Fri. May 27th, 2022

Unicode Version

 

(၁) အချိန်ကို တန်ဖိုးထားပါ

ကိုယ့်ဘဝကို အထောက်အကူ မပေးနိုင်မယ့်အရာတွေနဲ့ အချိန်ကို မဖြုန်းလိုက်ပါနဲ့။ လောကမှာ အချိန်ကို တန်ဖိုးထားကြသူတိုင်း အောင်မြင်ကြတယ်။ ချမ်းသာကြတယ်။ သောမတ်စ်အက်ဒီဆင်ဟာ လျှပ်စစ်မီးသီးတီထွင်နိုင်ဖို့အတွက် နေ့ရောညပါ အားသွန်ခွန်စိုက်နဲ့ ကြိုးစားခဲ့လို့ သူ့ရဲ့တီထွင်မှုဟာ အောင်မြင်ခဲ့ပြီး ယနေ့ထိ ချီးကျူးဂုဏ်ပြုခံနေရသူပါ။ဒါဟာ အချိန်ကို တန်ဖိုးထားခြင်းကြောင့် ရတဲ့ အကျိုးရလဒ်ပဲ ဖြစ်ပါတယ်။

(၂) Brand အသစ်တွေ ပေါ်လာတိုင်း ဝယ်ဖို့ မစဉ်းစားပါနဲ့

အသစ်ပေါ်လာတိုင်း ဝယ်မယ်ဆို မလိုလားအပ်ပဲ ဖြုန်းရာကျပါတယ်။ “ကိုယ်တကယ်လိုအပ်နေသလား။ခုလက်ရှိ သုံးနေတဲ့ပစ္စည်းက မကောင်းတော့ဘူးလား။ဒီပစ္စည်း မရှိရင် မဖြစ်ဘူးလား။ကိုယ့်အတွက်အကျိုးရှိမယ့် ပစ္စည်းမျိုးလား”စသဖြင့် မဝယ်ခင် ၃ကြိမ် စဉ်းစားပြီးမှ ဆုံးဖြတ်ပါ။ ကိုယ်လိုချင်တာကို မြင်တာနဲ့ တန်းမဝယ်ပါနဲ့။

(၃) ကြိုးစားပါ

ကမ္ဘာပေါ်တွင် အကြီးအကျယ်ကြီးပွားချမ်းသာပြီး အောင်မြင်နေကြသူများဟာ အလုပ်ကြိုးစားကြသူများ၊ဝီရိယအားကောင်းကြသူများ ဖြစ်ပါတယ်။ “ကြိုးစားက ဘုရားဖြစ်”ဆိုတဲ့ မြန်မာဆိုရိုးစကားရှိပါတယ်။ဗုဒ္ဓမြတ်စွာဘုရားသည် ဘုရားဖြစ်ရန်အတွက် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်ခဲ့ရပါတယ်။လွယ်လွယ်နဲ့မဖြစ်ပါဘူး။ တကယ်ကြိုးစားလို့သာ ဖြစ်တာပါ။

(၄) စာဖတ်ပါ

စာအုပ်များသည် ကိုယ့်ဘဝအောင်မြင်တိုးတက်ရေးအတွက် အသုံးချနိုင်တဲ့ လှေကားထစ်ပဲဖြစ်ပါတယ်။ စာဖတ်ခြင်းဖြင့် မှားသည် မှန်သည် အကောင်းအဆိုး အကြောင်းအကျိုးကို ဝေဖန်ပိုင်းခြားနိုင်ပါတယ်။ စာအုပ်တွေထဲကနေ ကိုယ်သိချင်တဲ့ အကြောင်းအရာတွေ ကိုယ်မသိသေးတဲ့ အကြောင်းအရာတွေကို သိရှိနိုင်ပါတယ်။ စာဖတ်ဆိုပင်မယ့် ဖတ်ရုံသာမဟုတ်ပဲ ဖတ်၊မှတ်၊လိုက်နာ၊ကျင့်သုံးဖို့လည်း လိုအပ်ပါတယ်။

(၅) အလုပ်ကို တန်ဖိုးထားပါ

အလုပ်ကို တန်ဖိုးထားပါ။ ဝင်ငွေလမ်းကြောင်း အများကြီးဖွင့်ထားပါ။ ရလာတဲ့ငွေကို စုပြီးရင်းနှီးမြုပ်နှံပါ။‌ငွေကို ဘဏ်ထဲ သို့မဟုတ် အိမ်ထဲမှာ အောင်းမထားပါနဲ့။ ငွေကို အသုံးချနိုင်ဖို့ အမြဲစဉ်းစားပါ။

အထက်က ဝေမျှပေးထားတဲ့အချက်တွေထဲက ကိုယ့်မှာ ဘာလိုအပ်နေသလဲ? ဘာတွေထပ်လုပ်ရမလဲ? ဘာတွေဆင်ခြင်ရမလဲ? ဆိုတာ ဆန်းစစ်ကြည့်ပြီး အောင်မြင်မှုတွေကို ရလိုက်ယူပါ။
“အားလုံးပဲ တနေ့မှာ အောင်မြင်ပြီး ချမ်းသာသူများ ဖြစ်ကြပါစေ”

 

zawgyi

Unicode Version

 

(၁) အခ်ိန္ကို တန္ဖိုးထားပါ

 

