Sun. May 22nd, 2022

#Unicode Version

“အရမ်းထိမိတဲ့စာသားလေးပါ”

ပန်းတိုင်ကိုရောက်ဖို့အတွက် လူတွေရဲ့မျက်လုံးတွေကို မကြည့်ပါနဲ့။ ကိုယ်လမ်းကိုသာကြည့်ပါ။

အောင်မြင်မှုရဖို့အတွက် လူတွေရဲ့ စကားတွေကို နားထောင်မနေပါနဲ့။ ကိုယ်ဆုံးဖြတ်ချက်ကိုသာ ခိုင်ခိုင်မာမာချပါ။

ဘဝတက်လမ်းအတွက် လူတွေရဲ့ အမှုအရာတွေကို ဂရုမစိုက်ပါနဲ့။ ကိုယ်လုပ်သင့်တာကို ရဲရဲဝံ့ဝံ့လုပ်ပါ။

စကားများများ ပြောမိရင် ရူးနေလားလို့ အထင်ခံရလိမ့်မယ်။ စကားပြန်မပြောရင်လည်း မာနကြီးတယ်လို့ အထင်ခံရလိမ့်မယ်။ အမြဲတမ်းပြုံးနေရင် ပေါတောတောလို့ အထင်ခံရလိမ့်မယ်။ တည်တည်ကြည်ကြည် နေမိရင်လဲ ဘဝင်မြင့်နေတယ်လို့ အထင်ခံရလိမ့်မယ်။

ကိုယ့်ဘဝကို ကိုယ်တိုင်သိနေတာပဲလို့ သူတစ်ပါးကို မထိခိုက်ပဲ ကိုယ်အဆင်ပြေသလို နေထိုင်တတ်ဖို့က အရေးကြီးပါတယ်။

သူတစ်ပါးလဲကျနေရင် စေတနာသန့်သန့်နဲ့ ကိုယ်တတ်နိုင်သလောက် ဆွဲထူပေးလိုက်ပါ။ ကိုယ်လဲကျနေရင်တော့ ကိုယ်ကိုယ်တိုင်ပဲ ပြန်ထနိုင်အောင် ကြိုးစားပါ။ ဘာကြောင့်လဲဆိုတော့ ကိုယ့်လို စိတ်ဓာတ်မျိုးက သူတစ်ပါးဆီမှာ ရှိချင်မှရှိမှာ။

မနေ့ကဆိုတာ အတိတ်တစ်ခုပါ။ မနက်ဖြန်ဆိုတာလဲ အိပ်မက်တစ်ခုပါပဲ။ ဒီနေ့သာလျှင် ဘဝတစ်ခုလေ။ ဘဝဆိုတာ ပျော်လည်းတစ်နေ့ မပျော်လည်း တစ်နေ့ပါပဲ။

အကောင်းဆုံးဖြစ်အောင် ဘယ်လိုဖြတ်သန်း ရမှာလည်းဆိုတာ ကိုယ့်အပေါ်မှာပဲ မူတည်တယ်။

အရိုးသားဆုံး လူတစ်ယောက်မဖြစ်သေးရင်တောင် က်ိုယ့်ကိုယ်ကို မလိမ်မိပါစေနဲ့။ ယုံကြည်မှု မပျက်စေနဲ့။ ကိုယ့်အတွက် ယုံကြည်ရဆုံးက ကိုယ်တစ်ယောက်တည်းပဲရှိတယ်။

ဒါကြောင့် ကိုယ့်ကိုယ်ကို အမြဲတမ်းယုံကြည်မှုရှိပါ။ ဘယ်လိုအခက်အခဲမျိုးကိုမဆို ငါရအောင်ဖြေရှင်းနိုင်တယ်။ ငါဖြတ်ကျော်နိုင်တယ်ဆိုတဲ့ ကိုယ့်ကိုယ်ကို ယုံကြည်တဲ့စိတ်နဲ့ အမြဲရှေ့ဆက်နိုင်အောင် ကြိုးစားပါ။

“စာပေချစ်မြတ်နိုးသူ ညီငယ်၊ ညီမငယ်အားလုံး ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ လူများ ဖြစ်လာကြပါစေ”

 

zawkyi

#Unicode Version

“အရမ္းထိမိတဲ့စာသားေလးပါ”

ပန္းတိုင္ကိုေရာက္ဖို႔အတြက္ လူေတြရဲ႕မ်က္လုံးေတြကို မၾကည့္ပါနဲ႔။ ကိုယ္လမ္းကိုသာၾကည့္ပါ။

