Uncategorized

အရက်သောက်ချင်အောင် ဘားကမြူစွယ်ခဲ့တာလို့ တရားစွဲခဲ့တဲ့အမျိုးသား၊ ဒေါ်လာ ၅.၅သန်း အနိုင်ရ

ဆိုင်ထဲမှာမူးလာလို့ တယောက်နဲ့တယောက်ချကြရင် ဘယ်သူကွဲကွဲ ကိုယ့်ကိစ္စကိုယ်ရှင်းရမှာပါ။ ဆိုင်ရှင်နဲ့အနေသာကြီးဖြစ်သလို ပွဲပြီးသွားရင် အပျက်အစီးဖိုးလျော်ကြေးကို အေးဆေးတောင်းလို့ရပါတယ်။ ဒါပေမဲ့ ဒန်နီရယ်ရော ဆိုတဲ့အမျိုးသားကတော့ သူများနဲ့မတူခဲ့ပါဘူး။

၂၀၁၉၊ မေလ၂၁ရက်နေ့မှာ ဒန်နီရယ်ရောဟာ မျက်နှာမှာဖူးယောင်နေအောင် ထိုးကြိတ်ခံရပါတယ်။ လာဖိုဂါတာဆိုတဲ့ မက္ကဆီကန်နာမည်ကြီးဘားတခုရဲ့အထွက် ကားပါကင်ပေါက်ဝမှာ ရောဘတ်ဟင်နရစ်ခ်ဆန်ဆိုတဲ့ အမျိုးသားက ကြိတ်ခဲ့တာဖြစ်ပါတယ်။

Photo Credit

ဘာအကြောင်းနဲ့ထိုးကြိတ်ခဲ့လဲမသိပေမဲ့ ဒန်နီရယ်ရောဟာ အမူးလွန်နေခဲ့ပုံပေါ်ပါတယ်။ စုတ်ပျက်နေအောင်အထိုးခံရတဲ့အပြင် ကြမ်းနဲ့ပါပွတ်ဆွဲခံရတာကြောင့်သူအခုလိုဖြစ်ရတဲ့အပေါ် နာမည်ကြီး ဉပဒေအကျိုးဆောင်လုပ်ငန်းတခုကို ငှားလိုက်ပြီး၊ ဘားကို တရားစွဲဖို့ ပြင်လိုက်ပါတယ်။

Photo Credit

အခုလိုထိုးခံရတာ အရက်သောက်ချင်အောင်ဘားကမြူစွယ်ခဲ့လို့ဆိုပြီးတော့ပါ။ ကြားရတာနည်းနည်းဆန်းပေမဲ့ ၂၀၂၁ခုနှစ်၊ ဩဂုတ်လ ၁၂ရက်နေ့မှာ ဒန်နီရယ်ရောဟာ လျော်ကြေးငွေ ဒေါ်လာ ၅.၅သန်းကို ငါးရစ်ခွဲနဲ့ရစေအမိန့်ကိုလက်ခံရပြီး၊ တရားနိုင်ခဲ့ပါတယ်။

Photo Credit

နိုင်ခဲ့ရတဲ့အကြောင်းက လာဖိုဂါတာဘားရဲ့ ဘာတနာဟာ ဒန်နီရယ်နဲ့ ရောဘတ်ဟင်နစ်ခ်ဆန် နှစ်ယောက်လုံးကို ရှေ့ဆင့်နောက်ဆင့် အရက်ရောင်းခဲ့တာကြောင့်ဆိုတဲ့ အကြောင်းပြချက်နဲ့ဖြစ်ပါတယ်။ ဘာတနာရဲ့အပြစ်အတွက် ပိုင်ရှင်ကတာဝန်ယူလျော်ကြေးပေးရမှာပါ။

Photo Credit

လာဖိုဂါတာဟာ နာမည်ကြီးမက္ကဆီကိုဘားတခုဖြစ်ပြီး၊ ဆိုင်ခွဲတွေအများအပြားကမ္ဘာအနှံ့ဖွင့်လှစ်ထားပါတယ်။ ပုံမှန်ဆိုဖောက်သည်ကို တယောက်ချင်းစီရှယ်စပ်ပေးရမှာဖြစ်ပေမဲ့ အတူတူအရက်စပ်ပေးလိုက်တာက ကားပါကင်မှာနှစ်ယောက်သွားဆုံအောင် အခွင့်အရေးဖန်တီးပေးလိုက်သလိုဖြစ်သွားလို့ပါ။

Photo Credit

အဲဒီအချက်ကိုကိုင်ပြီး၊ ဘားကအတင်းရောင်းလို့ သောက်ခဲ့ရ၊ အဲဒီကနေမှမူး၊ အတူတူဆုံ၊ အထိုးခံရဆိုတဲ့အဆင့်အဆင့်နဲ့ တရားစွဲနိုင်ခဲ့တာဖြစ်ပါတယ်။ ပိုဆိုးသွားတဲ့အချက်က ထိုးကြိတ်ခံရထားရတဲ့ ဒန်နီရယ်ရောကို ဘားဆိုင်ဖက်က လူနာတင်ကားလည်းမခေါ်ပေးခဲ့တာကြောင့်လို့ သိရပါတယ်။

Ref:Ladbible

Leave a Comment