Sun. May 22nd, 2022

လုပ်ငန်းက ဝင်ငွေမကောင်းသလို မတိုးတက်ဘူး။ ပြိုင်ဖက်တွေက များလာတယ်။ အလုပ်မှာ အဆင်မပြေဘူး။ လစာမတိုးတာ ကြာပြီ။ တခြားသူတွေသာ ရာထူးတိုးသွားတယ်။ ငါကျတော့ မတိုးဘူး။ အလုပ်ကလူတွေနဲ့ ဆက်ဆံရတာလည်း အဆင်မပြေဘူး။ မန်နေဂျာကလည်း တော်တော်ရင့်တယ်။

နာမည်ကြီး ပစ္စည်းကောင်းကောင်းတွေ ဝယ်ချင်တယ်။ နိုင်ငံခြား ခရီးမပြောနဲ့ ပြည်တွင်းမှာတောင် မသွားနိုင်ဘူး။ စိတ်ကူးပဲ ရှိတယ်။ ပိုက်ဆံက မရှိဘူး။

အိမ်ထောင်ရေး/ အချစ်ရေး အဆင်မပြေဘူး။ ချစ်သူ အိမ်ထောင်ဘက်က သူ့ဆန္ဒကြီးပဲ။ လေ့လာသင်ယူမှုလည်း မရှိဘူး။ ပြောရင်လည်း မကြိုက်ဘူး။ ဒေါသလည်း ကြီးတယ်။ Negative ကလည်း တော်တော်များတယ်။ ပျော်စရာ မကောင်းဘူး။

လမ်းပျောက်နေသလိုဖြစ်နေတယ်။ အခုလုပ်နေတဲ့အလုပ်ကို မကြိုက်ဘူး။ ဘာလုပ်ရမလဲဆိုတာလည်း မသိဘူး။ ဘဝ အဓိပ္ပာယ်မရှိသလို ဖြစ်နေတယ်။ စိတ်မချမ်းသာဘူး။ လူတွေနဲ့လည်း ဆက်ဆံရေး အဆင်မပြေဘူး။ ငါ့ကို ဘယ်သူမှ နားမလည်ပေးကြဘူး။

ဒါပေမယ့် မေးစရာရှိတာက ဒီအတိုင်းပဲ နေသွားတော့မှာလား။ နေသွားဖို့ ဆုံးဖြတ်လိုက်ပြီလား။ အဲဒါဆိုရင်တော့ လူဖြစ်ရှုံးခြင်းလို့ပဲ သတ်မှတ်ရတော့မယ်။

သင်မှတ်ထားရမှာက အခက်အခဲတွေဆိုတာ သင်တစ်ယောက်တည်း ရှိနေတာ မဟုတ်ဘူး။ အရေးကြီးတာက ပြောင်းလဲဖို့ပဲ။ ပိုပြီးအရေးကြီးတာက သင့်မှာ ပြောင်းလဲချင်စိတ်ရှိသလားဆိုတာပဲ။ အခြေအနေတစ်ခုကို မကြိုက်ရင် ပြောင်းလဲပါ။ သင်ဟာ သစ်ပင်မဟုတ်ဘူးလို့ Jim Rohn က ပြောတယ်။

ခွေးဆိုတာက မွေးကတည်းက ခွေးပဲ။ ဘာမှ ပြောင်းလဲလို့ မရဘူး။ ကြောင်ဟာလည်း ကြောင်ပဲ။ ဘာမှပြောင်းလဲလို့ မရဘူး။

ဒါပေမယ့် သင်ကကျတော့ လူ။ လူဆိုတာ စဉ်းစားနိုင်တယ်။ သင်ယူနိုင်တယ်။ ပြောင်းလဲနိုင်တယ်။ သင်အခု အဆင်မပြေဘူးဆိုတာ သင်တွေးပုံခေါ်ပုံ လုပ်ပုံ ကိုင်ပုံတွေ လိုအပ်နေလို့ ဖြစ်နိုင်တယ်။ ဆင်ခြေတွေကို စွန့်လွှတ်ရမယ်။ အတွေးအခေါ်တွေ ပြောင်းရမယ်။ ဘယ်နေရာမှာ ငါသိဖို့ လိုနေသလဲဆိုတာကို သိအောင်လုပ်ရမယ်။

သင်လိုချင်တဲ့အရာတွေကို ရအောင် မလုပ်ရင် မလိုချင်တာတွေနဲ့ တစ်သက်လုံးနေသွားရမယ်။ အကန့်အသတ်တွေက သင့်ကို တားဆီးမှာကို လက်မခံပါနဲ့။ သာမန်ဘဝဟာ ပျော်စရာ မကောင်းဘူး။ သင် ဒီထက်မက လုပ်နိုင်ပါတယ်။ ဘယ်သူမဆို ပြောင်းလဲနိုင်တယ်။

သူ့ကိုယ်သူတင်မကပဲ ပတ်ဝန်းကျင်ကိုပါ တိုးတက်ပြောင်းလဲနိုင်စေတဲ့ လူသားတစ်ယောက် ဖြစ်နိုင်တယ်။ အဲဒါ ကျွန်တော်လက်ခံထားတဲ့ ယုံကြည်မှုဖြစ်တယ်။ အဲဒီယုံကြည်မှုကို ကျွန်တော်ဆုပ်ကိုင်ထားတယ်။

 

