Mon. May 23rd, 2022

ဆရာဝန်တွေပြောတဲ့ အရွယ်ရောက်ပြီးသူတိုင်း ထိုးဖို့လိုအပ်တဲ့ ကာကွယ်ဆေး(၉)မျိုး

မင်္ဂလာပါ။One Daily Pageမှ ကြိုဆိုပါတယ်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အဆိုအရ ကာကွယ်ဆေးတွေက တစ်နှစ်လျှင် လူအသက်‌ပေါင်း ၃ သန်းအထိ  ကယ်တင်နိုင်ပါတယ်။ ကလေးတွေအတွက်တင်မဟုတ်ဘဲ လူကြီးတွေလည်း ကာကွယ်ဆေးထိုးသင့်ပါတယ်။

ဒါ့ကြောင့် ဒီတစ်ခါမှာတော့ ကျွန်တော်တို့ပေ့ခ်ျကနေ ဆရာဝန်တွေ အကြံပြုထားတဲ့ အရွယ်ရောက်ပြီးသူတိုင်း ထိုးသင့်တဲ့ ကာကွယ်ဆေးတွေကို ပြောပြပေးသွားပါမယ်။

(၁)တုပ်ကွေးကာကွယ်ဆေး

တုပ်ကွေးဗိုင်းရပ်စ်ပိုးက  မကြာခဏပြောင်းလဲနေပြီး မည်မျှသေစေမည်ကို မည်သူမျှ ခန့်မှန်းလို့မရပါဘူး။ ဒါ့ကြောင့် ကာကွယ်ဆေး ဗားရှင်းအသစ်များကို နှစ်စဉ် တီထွင်ကြပါတယ်။  အဖြစ်များတဲ့ လက္ခဏာ‌ေတွက ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ ဖျားခြင်း၊ နှာရည်ယိုခြင်း၊ ခေါင်းကိုက်ခြင်းနှင့် မောပန်းနွမ်းနယ်ခြင်းတို့ ပါဝင်ပါတယ်။ တုပ်ကွေးက  အချို့သော ကျန်းမာရေးအခြေအနေရှိသူများ  ( ဥပမာ နာတာရှည်အဆုတ်ရောဂါ ၊  ဆီးချိုရောဂါ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၆၅ နှစ်နှင့်အထက် လူကြီးများ) အတွက် အန္တရာယ်ရှိပါတယ် ။

(၂) Human papillomavirus

HPV က အဖြစ်အများဆုံး လိင်ကတဆင့် ကူးစက်တဲ့ ရောဂါပိုးတစ်ခု ဖြစ်ပါတယ်။ သားအိမ်ခေါင်းကင်ဆာအပြင် အခြားကင်ဆာအမျိုးအစားများနှင့် လိင်အင်္ဂါကြွက်နို့များကိုပါ ဖြစ်ပေါ်စေနိုင်ပါတယ်။  လိင်မဆက်ဆံမီ အသက် 11 နှစ် 12 နှစ်အရွယ်တွင် ကာကွယ်ဆေးထိုးပါက အထိရောက်ဆုံးဖြစ်ပါတယ်။ ဒါပေမယ့် အသက်ကြီးပြီး လိင်ပိုင်းဆိုင်ရာ တက်ကြွနေတယ်ဆိုရင် ကာကွယ်ဆေး ထိုးထားသင့်ပါသေးတယ်။ HPV ကာကွယ်ဆေးကို ၆ လတာကာလအတွင်း ၃ ကြိမ် ပေးလေ့ရှိပါတယ်။

(၃)Pneumococcal

Pneumococcal ရောဂါပိုးက အဆုတ်ရောင်ခြင်း၊ ဦးနှောက်အမြှေးရောင်ရောဂါနှင့် sepsis ဖြစ်စေနိုင်ပါတယ်။ အဆိုပါရောဂါကိုကာကွယ်ဖို့ 65 နှစ်နှင့်အထက်လူများကိုကာကွယ်ဆေးထိုးဖို့ အကြံပြုထားပါတယ်။

(၄) မေးခိုင်၊ ဆုံဆို့နာ၊ ကြက်ညှာရောဂါ (Tdap၊ Td)

