Uncategorized

လကမ္ဘာကို လူသားတွေနောက်တခေါက်ခြေချဖို့ အချိန်သတ်မှတ်ပေးလိုက်တဲ့ အီလွန်မတ်ခ်

လူသားတွေ လကမ္ဘာပေါ်ကို နောက်ဆုံးအကြိမ်ခြေချခဲ့တာ ၁၉၇၂နှစ်ကပါ။ အပိုလို ၁၇မစ်ရှင်နဲ့ လူသားတွေ နောက်ဆုံးခြေချခဲ့ပြီးကတည်းက လကမ္ဘာပေါ်လူသားတွေမရောက်နိုင်တော့ဘဲ နှစ်ပေါင်း ၅၀လောက် လနဲ့ဝေးကွာနေခဲ့ပါပြီ။

ဒီအခြေအနေကို အီလွန်မတ်ခ်က ပြန်ပြောင်းလဲဖို့ကြိုးစားနေချိန်မှာ နာဆာကလည်းပူးပေါင်းပါဝင်ခဲ့ပါတယ်။ အီလွန်မတ်ခ်ရဲ့SpaceX ကို ဒေါ်လာသန်း ၃၀၀ ကနဦး ရင်းနှီးမြုပ်နှံမှု လုပ်ခဲ့တာပါ။ လူသားတွေ လကမ္ဘာကို နောက်တကြိမ်ပြန်ခြေချနိုင်ဖို့အတွက်ဖြစ်ပါတယ်။

Photo Credit

ဒုတိယသမ္မတ မိုက်ခ်ပန့်ကိုယ်တိုင်ဦးဆောင်နေတဲ့ ဒီပရိုဂရမ်ကို ၂၀၂၄ခုနှစ်မှာ နောက်ဆုံးထားသတ်မှတ်ထားပါတယ်။ ဒေါ်လာ ၂.၄ ဘီလျံအထိ စာချုပ်တန်ဖိုးရှိမှာဖြစ်တဲ့အတွက် လကမ္ဘာပေါ်လူသားတွေ ပြန်ခြေချမယ့် အစီအစဉ်ဟာ ငွေကုန်ကြေးကျအတော်များတာကိုတွေ့ရပါတယ်။

Photo Credit

သေချာမှရမှာဖြစ်တဲ့အတွက် အချိန်လိုတဲ့အပေါ် ပညာရှင်တွေက ၂၀၂၅မှသာ လွှင့်တင်ဖို့ဖြစ်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒါပေမဲ့ အီလွန်မတ်ခ်ကတော့ မဟုတ်ပါဘူး။ ၂၀၂၄ ခုနှစ်မတိုင်ခင်မှာပဲ လူသားတွေ လက္ဘာပေါ်ကို ရောက်နိုင်မယ်လို့ တွစ်တာမှာ မှတ်ချက်ပေးလိုက်ပါတယ်။

Photo Credit

လက်ရှိ လကမ္ဘာမစ်ရှင်မှာ အဓိကကြုံနေရတာက ဒုံးပျံမဟုတ်ဘဲ အာကာသယာဉ်မှူးတွေဝတ်မယ့် ဝတ်စုံပြဿနာကြောင့်ပါ။ လေယာဉ်မှူးနှစ်ယောက်စာ လပေါ်တက်မယ့်ဝတ်စုံ၊ လကမ္ဘာပေါ်နေမယ့်ဝတ်စုံ၊ ယာဉ်ပေါ်ဝတ်မယ့်ဝတ်စုံတွေကို သေချာစစ်ဆေးနေရလို့ဖြစ်ပါတယ်။

Photo Credit

အီလွန်မတ်ခ်ကတော့ ဒီပြဿနာတွေကို ဖြေရှင်းပြီးတာနဲ့ လူသားတွေကို လကမ္ဘာပေါ်နောက်တခေါက်တင်ဖို့ အဆင်ပြေပြီလို့ တွက်ထားပုံရပါတယ်။ ၂၀၂၄ မတိုင်ခင်မှာလွှင့်တင်နိုင်မယ်လို့ ယုံကြည်ထားတဲ့အတွက် လာမယ့်နှစ်အနည်းငယ်အတွင်း လပေါ်ကိုလူသားတွေရောက်တာကို ကြည့်ရှုရဖို့ရှိနေပါတယ်။

Ref:unilad

Leave a Comment