Mon. May 23rd, 2022

Unicode Version

လစာ နှစ်သိန်းရတုန်းကလည်း လကုန်ခါနီးရင် ငွေကြေး ပြတ်လပ်ပြီး အခက်ခဲကြုံရ။ အခု လစာတိုးလာပြီး တစ်လ လေးငါးသိန်းရပြန်တော့လည်း ငွေမစုမိပဲ လတိုင်း ငွေကြေးလုံးချာလည်လိုက်နေပြီဆိုရင် သေချာပါပြီ။ မိတ်ဆွေက lifestyle Inflation လို့ ခေါ်တဲ့ နေထိုင်မှုပုံစံဖောင်းပွခြင်းထဲ ရောက်နေမိလို့ပါ။ ဝင်ငွေတိုးလာတာနှင့်အမျှ အသုံးစရိတ်လိုက်တိုးလာတာကို ဆိုလိုတာပါ။

တချို့က နေထိုင်မှုပုံစံဖောင်းပွခြင်းထဲရောက်နေတာကို မိမိကိုယ်ကိုယ် သတိမထားမိကြပါဘူး။ သတိထားမိသူ တချို့ကျတော့လည်း ရုန်းထွက်ဖို့ မကြိုးစားတော့ပဲ ရလိုက် စားလိုက် ရလိုက်၊ သုံးလိုက် ကုန်လိုက်နဲ့ လစာထုတ်မယ့် ရက်ကို မျှော်နေတတ်ကြပါတယ်။

ဒါဆို နေထိုင်မှုပုံစံဖောင်းပွခြင်းဆိုတဲ့ နွံထဲကနေ ဘယ်လိုရုန်းထွက်ရမလဲ။

(1) ဝမရှိပဲ ဝိမလုပ်ပါနဲ့


မိတ်ဆွေအနေနဲ့ လစာ နှစ်သိန်းရတုန်းက လောက်အောင် သုံးနိုင်ရင် ဝင်ငွေတိုးလာတဲ့အခါ ပိုကောင်းတဲ့ဖုန်းတွေ၊ အဝတ်စားသစ်တွေ ချက်ချင်းဝယ်စရာ မလိုသေးပါဘူး။ ကိုယ်က အခုမှ လစာ လေးငါးခြောက်သိန်းလောက်ရတာ တစ်လသိန်းရာချီဝင်နေတဲ့သူတွေကို လိုက်မတုပါနဲ့။ သူတို့ကို အားကျပါ။ အတုယူပါ သူတို့လို ဝင်ငွေရအောင် ကြိုးစားပါ။ သူတို့နေသလို စားသလို လိုက်မတုပါနဲ့ဦး။

ဒါကြောင့် လူတွေအထင်ကြီးစေဖို့ သုံးနေတာကို ရပ်လိုက်ပါ။ ပစ္စည်းတစ်ခု ဝယ်ခါနီးတိုင်း ငါ့အတွက် အမှန်တကယ် လိုအပ်လား စဥ်းစားပါ။ ဒီလိုမှမဟုတ်ပဲ ရသမျှလစာ သုံးပစ်လို့ကတော့ ငွေကြေးလုံးချာလည် လိုက်နေအုံးမှာပါ။

(2) ငွေကြေးစုစောင်းတတ်သူတွေနဲ့ ပေါင်းပါ


ရသမျှပိုက်ဆံကို ကုန်အောင်သုံးတတ်သူ၊အသုံးအဖြုန်းကြီးသူတွေ၊ မိဘက ချမ်းသာလို့ ထင်တိုင်းကြဲ သုံးဖြုန်းနေသူတွေနဲ့ ပေါင်းနေရင် သင်လည်း သူတို့ကို အားကျပြီး သူတို့လို လိုက်သုံးနေမိမှာပါ။ ငွေကို စနစ်တကျ သုံးတတ်ပြီး ခြိုးခြံချွေတာ စုစောင်းတတ်သူတွေနဲ့ပေါင်းပါ။

(3) မကုန်ဆုံးနိုင်တဲ့ ဝယ်ယူမှုတွေကိုရှောင်ပါ

 

ဖုန်းတစ်လုံး၊ ကားတစ်စီးဝယ်လိုက်လို့ ပြီးသွားပြီ မထင်ပါနဲ့။ ဖုန်းတွေကားတွေ ဝယ်ယူပြီး နောက်ပိုင်း ဖုန်းအတွက် ဘေဖြည့်ရ ၊ပိုက်ဆံကုန်ရတဲ့အပြင် ဖုန်းပွတ်ပြီး အချိန်ပါ ထပ်ဖြုန်းမိနေရင်တော့ သင်နှစ်ထပ်ကွမ်း ရှုံးနေပါပြီ။

