစမွာပါ။

(၇) Brand ျဖစ္ရမွာထက္ ကိုယ္နဲ႔အဆင္ေျပရာသာ ဝယ္ပါ
ဘာ Brand ျဖစ္မွဝတ္ခ်င္တာ၊ သုံးခ်င္တာက ကိုယ့္ရဲ႕စိတ္ပါပဲ။ ကိုယ္နဲ႔အဆင္ေျပရင္ Brand မွမဟုတ္ဘဲ အဆင္ေျပမွာပါ။ တခါတေလ Brand ျဖစ္ေပမယ့္လည္း ကိုယ္နဲ႔အဆင္မေျပျဖစ္ႏိုင္တာပါပဲ။ အဲဒါေၾကာင့္ Brand ျဖစ္ဖို႔ထက္ ကိုယ္နဲ႔အဆင္ေျပ၊ ကိုယ့္ရဲ႕ဝင္ေငြနဲ႔အဆင္ေျပတဲ့အသုံးစရိတ္ျဖစ္ဖို႔သာ အေရးႀကီးပါတယ္။

လူတစ္ေယာက္ရဲ႕ဘဝတိုးတက္ဖို႔ အဓိက အခ်က္ေတြထဲမွာ ကိုယ့္ရဲ႕ဝင္ေငြကို ပိုတိုးေအာင္ႀကိဳးစားတတ္ျခင္းနဲ႔ ကိုယ့္ဝင္ေငြကို ေသခ်ာစိစစ္အသုံးခ်တတ္ျခင္းကလည္း အေရးႀကီးတဲ့အခ်က္ျဖစ္ပါတယ္။ အဲဒါေၾကာင့္ ကိုယ့္ဘဝေရရွည္တိုးတက္ဖို႔ အမွီအခိုမရွိဘဲ ႀကိဳးစားမယ္ဆိုရင္ ကိုယ့္ဝင္ေငြထက္ ပိုမသုံးဘဲ ကိုယ့္ဝင္ေငြကို ေသခ်ာသုံးစြဲတတ္ႏိုင္ဖို႔ အတတ္ႏိုင္ဆုံး ေခြၽတာႏိုင္တဲ့နည္းလမ္းေတြကို ေဖာ္ျပလိုက္ရပါတယ္။

 

 

Leave a Reply

Your email address will not be published.