ကမ္ဘာကျော်အနုပညာရှင် (၉) ဦးရဲ့ အတုယူဖွယ် ဘဝအစခရီးကြမ်းများ
အောင်မြင်မှုလမ်းကြောင်းဟာ လွယ်ကူလေ့မရှိပါဘူး။ အခက်အခဲများ နှင့် ကျရှူံးမှုများစွာကို ကြံ့ကြံ့ခံ ဖြတ်သန်းရပါတယ်။ အိပ်မက်တွေ ခိုင်မာရပါတယ်။ အောင်မြင်နေပြီးသူ အများစုဟာလည်း အခက်အခဲကျရှူံးမှုများစွာကို ကံ ၊ ဉာဏ် လုံ့လဝီရိယ ၊ အနိုင်မခံ အရှူံးမပေး စိတ်ဓာတ်များဖြင့် ကျော်ဖြတ်လာခဲ့ရကြသူချည်းသာ ဖြစ်ပါတယ်။
အရည်အချင်းနှင့် ဆုံးဖြတ်ချက်ပြတ်သားမှုကြောင့် ကမ္ဘာတစ်ဝှမ်းတွင် လူသိများလာသော ကမ္ဘာကျော်များ၏ ဇာတ်ကြောင်းများကို စုစည်းတင်ပြပေးလိုပါတယ်။
1. Joanne Rowling
ကမ္ဘာကျော်စာရေးဆရာမတစ်ဦးဖြစ်သူ သူမရဲ့ငယ်ဘဝဟာ ကြမ်းတမ်းခဲ့ပါတယ် ။သူမဟာ သူမရဲ့ဖခင်နှင့် ဆက်ဆံရေးတင်းမာခဲ့ပြီး သူမရဲ့အမေကလည်း မကြာခဏနေမကောင်းဖြစ်တတ်ပါတယ်။ တက္ကသိုလ်မှဘွဲ့ရပြီးနောက် Joanne ဟာ နေရာကောင်းတစ်ခုရရှိရန် ကြိုးစားရပြီး အလုပ်များကိုလည်း အကြိမ်ကြိမ်ပြောင်းခဲ့ရပါတယ်။(၁၉၉၀) ပြည့်နှစ်ရဲ့ တစ်ရက်မှာတော့ သူမဟာ စာရေးသားထုတ်ဝေရန် အတွေးတစ်ခုရခဲ့ပြီး မှော်ကျောင်းတော်ကြီး တစ်ခုအကြောင်းစတင်ရေးသားခဲ့ပါတော့တယ်။ (၅) နှစ်အကြာမှာတော့ လက်စသတ်နိုင်ခဲ့ပြီး (၁၉၉၇) မှာ ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ထိုနှစ်မှာပင် တစ်နှစ်တာအကောင်းဆုံးကလေးစာပေဆုကို ရရှိခဲ့ပါတယ်။
2. Jim Carrey
Jim ဟာ ဆင်းရဲသောမိသားစုမှ ပေါက်ဖွားလာပြီး ကျောင်းတစ်ဖက်နဲ့ အလုပ်လုပ်ခဲ့ရပါတယ်။ အသက်(၁၅)နှစ်အရွယ်မှာ local stand up comedy club စင်မြင်ပေါ်မှာ စတင်ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပါဘူး။ သို့သော် Jim ဟာ လက်မလျှော့ပဲ နောက်(၂)နှစ်အကြာ ထပ်ကြိုးစားခဲ့ရာမှာတော့ အောင်မြင်ခဲ့ပါတယ်။ထို့နောက်သူဟာ LA သို့ပြောင်းရွှေ့ခဲ့ပြီး လူရွေးပွဲများစွာဝင်ပြိုင်ပြီး မည်သည့်အခန်းကဏ္ဍကနေမဆို သရုပ်ဆောင်ဖို့ ကြိုးစားခဲ့ပါတယ်။Ace-Ventura မှာတော့ အဓိကဇာတ်ကောင်နေရာမှ စတင်အောင်မြင်ခဲ့ပါတယ်။ထူးဆန်းတာကတော့ နာမည်ကျော်အများစု ငြင်းပယ်ခဲ့ကြတဲ့ အဆိုပါဇာတ်ကောင်ဟာ Jim အတွက်တော့ star တစ်ယောက်ဖြစ်လာစေခဲ့ပါတယ်။