ဒီလိုပါပဲ ဇိမ်ခံကားတစ်စီးဝယ်ပြီး မောင်းဖို့ ဆီထည့်ရ ပျက်ရင် ပြင်ရနဲ့ အပိုငွေတွေ ထပ်ကုန် တတ်ပါတယ်။ ကိုယ့်အတွက် တကယ်မလိုအပ်သေးပဲ မဝယ်မိပါစေနဲ့။ဒီလိုပြောလို့ ဖုန်းကောင်းကောင်းတွေ၊ ကားကောင်းကောင်းတွေ မစီးရဘူးလား ဆိုတော့ မဟုတ်ပါဘူး။ လူ့ဘဝ အဆင်ပြေပြေနေနိုင်ဖို့ ဝယ်သုံးရမှာပါ။

လူတိုင်းက ဝင်ငွေကိုယ်စီရှိကြပါတယ်။ ရှိတဲ့ငွေကို သုံးသင့်သလောက်သုံး၊ စုစောင်းပြီး ငွေကို ပြန်လည် ရင်းနှီးမြှပ်နှံမယ်ဆိုရင် သူ့အတိုင်းတာနဲ့သူ လုပ်နိုင်ကြတဲ့သူတွေ ချည်းပါ။ သင့်ကိုယ့်သင်မှ မပြောင်းလဲချင်ရင် လကုန်ခါနီး လစာမျှော်နေရတတ်ပြီး သူများခိုင်းတာ လုပ်နေရဦးမှာပါ။

“မိတ်ဆွေများအားလုံး နေထိုင်မှုပုံစံဖောင်းပွခြင်းမှ လွတ်မြောက်နိုင်ပြပါစေ”

 

 

zawgyi

Unicode Version

လစာ ႏွစ္သိန္းရတုန္းကလည္း လကုန္ခါနီးရင္ ေငြေၾကး ျပတ္လပ္ၿပီး အခက္ခဲႀကဳံရ။ အခု လစာတိုးလာၿပီး တစ္လ ေလးငါးသိန္းရျပန္ေတာ့လည္း ေငြမစုမိပဲ လတိုင္း ေငြေၾကးလုံးခ်ာလည္လိုက္ေနၿပီဆိုရင္ ေသခ်ာပါၿပီ။ မိတ္ေဆြက lifestyle Inflation လို႔ ေခၚတဲ့ ေနထိုင္မႈပုံစံေဖာင္းပြျခင္းထဲ ေရာက္ေနမိလို႔ပါ။ ဝင္ေငြတိုးလာတာႏွင့္အမွ် အသုံးစရိတ္လိုက္တိုးလာတာကို ဆိုလိုတာပါ။

တခ်ိဳ႕က ေနထိုင္မႈပုံစံေဖာင္းပြျခင္းထဲေရာက္ေနတာကို မိမိကိုယ္ကိုယ္ သတိမထားမိၾကပါဘူး။ သတိထားမိသူ တခ်ိဳ႕က်ေတာ့လည္း ႐ုန္းထြက္ဖို႔ မႀကိဳးစားေတာ့ပဲ ရလိုက္ စားလိုက္ ရလိုက္၊ သုံးလိုက္ ကုန္လိုက္နဲ႔ လစာထုတ္မယ့္ ရက္ကို ေမွ်ာ္ေနတတ္ၾကပါတယ္။

ဒါဆို ေနထိုင္မႈပုံစံေဖာင္းပြျခင္းဆိုတဲ့ ႏြံထဲကေန ဘယ္လို႐ုန္းထြက္ရမလဲ။

(1) ဝမရွိပဲ ဝိမလုပ္ပါနဲ႔

မိတ္ေဆြအေနနဲ႔ လစာ ႏွစ္သိန္းရတုန္းက ေလာက္ေအာင္ သုံးႏိုင္ရင္ ဝင္ေငြတိုးလာတဲ့အခါ ပိုေကာင္းတဲ့ဖုန္းေတြ၊ အဝတ္စားသစ္ေတြ ခ်က္ခ်င္းဝယ္စရာ မလိုေသးပါဘူး။ ကိုယ္က အခုမွ လစာ ေလးငါးေျခာက္သိန္းေလာက္ရတာ တစ္လသိန္းရာခ်ီဝင္ေနတဲ့သူေတြကို လိုက္မတုပါနဲ႔။ သူတို႔ကို အားက်ပါ။ အတုယူပါ သူတို႔လို ဝင္ေငြရေအာင္ ႀကိဳးစားပါ။ သူတို႔ေနသလို စားသလို လိုက္မတုပါနဲ႔ဦး။

