မေတ္တာတရား အမှန်တကယ်ရှိကြောင်း ဖော်ကျူးပြနေတဲ့ ဓာတ်ပုံ (၁၅)ပုံ
ကျွန်ုပ်တို့ ကြားနေရတဲ့ နေ့စဉ်သတင်းများဟာ အမြဲတစေ စိတ်ချမ်းသာစရာ မကောင်းလှသော်လည်း ကမ္ဘာကြီးဟာ အလွန်စိတ်ပျက်စရာကောင်းနေသည်တော့ မဟုတ်သေးပါဘူး။
စိတ်အကြည်ဓာတ်လေးများအတွက် ကြည်နူးဖွယ် အကြင်နာ ၊ မေတ္တာတရားများကို ခံစားမိစေမယ့် ပုံရိပ်အချို့ကို စုစည်းဖော်ပြပေးလိုပါတယ်။
(၁၅) မျက်ရည်များကို မကြည့်ရက်တဲ့ ကလေးငယ်
(၁၄) ငှက်မိသားစုလေးတစ်ခုရဲ့မေတ္တာ
(၁၃) ၁၉၂၅ ခုနှစ် ဇူလိုင်လတွင် New York News မှဓာတ်ပုံဆရာ Harry Warnecke ရဲ့ ကြောင်များနှင့်ကြောင်ပေါက်လေးများ လမ်းဖြတ်ကူးနိုင်ရန် ကားများရပ်ခိုင်းထားသောရဲတစ် ဦး ကို အမိအရ မှတ်တမ်းတင်ထားပုံ
(၁၂) ဆားဘီးယားနိုင်ငံ ရေကြီးမှုဖြစ်စဉ်မှာ ခွေးငယ်လေးကို ဦးခေါင်းထက်တင်၍ကယ်တင်လာခဲ့သူ
(၁၁) မိုးရေစက်များအောက်မှ အကြင်နာတရား
(၁၀) ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်တပ်များ၏ ဂျပန်ကလေးငယ်အပေါ် အကြင်နာတရား( 1945, Okina )
(၉) ကြောင်အမေတစ်ကောင်ကို အစွမ်းကုန် ကယ်တင်နေသူမီးသတ်ရဲဘော်
(၈) (၁၉၄၄) ခုနှစ်က ဂျာမန်စစ်သားတစ်ဦး၏ ဒဏ်ရာကို ကြည့်ရှူပေးနေသည့် American GI
(၇) နွမ်းပါးသော ဆယ်ကျော်သက်လေးအတွက် သူ၏ဖိနပ်ကို လက်ဆောင်ပေးနေသည့်အမျိုးသား
(၆) ၅-မိနစ်အတွင်း သူငယ်ချင်းဖြစ်သွားကြသည့် ဖြူစင်သူ ကလေးငယ်များ
(၅) ကောင်းမွန်သော အစာကွင်းဆက်တစ်ခု၏ ကွန်ယက်
(၄) မြေအောက်ရထားပေါ်မှ အမျိုးသမီးများအတွက် ပန်းများဝေမျှနေသူ အမျိုးသား
(၃) ရေလွှမ်းမိုးမှုများကြား အသက်ဘေးမှ လွတ်မြောက်လာတဲ့ ခွေးလေး
(၂) မျှဝေခြင်းဟာ မေတ္တာတရားပဲ ဖြစ်ပါတယ်
(၁) သင့်သူငယ်ချင်း အကူအညီလိုသောအခါ
Bonus
ပင်ဂွင်းငှက်များဟာ အလွန်ချစ်စရာကောင်း ကြောင်း ကျွန်ုပ်တို့အားလုံးသိပြီးဖြစ်ပါတယ် ။ ၂၀၁၁ ခုနှစ်မှာ ပင်ဂွင်းငှက်များဟာ ဆီယိုဖိတ်မှုဒဏ်ခံစားခဲ့ရပြီး ဆွယ်တာများ လိုအပ်ခဲ့တာကြောင့် ကမ္ဘာတစ်ဝှမ်းကလူများက စုပေါင်းပြီးသိုးမွှေးထိုးပေးခဲ့ကြပါတယ်။
ဒါပေမယ့် ပင်ဂွင်းငှက်များဟာ တော့ သူတို့ရဲ့သဘာဝအရ အဆိုပါ အနွေးထည်များကိုဝတ်ဆင်လေ့မရှိကြပါဘူး။အချိန်အနည်းငယ်အကြာမှာတော့ ၎င်းဆွယ်တာများကို အရုပ်ပင်ဂွင်းငှက်တွေကို ၀တ်ဆင်ပေးရာမှာ သုံးကြပြီး ရရှိလာသော ဝင်ငွေများကိုလည်း တောရိုင်းတိရိစ္ဆာန်ထိန်းသိမ်းရေးအတွက် အကူအညီပေးခဲ့ကြပါတယ် ။ ပင်ဂွင်းဖောင်ဒေးရှင်းကလည်း ၎င်းတို့၏ ပညာပေးအစီအစဉ်များတွင် ထိုဆွယ်တာ အင်္ကျီများကိုအသုံးပြုခဲ့ကြပါတယ်။
ဒီပုံလေးတွေကနေတဆင့် မေတ္တာတရားဟာ ကြီးမားကြောင်းနဲ့ အမှန်တကယ်တည်ရှိကြောင်း သင်ယုံကြည်လက်ခံသွားလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
Sources Brightside
Written One Daily Media
One Daily Media Copyright © 2022ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။