Mon. Jun 5th, 2023

Cactusပင်လေးတွေကို ဘယ်လိုဂရုစိုက်ကြမလဲ

မင်္ဂလာပါ။One Daily Pageမှ ကြိုဆိုပါတယ်။ရှားစောင်းပင်တွေက ပုံမှန်မဟုတ်တဲ့ အသွင်အပြင်ကြောင့် အခြား အိမ်အပင်များကြားမှာ ထင်ရှားပါတယ်။ ပုံသဏ္ဍာန်နှင့် အရွယ်အစားအလိုက် ကွဲပြားကြပြီး အတွင်းခန်း‌ေတွမှာ ထားလေ့ရှိပါတယ်။

ဒီတစ်ခါမှာတော့ ကျွန်တော်တို့ပေ့ခ်ျကနေ ရှားစောင်းပင်တွေ ဂရုစိုက်နည်းကို ပြောပြပေးသွားပါမယ်။

“အလင်းရောင်”

ရှားစောင်းပက်တွေက နေရောင်ခြည်လိုအပ်ပါတယ်။ နေရောင်အောက်မှာ ပွင့်ကြပြီး သင့်အိမ်ရဲ့ အနွေးထွေးဆုံး၊ နေအသာဆုံး ထောင့်မှာ ထားသင့်ပါတယ်။ ဒါပေမယ့်အမျိုးအစားအားလုံးက နေရောင်ခြည်ကို မနှစ်သက်ကြပါဘူး။ ခရစ္စမတ်ရှားစောင်းလိုမျိုး သစ်တောရှား‌ေစာင်း‌ေတွက အပူချိန် ပူလာတဲ့အခါမှာ ပြင်းထန်တဲ့ နေရောင်ခြည်ကို သည်းမခံနိုင်ပါဘူး။

အလင်းရောင်ကို ထိတွေ့မိတဲ့အခါ စိတ်မသက်မသာဖြစ်တတ်တယ်ဆိုတာကိုလည်း သတိပြုသင့်ပါတယ်။ အပင်က အဝါရောင်ပြောင်းသွားခြင်း ဒါမှမဟုတ် အရောင်ပျက်သွားမှာဖြစ်ပြီး ရှားစောင်းကို အစားထိုးသင့်ပြီ ဖြစ်ပါတယ်။ ရှားစောင်းပင်က အလင်းရောင်ဘက်ကို ကွေးနေပါက အပင်ကို အလင်းရင်းမြစ်နှင့် ပိုမိုနီးကပ်စွာ ရွှေ့သင့်တယ်လို့ ဆိုလိုပါတယ်။

“ရေ”

မကြာခဏ ရေလောင်းဖို့ မလိုအပ်ဘဲ သဲကန္တာရမှာ ပေါက်လေ့ရှိတဲ့ ရှားစောင်းလက်ပတ်တွေလို ဖြစ်နိုင်ပါတယ်။ဒါပေမယ့် ဒါကမှားပါတယ်။ အမှန်တကယ်က မိုးခေါင်မှုကို ကျော်လွန်နိုင်စွမ်းရှိ‌ေပမယ့်လည်း ရေက အောင်မြင်ကြီးထွားမှုရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။အပတ်တိုင်း ရေလောင်းပေးသင့်ပါတယ်။ မဟုတ်ပါက အပင် အောက်ခြေနှင့် အမြစ်များ ပုပ်သွားနိုင်ပါတယ်။

အကောင်းဆုံးကတော့ အပင်ကို ရေလောင်းဖို့အတွက် ပုတ်ရေကို အသုံးမပြုသင့်ပါဘူး၊ ဘာကြောင့်လဲဆိုတော့ သူ့မှာပါတဲ့ သတ္တုဓာတ်တွေက အရွက်တွေပေါ်မှာ အနည်အနှစ်တွေ တဖြည်းဖြည်း စုပုံလာပါလိမ့်မယ်။ ဒါ့အပြင် ထိုသတ္တုဓာတ်တွေက လိုအပ်တဲ့အာဟာရဓာတ်ရရှိဖို့ လုပ်ငန်းစဉ်ကို အနှောင့်အယှက်ပေးပါတယ်။

“မြေစေး”

ရှားစောင်းအတွက်မြေဆီလွှာကောင်းပြီး ရေနုတ်မြောင်းဖြစ်ရပါမယ်။ စတိုးဆိုင်‌ေတွမှာ သင်ရနိုင်တဲ့ မြေစေးကို သဲနှင့်ရောတာက ပိုကောင်းပါတယ်။

“အစာကျွေးခြင်း”

အခြားအပင်တွေလိုမျိုး ရှားစောင်းပင်ကလည်း ပိုမိုကြီးထွားမှုအတွက် ပုံမှန်အစာကျွေးဖို့ လိုအပ်ပါတယ်။ အစာကျွေးခြင်းကို စိုစွတ်တဲ့မြေတွင်သာ ထည့်သင့်ပါတယ်။ မဟုတ်ပါက ရှားစောင်းရဲ့ အမြစ်များကို ဒုက္ခပေးနိုင်ပါတယ်။

” ပြုပြင်ခြင်း”

လတ်ဆတ်တဲ့ မြေဆီလွှာလိုအပ်တဲ့အတွက်ကြောင့် အပင် ကိုတစ်နှစ်လျှင်တစ်ကြိမ်ထက်မနည်းပြန်လည်ပြင်ဆင်သင့်ပါတယ်။ ဒါ့အပြင် ပြန်လည်ပေါင်းတင်စဉ်မှာ ရှားစောင်းရဲ့အမြစ်များ ပျက်စီးခြင်း ရှိ၊ မရှိ စစ်ဆေးနိုင်ပါတယ်။

ဖော်ပြပေးခဲ့တဲ့အကြောင်းအရာလေးကို သဘောကျနှစ်သက်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။နောင်လည်း ကျွန်တော်တို့ One Daily Pageမှ အကြောင်းအရာမျိုးစုံကို စိတ်ဝင်စားဖွယ်တင်ဆက်ပေးသွားမှာဖြစ်လို့ Like and Followလေးပြုလုပ်ထားသင့်ပါတယ်နော်

Sources5minutecrafts.site

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ Source 

‌ဒါကြောင့်

One Daily Media Copyright © 2022ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *