Sun. May 22nd, 2022

Unicode Version

 

လူဖြစ်လာဖို့ဆိုတာ အရမ်းခက်ခဲတတ်သလို ပျောက်ကွယ်သွားဖို့ကလည်း မျက်စိတစ်မှိတ်ပါပဲ။ လူ့ဘဝကို ခဏတာအလည်ရောက်လာတဲ့ သက်တမ်းတိုတိုလေးမှာ လူဖြစ်ရတာ တန်အောင်

(၁) စိတ်ကောင်းမွေးပါ

လူတိုင်းက ဘယ်နေရာသွားသွား ဘယ်လိုဝတ်ဝတ် ထင်ပေါ်နေတတ်တာ အမှန်ပါ။ စိတ်သည် ဘဝ ဖြစ်သလို စိတ်သည် ရုပ်၏ ပြယုဂ်ပါ။ စိတ်ကောင်းမွေးခြင်းအားဖြင့် မတရားမှုတွေကို ရှောင်ရှားလာပါလိမ့်မယ်။

(၂) ဂုဏ်ပကာသနတွေ ခွာချပါ

ဂုဏ်ပကာသနဆိုတာ တကယ်တော့ အကာပါ။ အဲဒီအကာအရံတွေကပဲ ကိုယ့်ကို ပူလောင်စေတာပါ။ လူ့ဘဝဆိုတာ ရိုးရိုးရှင်းရှင်းနေတတ်သွားရင် လွတ်လပ်ခြင်းနှင့် အေးချမ်းတဲ့ဘဝမှာ ပျော်တတ်လာပါလိမ့်မယ်။

(၃) ဒေါသေတွေကို လျှော့ချပါ

ဒေါသဆိုတာ ကိုယ့်ကို လူဖြစ်ရှုံးစေမယ့် အဓိက ရန်သူပါ။ ကိုယ့်စေတနာတွေကို ပြက်ရယ်ပြုခံရလို့ ဒေါသဖြစ်ရတယ်။ ကိုယ့်ဆန္ဒတွေ ဖျက်စီးခံရလို့ ဒေါသဖြစ်ရတယ်။ ကိုယ်အကောင်းဆုံး ကြိုးစားနေပါလျက်နဲ့ အမြဲတမ်း ကျရှုံးနေလို့ ဒေါသဖြစ်ရတယ်။ ဒါတွေ အားလုံးက ကိုယ့်ကိုယ်ကို နှိပ်စက်ပြီး အကြိမ်ကြိမ် ရှုံးနိမ့်အောင် ကိုယ်ကိုယ်တိုင်ပဲ လုပ်ဆောင်နေခြင်းပါ။

(၄) လောဘကို အနားသပ်ပါ


လောဘဆိုတာ ထားသင့်တာထက် ပိုထားမိရင် မတော်လောဘ ဖြစ်လာတတ်ပြီး ကိုယ့်ကို သာမက ကိုယ်နဲ့ပတ်သက်နေတဲ့ တန်ဖိုးထားရသူတွေအပေါ် အပူကူးစက်တော့တာပါပဲ။ လောကကြီးမှာ တချို့သောအရာတွေက ကိုယ်ကြိုးစားရယူလို့ ရတတ်ပေမယ့် တချို့သောအရာတွေကတော့ ကိုယ်နဲ့ထိုက်မှ ပိုင်လာပြီး တန်လာတာမျိုးပါ။

ကောင်းတာတွေလုပ်ခဲ့ရင် ကောင်းကျိုး ခံစားရမှာဖြစ်သလို မကောင်းတာတွေအတွက်လည်း ပြစ်ဒဏ်ခံရမှာပါ။ ကိုယ်လုပ်ခဲ့တာတွေအတွက် ကိုယ်ကိုယ်တိုင်ပဲ ရင်ဆိုင် ခံစားရမှာ အမှန်တရားပါ။ဘယ်လောက်ပဲ ချမ်းသာ ချမ်းသာ၊ ပညာတွေ တတ်နေပါစေ။ လာဘ်ထိုးလို့မရတာ သေခြင်းတရားပါ။

“ကိုယ်ချစ်ရတဲ့သူတွေကို ပြန်မျှ‌ဝေဖို့မမေ့နဲ့နော်”

 

zawgyi

Unicode Version

 