ဒါေၾကာင့္ လူေတြအထင္ႀကီးေစဖို႔ သုံးေနတာကို ရပ္လိုက္ပါ။ ပစၥည္းတစ္ခု ဝယ္ခါနီးတိုင္း ငါ့အတြက္ အမွန္တကယ္ လိုအပ္လား စဥ္းစားပါ။ ဒီလိုမွမဟုတ္ပဲ ရသမွ်လစာ သုံးပစ္လို႔ကေတာ့ ေငြေၾကးလုံးခ်ာလည္ လိုက္ေနအုံးမွာပါ။

(2) ေငြေၾကးစုေစာင္းတတ္သူေတြနဲ႔ ေပါင္းပါ

ရသမွ်ပိုက္ဆံကို ကုန္ေအာင္သုံးတတ္သူ၊အသုံးအျဖဳန္းႀကီးသူေတြ၊ မိဘက ခ်မ္းသာလို႔ ထင္တိုင္းႀကဲ သုံးျဖဳန္းေနသူေတြနဲ႔ ေပါင္းေနရင္ သင္လည္း သူတို႔ကို အားက်ၿပီး သူတို႔လို လိုက္သုံးေနမိမွာပါ။ ေငြကို စနစ္တက် သုံးတတ္ၿပီး ၿခိဳးၿခံေခြၽတာ စုေစာင္းတတ္သူေတြနဲ႔ေပါင္းပါ။

(3) မကုန္ဆုံးႏိုင္တဲ့ ဝယ္ယူမႈေတြကိုေရွာင္ပါ

 

ဖုန္းတစ္လုံး၊ ကားတစ္စီးဝယ္လိုက္လို႔ ၿပီးသြားၿပီ မထင္ပါနဲ႔။ ဖုန္းေတြကားေတြ ဝယ္ယူၿပီး ေနာက္ပိုင္း ဖုန္းအတြက္ ေဘျဖည့္ရ ၊ပိုက္ဆံကုန္ရတဲ့အျပင္ ဖုန္းပြတ္ၿပီး အခ်ိန္ပါ ထပ္ျဖဳန္းမိေနရင္ေတာ့ သင္ႏွစ္ထပ္ကြမ္း ရႈံးေနပါၿပီ။

ဒီလိုပါပဲ ဇိမ္ခံကားတစ္စီးဝယ္ၿပီး ေမာင္းဖို႔ ဆီထည့္ရ ပ်က္ရင္ ျပင္ရနဲ႔ အပိုေငြေတြ ထပ္ကုန္ တတ္ပါတယ္။ ကိုယ့္အတြက္ တကယ္မလိုအပ္ေသးပဲ မဝယ္မိပါေစနဲ႔။ဒီလိုေျပာလို႔ ဖုန္းေကာင္းေကာင္းေတြ၊ ကားေကာင္းေကာင္းေတြ မစီးရဘူးလား ဆိုေတာ့ မဟုတ္ပါဘူး။ လူ႔ဘဝ အဆင္ေျပေျပေနႏိုင္ဖို႔ ဝယ္သုံးရမွာပါ။

လူတိုင္းက ဝင္ေငြကိုယ္စီရွိၾကပါတယ္။ ရွိတဲ့ေငြကို သုံးသင့္သေလာက္သုံး၊ စုေစာင္းၿပီး ေငြကို ျပန္လည္ ရင္းႏွီးျမႇပ္ႏွံမယ္ဆိုရင္ သူ႔အတိုင္းတာနဲ႔သူ လုပ္ႏိုင္ၾကတဲ့သူေတြ ခ်ည္းပါ။ သင့္ကိုယ့္သင္မွ မေျပာင္းလဲခ်င္ရင္ လကုန္ခါနီး လစာေမွ်ာ္ေနရတတ္ၿပီး သူမ်ားခိုင္းတာ လုပ္ေနရဦးမွာပါ။

“မိတ္ေဆြမ်ားအားလုံး ေနထိုင္မႈပုံစံေဖာင္းပြျခင္းမွ လြတ္ေျမာက္ႏိုင္ျပပါေစ”

 

 

 

Leave a Reply

Your email address will not be published.