3. Demi Moore
Demi ရဲ့အောင်မြင်မှုခရီးလမ်းကတော့ ရှည်လျားခက်ခဲ ခဲ့ပါတယ်။သူမဟာ ဆယ်ကျော်သက်အရွယ်မှာပင် မော်ဒယ်အေဂျင်စီတစ်ခုမှာ အလုပ်ဝင်ဖို့အတွက်ကျောင်းထွက်လိုက်ပါတယ်။ ထို့နောက်သူမဟာ သရုပ်ဆောင်တစ်ယောက်ဖြစ်လာရန် ဆက်လက်ကြိုးစားခဲ့ပြီး ဇာတ်ပို့အဖြစ်နှင့်ပင် များစွာသော ဇာတ်လမ်းများရိုက်ကူးခဲ့ရသော်လည်း လက်မလျှော့ခဲ့ပါဘူး။အဓိက ဇာတ်ဆောင်အဖြစ် အခွင့်အရေး စတင်ရရှိခဲ့တဲ့ Ghost ဇာတ်ကားမှာတော့ လူအများရဲ့ အသိအမှတ်ပြုခြင်းခံခဲ့ရပါတော့တယ်။
4. Jennifer Lopez
J.Lo ဟာလည်း အများနည်းတူ ခက်ခဲခဲ့ပါတယ်။
သူမရဲ့မိဘတွေဟာ မချမ်းသာပေမယ့်လည်း သမီးဖြစ်သူအတွက်ကို လိုအပ်သမျှဖြည့်ဆည်းနိုင်ဖို့ကြိုးစားခဲ့ပါတယ် ။ ငယ်စဉ်ကတည်းက ကခုန်ခြင်းနှင့်သီချင်းဆိုခြင်းကိုနှစ်သက်ခဲ့တဲ့ Jennifer ဟာ နာမည်ကြီးကျောင်းတစ်ခုမှာအကသင်တန်းတက်ခဲ့ပါတယ်။မိဘများက ခွင့်မပြုတာကြောင့် အိမ်ပေါ်ကဆင်းခဲ့ပြီး ကိုယ်ပိုင်ရပ်တည် ကြိုးစားခဲ့ရာမှ နာမည်ကြီးများစွာတို့၏ နောက်ခံအကသမား ဖြစ်လာခဲ့ပြီး ရုပ်ရှင်အများစုမှာလည်း စတင်ပါဝင်ခဲ့ရပါတယ်။နောက်ပိုင်းမှာတော့ လူသိများထင်ရှားလာခဲ့ပြီး နာမည်သရုပ်ဆောင် အဆိုတော်တစ်ဦး ဖြစ်လာပါတော့တယ်။
5. Tom cruise
Tomဟာ အခြေခံလူလတ်တန်းစား မိသားတစ်ခုမှ ဖြစ်ပြီး ကျောင်းတဖက်နှင့် မိဘအလုပ်များကိုပင် ဝိုင်းကူခဲ့ရပါတယ်။အသက်(၁၈)နှစ်အရွယ်မှာတော့ သူဟာ သရုပ်ဆောင်တစ်ဦးဖြစ်လာရန် ဆုံးဖြတ်ခဲ့ပြီး အိပ်မက်နောက်ကိုလိုက်ရန် New York မြို့သို့ရောက်ရှိလာပါတော့တယ်။ သူဟာ စပိုင်းမှာ အနုပညာကြေးမယူဘဲနဲ့တောင် တက်ကြွစွာ ကြိုးစားသရုပ်ဆောင်ခဲ့ပါတယ်။နှစ်အနည်းငယ်အကြာမှာတော့ Risky Business ဇာတ်ကားဖြင့် အဓိကဇာတ်ကောင်အဖြစ် စတင်အောင်မြင်လာပါတော့တယ်။
6. Celine Dion
