ခြေအိတ်နဲ့ အတွင်းခံတွေ မီးပူတိုက်ဖို့လိုသလား
မင်္ဂလာပါ။One Daily Pageမှ ကြိုဆိုပါတယ်။အဝတ်အစားတွေကို သပ်သပ်ရပ်ရပ်နဲ့ ကြည့်ကောင်းအောင် လျှော်ပေးလေ့ရှိပါတယ်။ ဒါပေမယ့် ဘယ်သူမှ မမြင်ရတဲ့ အဝတ်အစားတွေကော။ ခြေအိတ်နှင့် အတွင်းခံကို မီးပူတိုက်ဖို့ ကျွန်တော်တို့တွေ အလွန်ပျင်းနေပုံရပါတယ်။
ဒီတစ်ခါမှာတော့ ကျွန်တော်တို့ပေ့ခ်ျကနေ ခြေအိတ်နဲ့ အတွင်းခံတွေ မီးပူတိုက်ဖို့လိုသလားဆိုတာ ပြောပြပေးသွားပါမယ်။
အတွင်းခံတွေအတွက် မီးပူလိုသလား
အတွင်းခံဘောင်းဘီကို အခြောက်ခံစက်ကနေ ယူပြီးရင် ဘာဆက်လုပ်ရမယ်ဆိုတာကို ဆုံးဖြတ်ဖို့ လိုအပ်ပါတယ်။ လျှော်ဖွပ်ထားတဲ့ အဝတ်တွေက ကျွန်ေတာ်တို့ထင်သလောက် မသန့်ရှင်းပါဘူး။ အဝတ်လျှော်စက်အတွင်းမှ ဘက်တီးရီးယားတွေက စက်ဝိုင်းမှ စက်ဝန်းအထိ ရှင်သန်နိုင်ပါတယ်။ အလွန်မြင့်မားတဲ့ အပူချိန်ကသာ သူတို့ကို သေစေနိုင်ပါတယ်။ဒါ့ကြောင့် အဝတ်အစားအားလုံးကို မီးပူတိုက်ဖို့ ကျွမ်းကျင်သူတွေက အကြံပြုထားပါတယ်။
မီးပူတိုက်တာဘာကြောင့်ကောင်းတာလဲ
အဝတ်လျှော်စက်ထဲမှာ ဘက်တီးရီးယားတွေ ရှိနေပါတယ်။ ညစ်ပတ်တဲ့အဝတ်အစားတွေက ဒီပိုးမွှားတွေရဲ့ရင်းမြစ်တွေပါ။ဖုန်မှုန့်တွေ ရှိနိုင်ပါတယ်။ ဖုန်မှုန့်တွေက ဓာတ်မတည့်ခြင်းအပါအဝင် ပြဿနာအမျိုးမျိုးကို ဖြစ်ပေါ်စေနိုင်ပါတယ်။မီးပူနှင့် ရေနွေးငွေ့တွေက သူတို့ကို ဖယ်ရှားဖို့ ကူညီပေးနိုင်ပါတယ်။
မီးပူဘယ်လိုတိုက်မလဲ
အထူးသဖြင့် အမျိုးသမီးေတွအတွက် အတွင်းခံေတွကို ပါးလွှာပြီး နူးညံ့တဲ့ အထည်များဖြင့် ပြုလုပ်ထားပါတယ်။တံဆိပ်များကိုစစ်ဆေးပါ။ ချည်ထည်၊ ပိုးထည်၊ viscose နှင့် polyester တို့က သီးခြားအပူချိန်လိုအပ်ပြီး လုံးဝကွဲပြားခြားနားတဲ့ အထည်များဖြစ်ပါတယ်။ ဒါကြောင့် သူတို့ကို သတိထားရပါမယ်။အဝတ်ကို ဂရုတစိုက် မီးပူတိုက်ပါ။ အထည်ကို ကာကွယ်ဖို့ အတွင်းခံဘောင်းဘီကို အပေါ်မှ အကာအကွယ်ထည်နှင့် ဖုံးအုပ်ပါ။
ခြေအိတ်တွေအတွက်ရော မီးပူတ်ုက်ဖို့လိုသလား
အတွင်းခံကို တိုက်သင့်ပေမယ့် ခြေအိတ်အတွက် မလိုအပ်ပါဘူး။အခြောက်ခံပြီးနောက်မှာ ခြေအိတ်တွေက များသောအားဖြင့် ရှုံ့တွနေတတ်ပါတယ်။ ဒါပေမယ့် သူတို့ကို ဝတ်တဲ့အခါ ပြန့်ပါတယ်။ ခြေအိတ်အများစုမှာ အံဝင်ခွင်ကျဖြစ်စေတဲ့ ဆန့်ထုတ်ထည်များပါရှိပါတယ်။ မီးပူတိုက်လိုက်ရင် ထိုပစ္စည်းပျက်ပြယ်သွားပြီး သင်နှင့် အံဝင်ဂွင်ကျမဖြစ်တော့ပါဘူး။
နောင်လည်း ကျွန်တော်တို့ One Daily Pageမှ အကြောင်းအရာမျိုးစုံကို စိတ်ဝင်စားဖွယ်တင်ဆက်ပေးသွားမှာဖြစ်လို့ Like and Followလေးပြုလုပ်ထားသင့်ပါတယ်နော်။
Sources5minutecrafts.site
Written One Daily Media
One Daily Media Copyright © 2022ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။