ကြမ်းပြင်ပေါ်မှာ အိပ်လျှင် ဘာတွေဖြစ်လာနိုင်မလဲ
မင်္ဂလာပါ။One Daily Pageမှ ကြိုဆိုပါတယ်။ဈေးကြီးဇိမ်ခံမွေ့ရာတွေထက် သင့်အိမ်က ကြမ်းပြင်က ကျန်းမာရေးအတွက် ပိုကောင်းတယ်ဆိုတာ သိပါသလား။ ကျန်းမာရေးလိုက်စားတဲ့သူဆို မွေ့ရာထက် ကြမ်းပြင်ကို ပိုကြိုက်မှာ အသေအချာပါပဲ။
ဒီတစ်ခါမှာတော့ ကျွန်တော်တို့ပေ့ခ်ျကနေ ကြမ်းပြင်ပေါ်မှာ အိပ်လျှင် ရရှိလာနိုင်မယ့် အကျိုးကျေးဇူးတွေကို ပြောပြပေးသွားပါမယ်။
(၁) သွေးလည်ပတ်မှုကောင်းပါတယ်
ကြမ်းပြင်ပေါ်မှာ အိပ်တဲ့အခါ ခန္ဓာကိုယ်အလေးချိန်ကို အညီအမျှ ခွဲဝေပေးပြီး တင်ပါး၊ ခါးကျောရိုးနှင့် ပခုံးမှာ တင်းမာမှုနည်းေစပါတယ်။ ဒါ့အပြင် ညအချိန်မှာ ခန္ဓာကိုယ်အနှံ့ သွေးများကို လွတ်လပ်စွာ လည်ပတ်နိုင်စေပြီး သင့်ကိုယ်တွင်းအင်္ဂါများကို အကောင်းဆုံးလုပ်ဆောင်နိုင်စေဖို့ ကူညီပေးနိုင်ပါတယ်။
(၂) ခန္ဓာကိုယ်ဖြောင့်တန်းနေစေပါတယ်
ကြမ်းပြင်ပေါ်မှာ အိပ်တာက ကျောရိုးနှင့် လည်ပင်းကို ချိန်ညှိပေးကာ ဖြောင့်အောင် ကူညီပေးနိုင်ပြီး ပိုမိုကောင်းမွန်တဲ့ ကိုယ်ဟန်အနေအထားကို ရရှိစေနိုင်ပါတယ်။
(၃)ခါးနာသက်သာစေပါတယ်
ခိုင်ခံ့တဲ့ မျက်နှာပြင်ပေါ်မှာ အိပ်စက်ခြင်းက သင့်ကျောရိုးကို ညီအောင်ထိန်းထားခြင်းဖြင့် သင့်ခန္ဓာကိုယ်အား ထူးဆန်းတဲ့ pretzel ပုံသဏ္ဍာန်များအဖြစ်သို့ လိမ်လည်ခြင်းကို တားဆီးပေးပါတယ်။
(၄)sciatica နာကျင်မှုကို သက်သာစေနိုင်ပါတယ်
ဒီလိုပြဿနာရှိသူေတွက နံနက်ပိုင်းမှာ မသက်မသာနှင့် နာကျင်မှုကို ပိုမိုခံစားရတဲ့အတွက်ကြောင့် sciatic အာရုံကြောနာကျင်မှုနှင့်ပတ်သက်လာလျှင် အိပ်စက်ခြင်းက ကြီးမားတဲ့အခန်းကဏ္ဍမှ ပါဝင်ပါတယ်။ ကြမ်းပြင်ပေါ်မှာ အိပ်ဖို့ ရွေးချယ်ခြင်းက သင့်ကျောရိုးကို ထိန်းထားနိုင်တဲ့အတွက်ကြောင့် ပူလောင်နာကျင်မှုကို သက်သာစေပြီး မဖြစ်အောင်ပင် ကူညီပေးပါတယ်။
(၅)ပိုပြီးအပန်းပြေစေပါတယ်
မွေ့ရာပေါ်မှာ အိပ်တာထက် ကြမ်းပြင်ပေါ်မှာ အိပ်တာက မှန်ကန်တဲ့ အိပ်စက်ခြင်းအရည်အသွေးကို ရရှိပြီး တစ်နေ့တာလုံး အနားယူခြင်းကို ခံစားရေစပါတယ်။
(၆) ဒါပေမယ့် သင့်ဓာတ်မတည့်မှုက ပိုဆိုးလာနိုင်ပါတယ်
သင့်မှာ ဓာတ်မတည့်မှု ဒါမှမဟုတ် အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာများရှိပါက အိပ်ရာပေါ်မှာ အိပ်နေခြင်းက ပိုကောင်းပါတယ်။ ကြမ်းပြင်က အခြားနေရာများထက် ဖုန်မှုန့်များ၊ အရေပြားဆဲလ်များနှင့် အညစ်အကြေးများကို စုဆောင်းထားတဲ့အတွက်ကြောင့် နှာချေခြင်း၊ နှာရည်ယိုခြင်း နီရဲခြင်း၊ မျက်လုံးနီခြင်း ယားယံခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။
ဖော်ပြပေးခဲ့တဲ့အကြောင်းအရာလေးကို သဘောကျနှစ်သက်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။နောင်လည်း ကျွန်တော်တို့ One Daily Pageမှ အကြောင်းအရာမျိုးစုံကို စိတ်ဝင်စားဖွယ်တင်ဆက်ပေးသွားမှာဖြစ်လို့ Like and Followလေးပြုလုပ်ထားသင့်ပါတယ်နော်
Sources Brightside
Written One Daily Media
One Daily Media Copyright © 2022ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။