ေအာင္ျမင္မႈရဖို႔အတြက္ လူေတြရဲ႕ စကားေတြကို နားေထာင္မေနပါနဲ႔။ ကိုယ္ဆုံးျဖတ္ခ်က္ကိုသာ ခိုင္ခိုင္မာမာခ်ပါ။

ဘဝတက္လမ္းအတြက္ လူေတြရဲ႕ အမႈအရာေတြကို ဂ႐ုမစိုက္ပါနဲ႔။ ကိုယ္လုပ္သင့္တာကို ရဲရဲဝံ့ဝံ့လုပ္ပါ။

စကားမ်ားမ်ား ေျပာမိရင္ ႐ူးေနလားလို႔ အထင္ခံရလိမ့္မယ္။ စကားျပန္မေျပာရင္လည္း မာနႀကီးတယ္လို႔ အထင္ခံရလိမ့္မယ္။ အၿမဲတမ္းၿပဳံးေနရင္ ေပါေတာေတာလို႔ အထင္ခံရလိမ့္မယ္။ တည္တည္ၾကည္ၾကည္ ေနမိရင္လဲ ဘဝင္ျမင့္ေနတယ္လို႔ အထင္ခံရလိမ့္မယ္။

ကိုယ့္ဘဝကို ကိုယ္တိုင္သိေနတာပဲလို႔ သူတစ္ပါးကို မထိခိုက္ပဲ ကိုယ္အဆင္ေျပသလို ေနထိုင္တတ္ဖို႔က အေရးႀကီးပါတယ္။

သူတစ္ပါးလဲက်ေနရင္ ေစတနာသန႔္သန႔္နဲ႔ ကိုယ္တတ္ႏိုင္သေလာက္ ဆြဲထူေပးလိုက္ပါ။ ကိုယ္လဲက်ေနရင္ေတာ့ ကိုယ္ကိုယ္တိုင္ပဲ ျပန္ထႏိုင္ေအာင္ ႀကိဳးစားပါ။ ဘာေၾကာင့္လဲဆိုေတာ့ ကိုယ့္လို စိတ္ဓာတ္မ်ိဳးက သူတစ္ပါးဆီမွာ ရွိခ်င္မွရွိမွာ။

မေန႔ကဆိုတာ အတိတ္တစ္ခုပါ။ မနက္ျဖန္ဆိုတာလဲ အိပ္မက္တစ္ခုပါပဲ။ ဒီေန႔သာလွ်င္ ဘဝတစ္ခုေလ။ ဘဝဆိုတာ ေပ်ာ္လည္းတစ္ေန႔ မေပ်ာ္လည္း တစ္ေန႔ပါပဲ။

အေကာင္းဆုံးျဖစ္ေအာင္ ဘယ္လိုျဖတ္သန္း ရမွာလည္းဆိုတာ ကိုယ့္အေပၚမွာပဲ မူတည္တယ္။

အ႐ိုးသားဆုံး လူတစ္ေယာက္မျဖစ္ေသးရင္ေတာင္ က္ိုယ့္ကိုယ္ကို မလိမ္မိပါေစနဲ႔။ ယုံၾကည္မႈ မပ်က္ေစနဲ႔။ ကိုယ့္အတြက္ ယုံၾကည္ရဆုံးက ကိုယ္တစ္ေယာက္တည္းပဲရွိတယ္။

ဒါေၾကာင့္ ကိုယ့္ကိုယ္ကို အၿမဲတမ္းယုံၾကည္မႈရွိပါ။ ဘယ္လိုအခက္အခဲမ်ိဳးကိုမဆို ငါရေအာင္ေျဖရွင္းႏိုင္တယ္။ ငါျဖတ္ေက်ာ္ႏိုင္တယ္ဆိုတဲ့ ကိုယ့္ကိုယ္ကို ယုံၾကည္တဲ့စိတ္နဲ႔ အၿမဲေရွ႕ဆက္ႏိုင္ေအာင္ ႀကိဳးစားပါ။

“စာေပခ်စ္ျမတ္ႏိုးသူ ညီငယ္၊ ညီမငယ္အားလုံး ကိုယ့္ကိုယ္ကို ယုံၾကည္မႈရွိတဲ့ လူမ်ား ျဖစ္လာၾကပါေစ”

 

 

Leave a Reply

Your email address will not be published.