ရုပ်ရှင်များထဲမှဖြစ်ရပ်မှန် အချစ်ဇာတ်လမ်း (၉) ခု
ကျွန်ုပ်တို့ဟာ ပတ်၀န်းကျင်မှာ ဖြစ်ပေါ်နေတဲ့ စိတ်လှုပ်ရှားဖွယ်ရာနှင့် စိတ်ကူးယဉ်ဆန်သော ကိစ္စရပ်များကို သတိမပြုမိတတ်ကြပါဘူး။ ဒီဖြစ်ရပ်တွေဟာ ကျွန်ုပ်တို့ ကြိုက်နှစ်သက်ကြတဲ့ ရုပ်ရှင်ဇာတ်ဝင်ခန်းများ ဖန်တီးရာမှာ နောက်ခံဇာတ်လမ်း ကုန်ကြမ်းများလည်း ဖြစ်နေတတ်ပါတယ်။
ယခုတစ်ခါမှာတော့ အကောင်းဆုံးသော လက်တွေ့ဘဝ အချစ်ဇာတ်လမ်းများကို အခြေခံရိုက်ကူးထားပြီး အကောင်းဆုံးအချစ်ဇာတ်လမ်းများ ဖြစ်လာတဲ့ ရုပ်ရှင်များနှင့် ပုံရိပ်တချို့ကို စုစည်းဖော်ပြပေးလိုက်ပါတယ်။
1. Coco Before Chanel
သရုပ်ဆောင်များ
Audrey Tautou, Benoît Poelvoorde, Alessandro Nivola, Marie Gillain, Emmanuelle Devos.
ဒီဇာတ်ကားဟာ ဖက်ရှင်ဘုရင်မ Coco Chanel ရဲ့ နာမည်မကြီးခင်ဘဝ အချိန်ကာလအကြောင်းရိုက်ကူးထားတာ ဖြစ်ပါတယ်။ အထူးသဖြင့် Etienne Balsan နှင့် Arthur Capel တို့နှင့်သူမ၏ရှုပ်ထွေးသော အချစ်ဇာတ်လမ်းကို တင်ပြထားတာ ဖြစ်ပါတယ်။
•IMDb Rating – 6.7
2. Miss Potter
သရုပ်ဆောင်များ
Renée Zellweger, Ewan McGregor, Emily Watson, Barbara Flynn, Bill Paterson.
နာမည်ကျော် ကလေးစာရေးဆရာနှင့် အနုပညာရှင် Beatrix Potter ရဲ့ဇာတ်လမ်းဖြစ်ပါတယ်။ ထက်မြက်ပြီး လွတ်လပ်စွာ တွေးခေါ်နိုင်စွမ်းရှိသည့် သူမဟာ ၁၉ ရာစုနှောင်းပိုင်း အမျိုးသမီးအများစုပြုလုပ်လေ့ရှိသော လူမှုဘ၀လုံခြုံမှု အတွက် အိမ်ထောင်ပြုခြင်းမျိုး မပြုလုပ်ခဲ့ဘဲ Beatrix ဟာ သူမ၏ကိုယ်ပိုင်လမ်းကြောင်းဖြင့် စစ်မှန်သောချစ်ခြင်းမေတ္တာကိုသာ ရွေးချယ်ခဲ့ပါတယ်။
•IMDb Rating – 7
3. My Week with Marilyn
သရုပ်ဆောင်များ
Michelle Williams, Eddie Redmayne, Kenneth Branagh, Judi Dench, Julia Ormond.
ဂန္ဒဝင်မင်းသမီးကြီး Marilyn Monroeရဲ့ ဘဝဇာတ်ကြောင်းပဲ ဖြစ်ပါတယ်။ သူမဟာ The Prince နှင့် Showgirl တို့ကိုရိုက်ကူးရန် အင်္ဂလန်သို့ရောက်သောပြီး လက်ထောက်ဒါရိုက်တာ Colin Clark (Eddie Redmayne) နှင့်ချက်ချင်းချစ်မိသွားခဲ့ကြပါတယ်။ အဆိုပါ အချစ်ဇာတ်လမ်းရဲ့ အမှတ်တရများကို နောက်ပိုင်းမှာ Clark ရေးသားထားသည့် The Prince, the Showgirl and Me စာအုပ်မှာ ရေးသားတင်ဆက်ထပါသေးတယ်။
•IMDb Rating – 7
4. Bajirao Mastani
သရုပ်ဆောင်များ
Ranveer Singh, Priyanka Chopra, Deepika Padukone, Tanvi Azmi, Mahesh Manjrekar.
