၁။ တင်စီးသူများ – သူတို့အတွက် တင်စီးတာဟာ ယုံကြည်မှုရှိတာပါ။
မာနဟာ ဘဝနေထိုင်နည်းပါ။ ဘေးနားကလူတွေထက် အမြဲသာကြောင်းပြဖို့ ကြိုးစားနေသူတွေပါ။ ဒီလူ တွေကို လိုတာထက်ပိုပြီး မပတ်သက်ပါနဲ့။
၂။ မနာလိုသူ – မနာလိုတာပါ။
သင်အောင်မြင်တာကို မကျေနပ်တာမျိုးတင် မဟုတ်ပါဘူး။ သင်အခက်အခဲ ဒုက္ခတွေဖြစ်နေတာကို ပျော်နေတာပါ။ ဒီလူ တွေရဲ့ အကျင့်ကိုက အဲ့အတိုင်းဖြစ်နေတာပါ။
၃။ ဟန် သမား – ဒီလူတွေကတော့ အေးအေးဆေးဆေး သမားတွေပါ။
ဖော်ရွေပါတယ်။ သူငယ်ချင်း အရင်းကြီးအတိုင်းပါပဲ။ ဒါပေမဲ့ သင် ဒုက္ခ ရောက်ပြီ၊ အကူအညီလိုပြီဆိုတာနဲ့ သင့်အနားက ပျောက်သွားပါပြီ၊ မရှိတော့ပါဘူး။
၄။ နောက်ပြန်သမား – သင့်တိုးတက်မှုကို ပုံဖျက်မယ့်လူတွေပါ။
မကောင်းတဲ့ ယခင်က အလေ့အကျင့်ဟောင်းတွေဆီ သင့်ကို ပြန်ဆွဲချသွားမယ့် လူတွေပါ။
၅။ မှတ်ချက်သမား – ဘယ်အရာကမှ သူတို့အတွက် မကောင်းပါဘူး။
ဘယ်လောက်ပဲလုပ်လုပ် သူတို့အတွက် ကျေနပ်စရာမဟုတ်ပါဘူး။ဘယ်လိုပုံစံ ဘယ်လိုလူမျိုးကိုဖြစ်ဖြစ် သူတို့က မကောင်းတဲ့ဘက်က မှတ်ချက်တွေပေးပြီး ဝေဖန်ပါတယ်။
၆။ ထိန်းချုပ်သူများ – သင့်ကို သူတို့အကြိုက် ထိန်းချုပ်မယ့်လူ ဖြစ်ပါတယ်။
သင့်ကိုလွှမ်းမိုးပြီး သူတို့လိုအပ်ချက်တွေကိုပဲ ဦးစားပေးလုပ်ပါလိမ့်မယ်။
၇။ အတင်း ပြောသူများ – ဒီလို လူမျိုးတွေနဲ့ သူများအကြောင်း သွားမပြောပါနဲ့။
သင့်ကွယ်ရာမှာလည်း သူတို့က သင့်အကြောင်းပြောမှာပါ။ သူတို့လာပြောလည်း အလိုက်သင့်ပြန်ပြောပြီး ဘာမှပြန်မပြောတာ အကောင်းဆုံးပါ။
၈။ တရားခံ ရှာသူများ – ဘယ်တော့မှ တာဝန်မခံသူတွေပါ။
တစ်ခုခုဖြစ်ရင်လည်း အနီးကလူကို လက်ညှိုးထိုးတတ်ပါတယ်။အဲ့ဒီအင်္ဂါရပ် တစ်ခုခုနဲ့ ငြိစွန်းနေတဲ့ သူမျိုးဆိုရင် သင်သတိထား ဆက်ဆံနိူင်ပါစေ။
မာနဟာ ဘဝေနထိုင္နည္းပါ။ ေဘးနားကလူေတြထက္ အၿမဲသာေၾကာင္းျပဖို႔ ႀကိဳးစားေနသူေတြပါ။ ဒီလူ ေတြကို လိုတာထက္ပိုၿပီး မပတ္သက္ပါနဲ႔။
၂။ မနာလိုသူ – မနာလိုတာပါ။
သင္ေအာင္ျမင္တာကို မေက်နပ္တာမ်ိဳးတင္ မဟုတ္ပါဘူး။ သင္အခက္အခဲ ဒုကၡေတြျဖစ္ေနတာကို ေပ်ာ္ေနတာပါ။ ဒီလူ ေတြရဲ႕ အက်င့္ကိုက အဲ့အတိုင္းျဖစ္ေနတာပါ။
၃။ ဟန္ သမား – ဒီလူေတြကေတာ့ ေအးေအးေဆးေဆး သမားေတြပါ။
ေဖာ္ေ႐ြပါတယ္။ သူငယ္ခ်င္း အရင္းႀကီးအတိုင္းပါပဲ။ ဒါေပမဲ့ သင္ ဒုကၡ ေရာက္ၿပီ၊ အကူအညီလိုၿပီဆိုတာနဲ႔ သင့္အနားက ေပ်ာက္သြားပါၿပီ၊ မရွိေတာ့ပါဘူး။
၄။ ေနာက္ျပန္သမား – သင့္တိုးတက္မႈကို ပုံဖ်က္မယ့္လူေတြပါ။
မေကာင္းတဲ့ ယခင္က အေလ့အက်င့္ေဟာင္းေတြဆီ သင့္ကို ျပန္ဆြဲခ်သြားမယ့္ လူေတြပါ။
၅။ မွတ္ခ်က္သမား – ဘယ္အရာကမွ သူတို႔အတြက္ မေကာင္းပါဘူး။
ဘယ္ေလာက္ပဲလုပ္လုပ္ သူတို႔အတြက္ ေက်နပ္စရာမဟုတ္ပါဘူး။ဘယ္လိုပုံစံ ဘယ္လိုလူမ်ိဳးကိုျဖစ္ျဖစ္ သူတို႔က မေကာင္းတဲ့ဘက္က မွတ္ခ်က္ေတြေပးၿပီး ေဝဖန္ပါတယ္။
၆။ ထိန္းခ်ဳပ္သူမ်ား – သင့္ကို သူတို႔အႀကိဳက္ ထိန္းခ်ဳပ္မယ့္လူ ျဖစ္ပါတယ္။
သင့္ကိုလႊမ္းမိုးၿပီး သူတို႔လိုအပ္ခ်က္ေတြကိုပဲ ဦးစားေပးလုပ္ပါလိမ့္မယ္။
၇။ အတင္း ေျပာသူမ်ား – ဒီလို လူမ်ိဳးေတြနဲ႔ သူမ်ားအေၾကာင္း သြားမေျပာပါနဲ႔။
သင့္ကြယ္ရာမွာလည္း သူတို႔က သင့္အေၾကာင္းေျပာမွာပါ။ သူတို႔လာေျပာလည္း အလိုက္သင့္ျပန္ေျပာၿပီး ဘာမွျပန္မေျပာတာ အေကာင္းဆုံးပါ။
၈။ တရားခံ ရွာသူမ်ား – ဘယ္ေတာ့မွ တာဝန္မခံသူေတြပါ။
တစ္ခုခုျဖစ္ရင္လည္း အနီးကလူကို လက္ညႇိဳးထိုးတတ္ပါတယ္။အဲ့ဒီအဂၤါရပ္ တစ္ခုခုနဲ႔ ၿငိစြန္းေနတဲ့ သူမ်ိဳးဆိုရင္ သင္သတိထား ဆက္ဆံႏိူင္ပါေစ။