ကိုယ့္ဘဝကို အေထာက္အကူ မေပးႏိုင္မယ့္အရာေတြနဲ႔ အခ်ိန္ကို မျဖဳန္းလိုက္ပါနဲ႔။ ေလာကမွာ အခ်ိန္ကို တန္ဖိုးထားၾကသူတိုင္း ေအာင္ျမင္ၾကတယ္။ ခ်မ္းသာၾကတယ္။ ေသာမတ္စ္အက္ဒီဆင္ဟာ လွ်ပ္စစ္မီးသီးတီထြင္ႏိုင္ဖို႔အတြက္ ေန႔ေရာညပါ အားသြန္ခြန္စိုက္နဲ႔ ႀကိဳးစားခဲ့လို႔ သူ႔ရဲ႕တီထြင္မႈဟာ ေအာင္ျမင္ခဲ့ၿပီး ယေန႔ထိ ခ်ီးက်ဴးဂုဏ္ျပဳခံေနရသူပါ။ဒါဟာ အခ်ိန္ကို တန္ဖိုးထားျခင္းေၾကာင့္ ရတဲ့ အက်ိဳးရလဒ္ပဲ ျဖစ္ပါတယ္။

(၂) Brand အသစ္ေတြ ေပၚလာတိုင္း ဝယ္ဖို႔ မစဥ္းစားပါနဲ႔

 

အသစ္ေပၚလာတိုင္း ဝယ္မယ္ဆို မလိုလားအပ္ပဲ ျဖဳန္းရာက်ပါတယ္။ “ကိုယ္တကယ္လိုအပ္ေနသလား။ခုလက္ရွိ သုံးေနတဲ့ပစၥည္းက မေကာင္းေတာ့ဘူးလား။ဒီပစၥည္း မရွိရင္ မျဖစ္ဘူးလား။ကိုယ့္အတြက္အက်ိဳးရွိမယ့္ ပစၥည္းမ်ိဳးလား”စသျဖင့္ မဝယ္ခင္ ၃ႀကိမ္ စဥ္းစားၿပီးမွ ဆုံးျဖတ္ပါ။ ကိုယ္လိုခ်င္တာကို ျမင္တာနဲ႔ တန္းမဝယ္ပါနဲ႔။

(၃) ႀကိဳးစားပါ

ကမာၻေပၚတြင္ အႀကီးအက်ယ္ႀကီးပြားခ်မ္းသာၿပီး ေအာင္ျမင္ေနၾကသူမ်ားဟာ အလုပ္ႀကိဳးစားၾကသူမ်ား၊ဝီရိယအားေကာင္းၾကသူမ်ား ျဖစ္ပါတယ္။ “ႀကိဳးစားက ဘုရားျဖစ္”ဆိုတဲ့ ျမန္မာဆို႐ိုးစကားရွိပါတယ္။ဗုဒၶျမတ္စြာဘုရားသည္ ဘုရားျဖစ္ရန္အတြက္ ေလးသေခ်ၤႏွင့္ ကမာၻတစ္သိန္း ပါရမီျဖည့္ခဲ့ရပါတယ္။လြယ္လြယ္နဲ႔မျဖစ္ပါဘူး။ တကယ္ႀကိဳးစားလို႔သာ ျဖစ္တာပါ။

(၄) စာဖတ္ပါ

 

စာအုပ္မ်ားသည္ ကိုယ့္ဘဝေအာင္ျမင္တိုးတက္ေရးအတြက္ အသုံးခ်ႏိုင္တဲ့ ေလွကားထစ္ပဲျဖစ္ပါတယ္။ စာဖတ္ျခင္းျဖင့္ မွားသည္ မွန္သည္ အေကာင္းအဆိုး အေၾကာင္းအက်ိဳးကို ေဝဖန္ပိုင္းျခားႏိုင္ပါတယ္။ စာအုပ္ေတြထဲကေန ကိုယ္သိခ်င္တဲ့ အေၾကာင္းအရာေတြ ကိုယ္မသိေသးတဲ့ အေၾကာင္းအရာေတြကို သိရွိႏိုင္ပါတယ္။ စာဖတ္ဆိုပင္မယ့္ ဖတ္႐ုံသာမဟုတ္ပဲ ဖတ္၊မွတ္၊လိုက္နာ၊က်င့္သုံးဖို႔လည္း လိုအပ္ပါတယ္။

(၅) အလုပ္ကို တန္ဖိုးထားပါ

 

အလုပ္ကို တန္ဖိုးထားပါ။ ဝင္ေငြလမ္းေၾကာင္း အမ်ားႀကီးဖြင့္ထားပါ။ ရလာတဲ့ေငြကို စုၿပီးရင္းႏွီးျမဳပ္ႏွံပါ။‌ေငြကို ဘဏ္ထဲ သို႔မဟုတ္ အိမ္ထဲမွာ ေအာင္းမထားပါနဲ႔။ ေငြကို အသုံးခ်ႏိုင္ဖို႔ အၿမဲစဥ္းစားပါ။

အထက္က ေဝမွ်ေပးထားတဲ့အခ်က္ေတြထဲက ကိုယ့္မွာ ဘာလိုအပ္ေနသလဲ? ဘာေတြထပ္လုပ္ရမလဲ? ဘာေတြဆင္ျခင္ရမလဲ? ဆိုတာ ဆန္းစစ္ၾကည့္ၿပီး ေအာင္ျမင္မႈေတြကို ရလိုက္ယူပါ။
“အားလုံးပဲ တေန႔မွာ ေအာင္ျမင္ၿပီး ခ်မ္းသာသူမ်ား ျဖစ္ၾကပါေစ”

 

 

Leave a Reply

Your email address will not be published.