အိန္ဒိယစစ်တပ်ခေါင်းဆောင် Bajirao နှင့် Muslim မင်းသမီး Mastani တို့ရဲ့ စိတ်လှုပ်ရှားဖွယ် အချစ်ဇာတ်လမ်းဖြစ်ပါတယ်။အခြား သော ဘောလီးဝုဒ် ဇာတ်ကားများကဲ့သို့ပင် သစ္စာတရား၊ ခွင့်လွှတ်ခြင်း နှင့် ချစ်ခြင်းတရားတို့ကို ရောနှော ဖော်ပြထားပါတယ်။
•IMDb Rating – 7.2
5. Hemingway and Gellhorn
သရုပ်ဆောင်များ
Nicole Kidman, Clive Owen, David Strathairn, Rodrigo Santoro, Molly Parker, Parker Posey.
ဒီရုပ်ရှင်က တော့ နာမည်ကျော်အမေရိကန်စာရေးဆရာ Ernest Hemingway နဲ့ သူ့ရဲ့တတိယဇနီး စစ်တပ်သတင်းထောက် Martha Gellhorn တို့ကြားမှ အချစ်ဇာတ်လမ်းဖြစ်ပါတယ်။ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Nicole Kidman နှင့် Clive Owen တို့ဟာလည်း အဆိုပါ ဇာတ်ကောင်များဖြင့် ဆုများစွာအတွက် စကာတင် စာရင်းတင်သွင်းခြင်းခံခဲ့ရပါတယ်။
•IMDb Rating – 6.3
6. Frida
သရုပ်ဆောင်များ
Salma Hayek, Alfred Molina, Valeria Golino, Ashley Judd.
ဒီရုပ်ရှင်ဟာ မက္ကဆီကိုအနုပညာရှင် Frida Kahlo ရဲ့ဘဝဇာတ်ကြောင်းကိုဖော်ပြထားပါတယ်။ သူမ လူငယ်ဘဝမှာ ပြင်းထန်သောယာဉ်မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပြီးနောက် သူမဟာ ခွဲစိတ်ကုသမှုများစွာ ကိုခံခဲ့ရပါတယ်။ အိပ်ယာထဲလဲနေစဉ် Frida ဟာ ပန်းချီစတင်ဆွဲဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတေယ့ အနုပညာနှင့်နိုင်ငံရေးများကို နာမည်ကျော်ပန်းချီဆရာ Diego Rivera နှင့်အတူ ပေါင်းစပ်ဖန်တီးခဲ့ပါတယ်။
•IMDb Rating – 7.4
7. Julie Julia
သရုပ်ဆောင်များ
Meryl Streep, Amy Adams, Stanley Tucci, Chris Messina.
နာမည်ကျော်ပြင်သစ်စားဖိုမှူး Julia Child (Meryl Streep) ၏စာအုပ်မှ ဟင်းလျာ ၅၂၄ မျိုးကို Blogger Julie Powell (Amy Adams) က တစ်နှစ်အတွင်း ချက်ပြုတ်ရန်ကြိုးစားခဲ့ပါတာပါ။Julia ကိုတစ်ချိန်ကသူချစ်သော Paul ကူညီခဲ့သကဲ့သို့ သူမကိုလည်း သူမ၏ခင်ပွန်းအဲရစ်ကကူညီခဲ့ပါတယ်။
8. Freeheld
သရုပ်ဆောင်များ
Julianne Moore, Ellen Page, Michael Shannon, Steve Carell, Luke Grimes, Gabriel Luna.
ဒီဇာတ်ကားဟာ အမျိုးသမီးရဲအရာရှိ Laurel Hester နှင့် Stacie Andree ဆိုသူလူငယ်လေးတို့ရဲ့ လျှို့ဝှက်အချစ်ဇာတ်လမ်း တစ်ခုအကြောင်းဖြစ်ပါတယ်။အော်စကာဆုရှင် Julianne Moore နှင့်အော်စကာဆန်ခါတင် Ellen Page တို့ကအဓိကသရုပ်ဆောင်ထားပါတယ်။
•IMDb Rating – 6.5
9. The White Massai
Y O, [16 Sep BE 2564 17:08:15]:
သရုပ်ဆောင်များ
Nina Hoss, Jacky Ido, Katja Flint, Antonio Prester, Janek Rieke, Helen Namaso Lenamarken, Nicolas Sironka
ဆွစ်အမျိုးသမီးတစ် ဦး နှင့် Massai မျိုးနွယ်စုမှစစ်သည်တစ် ဦး တို့ရဲ့အချစ်ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ မတူကွဲပြားသောယဉ်ကျေးမှုများ၊ လူနေမှုပုံစံများနှင့်လောကအမြင်များက ချစ်သူနှစ်ဦး၏ လက်ထပ်ခြင်းကို မတားနိုင်ကြောင်း ပုံဖော်ထားပြီး မာန်မာန၊ စိတ်အားထက်သန်မှု၊ မနာလိုမှုနှင့်မေတ္တာတို့ကို ဖော်ကျူးထားပါတယ်။
•IMDb Rating – 6.5
Sources Brightside
Written One Daily Media
One Daily Media Copyright © 2022ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။