 

zawgyi

လုပ္ငန္းက ဝင္ေငြမေကာင္းသလို မတိုးတက္ဘူး။ ၿပိဳင္ဖက္ေတြက မ်ားလာတယ္။ အလုပ္မွာ အဆင္မေျပဘူး။ လစာမတိုးတာ ၾကာၿပီ။ တျခားသူေတြသာ ရာထူးတိုးသြားတယ္။ ငါက်ေတာ့ မတိုးဘူး။ အလုပ္ကလူေတြနဲ႔ ဆက္ဆံရတာလည္း အဆင္မေျပဘူး။ မန္ေနဂ်ာကလည္း ေတာ္ေတာ္ရင့္တယ္။

နာမည္ႀကီး ပစၥည္းေကာင္းေကာင္းေတြ ဝယ္ခ်င္တယ္။ ႏိုင္ငံျခား ခရီးမေျပာနဲ႔ ျပည္တြင္းမွာေတာင္ မသြားႏိုင္ဘူး။ စိတ္ကူးပဲ ရွိတယ္။ ပိုက္ဆံက မရွိဘူး။

အိမ္ေထာင္ေရး/ အခ်စ္ေရး အဆင္မေျပဘူး။ ခ်စ္သူ အိမ္ေထာင္ဘက္က သူ႔ဆႏၵႀကီးပဲ။ ေလ့လာသင္ယူမႈလည္း မရွိဘူး။ ေျပာရင္လည္း မႀကိဳက္ဘူး။ ေဒါသလည္း ႀကီးတယ္။ Negative ကလည္း ေတာ္ေတာ္မ်ားတယ္။ ေပ်ာ္စရာ မေကာင္းဘူး။

လမ္းေပ်ာက္ေနသလိုျဖစ္ေနတယ္။ အခုလုပ္ေနတဲ့အလုပ္ကို မႀကိဳက္ဘူး။ ဘာလုပ္ရမလဲဆိုတာလည္း မသိဘူး။ ဘဝ အဓိပၸာယ္မရွိသလို ျဖစ္ေနတယ္။ စိတ္မခ်မ္းသာဘူး။ လူေတြနဲ႔လည္း ဆက္ဆံေရး အဆင္မေျပဘူး။ ငါ့ကို ဘယ္သူမွ နားမလည္ေပးၾကဘူး။

ဒါေပမယ့္ ေမးစရာရွိတာက ဒီအတိုင္းပဲ ေနသြားေတာ့မွာလား။ ေနသြားဖို႔ ဆုံးျဖတ္လိုက္ၿပီလား။ အဲဒါဆိုရင္ေတာ့ လူျဖစ္ရႈံးျခင္းလို႔ပဲ သတ္မွတ္ရေတာ့မယ္။

သင္မွတ္ထားရမွာက အခက္အခဲေတြဆိုတာ သင္တစ္ေယာက္တည္း ရွိေနတာ မဟုတ္ဘူး။ အေရးႀကီးတာက ေျပာင္းလဲဖို႔ပဲ။ ပိုၿပီးအေရးႀကီးတာက သင့္မွာ ေျပာင္းလဲခ်င္စိတ္ရွိသလားဆိုတာပဲ။ အေျခအေနတစ္ခုကို မႀကိဳက္ရင္ ေျပာင္းလဲပါ။ သင္ဟာ သစ္ပင္မဟုတ္ဘူးလို႔ Jim Rohn က ေျပာတယ္။

ေခြးဆိုတာက ေမြးကတည္းက ေခြးပဲ။ ဘာမွ ေျပာင္းလဲလို႔ မရဘူး။ ေၾကာင္ဟာလည္း ေၾကာင္ပဲ။ ဘာမွေျပာင္းလဲလို႔ မရဘူး။

ဒါေပမယ့္ သင္ကက်ေတာ့ လူ။ လူဆိုတာ စဥ္းစားႏိုင္တယ္။ သင္ယူႏိုင္တယ္။ ေျပာင္းလဲႏိုင္တယ္။ သင္အခု အဆင္မေျပဘူးဆိုတာ သင္ေတြးပုံေခၚပုံ လုပ္ပုံ ကိုင္ပုံေတြ လိုအပ္ေနလို႔ ျဖစ္ႏိုင္တယ္။ ဆင္ေျခေတြကို စြန႔္လႊတ္ရမယ္။ အေတြးအေခၚေတြ ေျပာင္းရမယ္။ ဘယ္ေနရာမွာ ငါသိဖို႔ လိုေနသလဲဆိုတာကို သိေအာင္လုပ္ရမယ္။

သင္လိုခ်င္တဲ့အရာေတြကို ရေအာင္ မလုပ္ရင္ မလိုခ်င္တာေတြနဲ႔ တစ္သက္လုံးေနသြားရမယ္။ အကန႔္အသတ္ေတြက သင့္ကို တားဆီးမွာကို လက္မခံပါနဲ႔။ သာမန္ဘဝဟာ ေပ်ာ္စရာ မေကာင္းဘူး။ သင္ ဒီထက္မက လုပ္ႏိုင္ပါတယ္။ ဘယ္သူမဆို ေျပာင္းလဲႏိုင္တယ္။

သူ႔ကိုယ္သူတင္မကပဲ ပတ္ဝန္းက်င္ကိုပါ တိုးတက္ေျပာင္းလဲႏိုင္ေစတဲ့ လူသားတစ္ေယာက္ ျဖစ္ႏိုင္တယ္။ အဲဒါ ကြၽန္ေတာ္လက္ခံထားတဲ့ ယုံၾကည္မႈျဖစ္တယ္။ အဲဒီယုံၾကည္မႈကို ကြၽန္ေတာ္ဆုပ္ကိုင္ထားတယ္။

 

 

Leave a Reply

Your email address will not be published.