လူျဖစ္လာဖို႔ဆိုတာ အရမ္းခက္ခဲတတ္သလို ေပ်ာက္ကြယ္သြားဖို႔ကလည္း မ်က္စိတစ္မွိတ္ပါပဲ။ လူ႔ဘဝကို ခဏတာအလည္ေရာက္လာတဲ့ သက္တမ္းတိုတိုေလးမွာ လူျဖစ္ရတာ တန္ေအာင္

(၁) စိတ္ေကာင္းေမြးပါ

 

လူတိုင္းက ဘယ္ေနရာသြားသြား ဘယ္လိုဝတ္ဝတ္ ထင္ေပၚေနတတ္တာ အမွန္ပါ။ စိတ္သည္ ဘဝ ျဖစ္သလို စိတ္သည္ ႐ုပ္၏ ျပယုဂ္ပါ။ စိတ္ေကာင္းေမြးျခင္းအားျဖင့္ မတရားမႈေတြကို ေရွာင္ရွားလာပါလိမ့္မယ္။

(၂) ဂုဏ္ပကာသနေတြ ခြာခ်ပါ

 

ဂုဏ္ပကာသနဆိုတာ တကယ္ေတာ့ အကာပါ။ အဲဒီအကာအရံေတြကပဲ ကိုယ့္ကို ပူေလာင္ေစတာပါ။ လူ႔ဘဝဆိုတာ ႐ိုး႐ိုးရွင္းရွင္းေနတတ္သြားရင္ လြတ္လပ္ျခင္းႏွင့္ ေအးခ်မ္းတဲ့ဘဝမွာ ေပ်ာ္တတ္လာပါလိမ့္မယ္။

(၃) ေဒါေသေတြကို ေလွ်ာ့ခ်ပါ

 

ေဒါသဆိုတာ ကိုယ့္ကို လူျဖစ္ရႈံးေစမယ့္ အဓိက ရန္သူပါ။ ကိုယ့္ေစတနာေတြကို ျပက္ရယ္ျပဳခံရလို႔ ေဒါသျဖစ္ရတယ္။ ကိုယ့္ဆႏၵေတြ ဖ်က္စီးခံရလို႔ ေဒါသျဖစ္ရတယ္။ ကိုယ္အေကာင္းဆုံး ႀကိဳးစားေနပါလ်က္နဲ႔ အၿမဲတမ္း က်ရႈံးေနလို႔ ေဒါသျဖစ္ရတယ္။ ဒါေတြ အားလုံးက ကိုယ့္ကိုယ္ကို ႏွိပ္စက္ၿပီး အႀကိမ္ႀကိမ္ ရႈံးနိမ့္ေအာင္ ကိုယ္ကိုယ္တိုင္ပဲ လုပ္ေဆာင္ေနျခင္းပါ။

(၄) ေလာဘကို အနားသပ္ပါ

ေလာဘဆိုတာ ထားသင့္တာထက္ ပိုထားမိရင္ မေတာ္ေလာဘ ျဖစ္လာတတ္ၿပီး ကိုယ့္ကို သာမက ကိုယ္နဲ႔ပတ္သက္ေနတဲ့ တန္ဖိုးထားရသူေတြအေပၚ အပူကူးစက္ေတာ့တာပါပဲ။ ေလာကႀကီးမွာ တခ်ိဳ႕ေသာအရာေတြက ကိုယ္ႀကိဳးစားရယူလို႔ ရတတ္ေပမယ့္ တခ်ိဳ႕ေသာအရာေတြကေတာ့ ကိုယ္နဲ႔ထိုက္မွ ပိုင္လာၿပီး တန္လာတာမ်ိဳးပါ။

ေကာင္းတာေတြလုပ္ခဲ့ရင္ ေကာင္းက်ိဳး ခံစားရမွာျဖစ္သလို မေကာင္းတာေတြအတြက္လည္း ျပစ္ဒဏ္ခံရမွာပါ။ ကိုယ္လုပ္ခဲ့တာေတြအတြက္ ကိုယ္ကိုယ္တိုင္ပဲ ရင္ဆိုင္ ခံစားရမွာ အမွန္တရားပါ။ဘယ္ေလာက္ပဲ ခ်မ္းသာ ခ်မ္းသာ၊ ပညာေတြ တတ္ေနပါေစ။ လာဘ္ထိုးလို႔မရတာ ေသျခင္းတရားပါ။

 

“ကိုယ္ခ်စ္ရတဲ့သူေတြကို ျပန္မွ်‌ေဝဖို႔မေမ့နဲ႔ေနာ္”

 

Leave a Reply

Your email address will not be published.