သူမရဲ့ အသက် ၁၂ နှစ်မှာ သူမရဲ့ပထမဆုံး အသံသွင်းခြင်းများကို စတင်ခဲ့ပါတယ်။ တစ်ခါမှာတော့ သူမ၏အစ်ကို ဖြစ်သူ Michel ကထုတ်လုပ်သူတစ်ဦး၏ ကြော်ငြာတစ်ခုကိုတွေ့လိုက်ရပြီး Celine အသံသွင်းထားသောဖိုင်ကို ကို ပို့လိုက်ပါတယ်။မန်နေဂျာဟာ သူမရဲ့အသံကိုအလွန်နှစ်သက်သွားပြီး သူမကိုကြယ်တစ်ပွင့်အဖြစ် တောက်ပလာစေရန် စတင်ဆုံးဖြတ်လိုက်ပါတော့တယ်။။ ဒါကပဲ Celine ရဲ့ ဂီတအနုပညာလောကထဲ ရောက်ရှိခဲ့ရာ အစဖြစ်ခဲ့ပါတယ်။
7. Daniel Craig
ကမ္ဘာကျော် ဗြိတိန်မင်းသားကြီးတစ်ဦးဖြစ်သူ Daniel Craig ဟာ ငယ်စဉ်ကတည်းကပင် သရုပ်တစ်ယောက် ဖြစ်လာရန် ရည်ရွယ်ထားခဲ့ကြောင်း အများစုကတော့မသိခဲ့ကြပါဘူး။အသက်(၆) နှစ် အရွယ်ကပင် ပြဇာတ်အချို့မှာ ပါဝင်ခဲ့ဖူးပြီး သရုပ်ဆောင်ကောလိပ်မှ ဘွဲ့ရပြီးနောက်မှာတော့ ရုပ်ရှင်အချို့ စတင်ရိုက်ကူးခဲ့ပြီး အောင်မြင်အနည်းငယ် စတင်ရရှိလာပါတယ်။နှစ်အနည်းငယ်အတွင်းမှာပဲ သူဟာ Lara Croft: Tomb Raider ၌ လူကြမ်းတစ်ယောက်အဖြစ်နေရာရခဲ့ပြီး ထိုအချိန်မှစ၍ သူ အနုပညာလမ်းကြောင်းဟာ တဟုန်ထိုးမြင့်တက်လာခဲ့ပါတယ်။
8. Jennifer Aniston
သရုပ်ဆောင်တစ်ဦးမဖြစ်လာခင် သူမဟာ စာပို့သမား၊ စားပွဲထိုးနှင့် Broadway ဖျော်ဖြေပွဲများစွာမှာ ပါဝင်ခဲ့ဖူးပါတယ်။သူမရဲ့ပထမဆုံး တီဗွီအစီအစဉ်ကို တော့ (၁၉၉၀) မှာစတင်ခဲ့ပါတယ်။ သူမဘ၀ရဲ့ အချိုးအကွေ့တစ်ခုဖြစ်တဲ့ Friends မှာ အဓိကဇာတ်ဆောင်အဖြစ် ရွေးချယ်ခံရခြင်းမတိုင်မှီ သူမဟာ အနုပညာလောကမှ ထွက်ခွာဖို့ပင် စဉ်းစားနေချိန်ဖြစ်ခဲ့ပါတယ်။
9. Oprah Winfrey
သူမရဲ့ ငယ်ဘဝဟာလည်း ချို့တဲ့ခဲ့ပြီး ကစားစရာ အရုပ်ပင်မရှိခဲ့ရှာပါဘူး။ သို့သော်သူမဟာ အသက် ၁၇ နှစ်အရွယ် လူထုစကားပြောပြိုင်ပွဲမှာ အနိုင်ရခဲ့ပြီးနောက် တက္ကသိုလ်မှာပညာသင်ဖို့ထောက်ပံ့ကြေးရခဲ့ပါတယ်။ ထို့နောက် သတင်းအစီအစဉ်တစ်ခုတွင်တွဲဖက်တင်ဆက်သူအဖြစ် အလုပ်လုပ်ခဲ့ပြီး အသက် ၂၉ နှစ်မှာတော့ အဆင့်နိမ့် နံနက်ခင်း talk-show အစီအစဉ်တစ်ခုမှာ အလုပ်ခန့်ခံခဲ့ရပါတယ် ။တစ်လအကြာမှာပဲ အကျော်ကြားဆုံး talk show တစ်ခုဖြစ်လာခဲ့ပြီး မကြာမီမှာပဲ ယင်းအစီအစဉ်ကို The Oprah Winfrey Show ဟုအမည်ပြောင်းခဲ့ပါတယ်။
Sources Brightside
Written One Daily Media
One Daily Media Copyright © 2022ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။