Mon. May 23rd, 2022

Unicode Version

 

(၁) ကိုယ်ဘယ်လိုနေနေ ဘာတွေပဲလုပ်လုပ် လူတိုင်းကတော့ ကိုယ့်ကိုကြိုက်နိုင်မှာမဟုတ်ဘူးဆိုတာ သိထားပါ။ ကိုယ့်ကိုမကောင်းပြောလာခဲ့ရင် တုန်လှုပ်မသွားပါနဲ့။ အဲဒါသာမန်ပါပဲ။ နောက်ပြီး လူတကာကြိုက်ဖို့ကိုလည်း ဘယ်တော့မှအားမထုတ်၊ မမျှော်လင့်ပါနဲ့။ သိပ်ပင်ပန်းရပါလိမ့်မယ်။

(၂) ကိုယ်လုပ်ပေးနိုင်တာ လုပ်ပေးပါ။ တုံ့ပြန်ဖို့မမျှော်လင့်ပါနဲ့။

(၃) လူတွေကို ပြောင်းလဲပေးတာထက် ပြောင်းလဲချင်စိတ်ရှိသူကို ကူညီပေးတာက ပိုထိရောက်ပါတယ်။

(၄) သေကွဲသော်လည်းကောင်း၊ ရှင်ကွဲသော်လည်းကောင်း အချိန်မရွေးကွဲသွားနိုင်ပါတယ်။ ဒါကိုရွေးချယ်လို့မရပါဘူး။အတူရှိနေတုန်းမှာ တစ်ယောက်နဲ့တစ်ယောက် ဘယ်လို သဘောထားဆက်ဆံကြမလဲ ဆိုတာကိုပဲ ရွေးလို့ရပါတယ်။

(၅) ဘယ်သူ့ကိုမှပုံမသွင်းပါနဲ့။ မချည်နှောင်ပါနဲ့။ လွှမ်းမိုးဖို့မကြိုးစားပါနဲ့။ အရှိအရှိအတိုင်းကိုသာ လက်ခံနိုင်အောင်ကြိုးစားပါ။

(၆) တုံ့ပြန်သင့်တယ်ထင်ရင် တစ်ခါတည်းတုံ့ပြန်ခဲ့ပါ။ ပြီးမှခံလိုက်ရလေခြင်းဆိုပြီး တနုံ့နုံ့နဲ့ခံစားမနေပါနဲ့။ နှစ်ခါရှုံးပါတယ်။

(၇) ကိုယ့်ကိုဒုက္ခပေးခဲ့ဖူးသူတွေကို ခွင့်လွှတ်ပါ။ ပိုအရေးကြီးတာက ကိုယ့်အပေါ်ကောင်းတဲ့သူတွေကို အသိအမှတ်ပြု၊ ကျေးဇူးတင်၊ ကျေးဇူးဆပ်ဖို့ ဘယ်တော့မှမမေ့ပါနဲ့။

zawgyi

Unicode Version

 

(၁) ကိုယ္ဘယ္လိုေနေန ဘာေတြပဲလုပ္လုပ္ လူတိုင္းကေတာ့ ကိုယ့္ကိုႀကိဳက္ႏိုင္မွာမဟုတ္ဘူးဆိုတာ သိထားပါ။ ကိုယ့္ကိုမေကာင္းေျပာလာခဲ့ရင္ တုန္လႈပ္မသြားပါနဲ႔။ အဲဒါသာမန္ပါပဲ။ ေနာက္ၿပီး လူတကာႀကိဳက္ဖို႔ကိုလည္း ဘယ္ေတာ့မွအားမထုတ္၊ မေမွ်ာ္လင့္ပါနဲ႔။ သိပ္ပင္ပန္းရပါလိမ့္မယ္။

(၂) ကိုယ္လုပ္ေပးႏိုင္တာ လုပ္ေပးပါ။ တုံ႔ျပန္ဖို႔မေမွ်ာ္လင့္ပါနဲ႔။

(၃) လူေတြကို ေျပာင္းလဲေပးတာထက္ ေျပာင္းလဲခ်င္စိတ္ရွိသူကို ကူညီေပးတာက ပိုထိေရာက္ပါတယ္။

(၄) ေသကြဲေသာ္လည္းေကာင္း၊ ရွင္ကြဲေသာ္လည္းေကာင္း အခ်ိန္မေ႐ြးကြဲသြားႏိုင္ပါတယ္။ ဒါကိုေ႐ြးခ်ယ္လို႔မရပါဘူး။အတူရွိေနတုန္းမွာ တစ္ေယာက္နဲ႔တစ္ေယာက္ ဘယ္လို သေဘာထားဆက္ဆံၾကမလဲ ဆိုတာကိုပဲ ေ႐ြးလို႔ရပါတယ္။

(၅) ဘယ္သူ႔ကိုမွပုံမသြင္းပါနဲ႔။ မခ်ည္ေႏွာင္ပါနဲ႔။ လႊမ္းမိုးဖို႔မႀကိဳးစားပါနဲ႔။ အရွိအရွိအတိုင္းကိုသာ လက္ခံႏိုင္ေအာင္ႀကိဳးစားပါ။

(၆) တုံ႔ျပန္သင့္တယ္ထင္ရင္ တစ္ခါတည္းတုံ႔ျပန္ခဲ့ပါ။ ၿပီးမွခံလိုက္ရေလျခင္းဆိုၿပီး တႏုံ႔ႏုံ႔နဲ႔ခံစားမေနပါနဲ႔။ ႏွစ္ခါရႈံးပါတယ္။

(၇) ကိုယ့္ကိုဒုကၡေပးခဲ့ဖူးသူေတြကို ခြင့္လႊတ္ပါ။ ပိုအေရးႀကီးတာက ကိုယ့္အေပၚေကာင္းတဲ့သူေတြကို အသိအမွတ္ျပဳ၊ ေက်းဇူးတင္၊ ေက်းဇူးဆပ္ဖို႔ ဘယ္ေတာ့မွမေမ့ပါနဲ႔။

 

 

Leave a Reply

Your email address will not be published.