မေးခိုင်ရောဂါက ကြွက်သားနာကျင်ကိုက်ခဲခြင်းကိုဖြစ်စေပြီး သေစေနိုင်ပါတယ်။ ဆုံဆို့နာက  အသက်ရှူခြင်း၊ နှလုံးပြဿနာများ နှင့် လေဖြတ်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ကြက်ညှာချောင်းဆိုးက  ရက်သတ္တပတ်များစွာကြာနိုင်ပြီး ပြင်းထန်တဲ့ချောင်းဆိုးခြင်းကို ဖြစ်စေပြီး နံရိုးများပင် ကျိုးသွားနိုင်ပါတယ်။

(၅)Zoster (shingles)

Shingles ဆိုတာက နာကျင်တဲ့ အရေပြားအဖု‌ေတွ ဖြစ်ပါတယ်။ 2 ပတ်မှ 4 ပတ်အကြာမှာ ပျောက်ကင်း‌ေပမယ့်လည်း အချို့လူများအတွက်, လနှင့်နှစ်အထိကြာရှည်နိုင်ပါတယ်။  အသက်ကြီးလာတာနှင့်အမျှ ဇစ်တာနှင့် PHN ဖြစ်နိုင်ခြေ တိုးလာပါတယ်။ အသက် 50 နှင့်အထက်ဆိုလျှင် ကာကွယ်ဆေးထိုးသင့်ပါတယ်။

(၆)ရေကျောက်

ရေကျောက်က အလွန်ကူးစက်တတ်တဲ့ရောဂါဖြစ်ပါတယ်။ နောက်ဆက်တွဲပြဿနာတွေအနေနှင့် အဆုတ်ရောင်ခြင်း၊ ဦးနှောက်ပျက်စီးခြင်းနှင့် အရေပြားပိုးဝင်ခြင်းတို့ ဖြစ်နိုင်ပါတယ်။

(၇)ဝက်သက်၊ ပါးချိတ်၊ ဂျိုက်သိုး

MMR က ရောဂါ ၃ မျိုးမှ ကာကွယ်ပေးတဲ့ ကာကွယ်ဆေးဖြစ်ပါတယ်။ ဝက်သက်၊ နားပင်းခြင်း၊ ဦးနှောက်အမြှေးရောင်ခြင်းနှင့် ဦးနှောက်ရောင်ခြင်းတို့ကို ဖြစ်စေနိုင်တဲ့ ပါးချိတ်ရောင်၊ နှင့် ဂျိုက်သိုးရောဂါက အာရုံကြောများ ရောင်ရမ်းခြင်းကို ဖြစ်စေနိုင်ပါတယ်။ အရွယ်ရောက်ပြီးသူများက အနည်းဆုံး MMR ကာကွယ်ဆေးကို တစ်ကြိမ်ထိုးသင့်ပါတယ်။

(၈)Meningococcal

Meningococcal ရောဂါက  အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်ပါတယ်။ HIV ရှိသူတွေ၊ ရောဂါအဖြစ်များတဲ့ နိုင်ငံတွေကို ခရီးသွားသူတွေနဲ့ ကျောင်းဝင်းထဲမှာ နေထိုင်တဲ့ ပထမနှစ် ကောလိပ်ကျောင်းသားတွေအတွက် ကာကွယ်ဆေးထိုးဖို့ အကြံပြုထားပါတယ်။

(၉)အသည်းရောင် A နှင့် B

Hepatitis A က အသည်းရောဂါဖြစ်ပါတယ်။ရောဂါပိုးရှိတဲ့ မစင်နှင့် ထိတွေ့မိပါကလည်း  ကူးစက်နိုင်ပါတယ်။ အကယ်၍ သင့်မှာ အန္တရာယ်ရှိနိုင်တဲ့ အကြောင်းရင်းအချို့ရှိပါက အသည်းရောင်အသားဝါ A ကာကွယ်ဆေး ထိုးသင့်ပါတယ်။ ဥပမာအားဖြင့် ရောဂါအဖြစ်များတဲ့  နိုင်ငံများသို့ ခရီးသွားလျှင် ထိုးထားသင့်ပါတယ်။

ဖော်ပြပေးခဲ့တဲ့အကြောင်းအရာလေးကို သဘောကျနှစ်သက်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။နောင်လည်း ကျွန်တော်တို့ One Daily Pageမှ အကြောင်းအရာမျိုးစုံကို စိတ်ဝင်စားဖွယ်တင်ဆက်ပေးသွားမှာဖြစ်လို့ Like and Followလေးပြုလုပ်ထားသင့်ပါတယ်နော်

https://brightside.me/wonder-animals/20-cute-puppies-tha

Sources Brightside

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ Source

‌ဒါကြောင့်

One Daily Media Copyright © 2022ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

Leave a Reply

Your email address will not be published.