ဟောလိဝုဒ်မင်းသား (၁၂) ယောက်တို့ရဲ့ စိတ်ဝင်စားဖွယ် လက်တွေ့ဘဝ နေထိုင်ပုံများ
ရုပ်ရှင်များဟာ မယုံနိုင်လောက်အောင်ဆွဲဆောင်မှုရှိသော သူရဲကောင်းများနှင့် ပြည့်နှက်နေပါတယ်။ ၎င်းတို့အနက် အများစုဟာ အမျိုးသားနှင့်အမျိုးသမီးများ၏ နှစ်ပေါင်းများစွာအာရုံစိုက်ခံလာကြရပါတယ် ။ ဖန်သားပြင်ပေါ်က သူတို့ရဲ့စရိုက်တွေဟာ ဒီသရုပ်ဆောင်တွေရဲ့ တကယ့် ပြင်ပဘဝ ကိုယ်ရည်ကိုယ်သွေးနဲ့ များစွာ ကွာခြားလေ့မရှိပါဘူး။
ထို့ကြောင့် ဒီတစ်ခါမှာတော့ ဟောလိဝုဒ်မင်းသားများစွာ၏ ဇာတ်ကောင်များနှင့် သူတို့၏ လက်တွေ့ဘဝ နေထိုင်ပုံစရိုက်များကို နှိုင်းယှဉ်တင်ပြပေးလိုက်ပါတယ်။
1. Jason Momoa
အမေရိကန်လူမျိုး သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ Jason Momoa ကို ခက်ထန်သော မျက်နှာထား ဇာတ်ကောင် အဖြစ် Games of Thrones , Aquaman ဇာတ်ကားများမှာ တွေ့ရလေ့ရှိပါတယ်။
လက်တွေ့ဘဝမှာတော့ Jason ဟာ ဇာတ်ကောင်နှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး အမြဲလို ပြုံးနေလေ့ရှိသူဖြစ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်များကလည်း ချစ်ခင်ကြပြီး အထူးသဖြင့် မိသားစုအပေါ် အလွန်ချစ်မြတ်နိုးတတ်သူဖြစ်ကြောင်း ဇနီးဖြစ်သူ၏ Instagram မှာ ကြည်နူးဖွယ်တွေ့ရနိုင်ပါတယ်။
2. Jamie Dornan
Fifty Shades of Grey ဇာတ်ကားဖြင့် အမျိုးသမီးပရိတ်သတ်အများစု သိကြတဲ့ မင်းသား Jamie ဟာ လူမှုကွန်ယက်များ သုံးလေ့မရှိဘဲ ပြင်ပဘဝကို သိုသိုသိပ်သိပ်နေထိုင်လေ့ရှိပါတယ်။ ထိုကိစ္စကို Jamie က ” ထင်ပေါ်အောင်နေလေ လူမုန်းများလေပဲ ” လို့ ရှင်းပြပါတယ်။
Jamie ဟာ Hugo Boss, Dior နှင့် Calvin Klein ကဲ့သို့ ကုမ္ပဏီများအတွက် ကြော်ငြာများတွင်လည်း မကြာခဏတွေ့ရလေ့ရှိပါတယ်။သို့ပေမယ့် အားလပ်ချိန်တွေကို သူ့ကလေးတွေနဲ့အတူရှိပေးခြင်း ၊ ဂေါက်ကစားခြင်းတို့နဲ့ ကုန်ဆုံးလေ့ရှိပါတယ် ။ သူ့အတွက် အပျော်ဆုံးက မိဘဖြစ်ရတာပဲလို့ ပြောပါတယ်။
3. Tom Hardy
Tom Hardy ဟာ အပေါ်ယံကြည့်လျှင် အမြဲတစေ အန္တရာယ်နှင့်ဒုက္ခများကြား ပူလောင်နေသောသူ တစ်ယောက်နဲ့ တူပါတယ်။
သို့သော် Tom နဲ့ Leonardo DiCaprio တို့ဟာသူငယ်ချင်းများ ဖြစ်ကြပြီး သူတို့ဟာ အမြဲလိုရယ်စရာ လောင်းကြေးများ ၊ ရယ်စရာများ လုပ်လေ့ရှိပါတယ်။ထို့အပြင်သူဟာ ခွေးလေးများနှင့် စက်ဘီးများကို အလွန်ချစ်တတ်သူတစ်ယောက်လည်း ဖြစ်ပါတယ်။
4. Jude Law
Jude Law ၏ ဆွဲဆောင်မှုများကို သူပုပ်ရဟန်းမင်းကြီးအဖြစ် သရုပ်ဆောင်ခဲ့တဲ့ The Young Pope ဇာတ်ကားမှာ မြင်တွေ့ရမှာပါ။သူဟာ အသက် (၄၆) နှစ်ရှိပြီဖြစ်ပြီး ရုပ်ရှင်ဖန်သားပြင်၊ တီဗီဇာတ်လမ်းတွဲများမှာ အမျိုးသမီး ပရိတ်သတ်များ၏အာရုံကို ဖမ်းစားနေဆဲပဲ ဖြစ်ပါတယ်။
လက်တွေ့ဘဝမှာလည်း သူဟာ မတူညီတဲ့ အိမ်ထောင်တွေကနေ ကလေး ၅ ယောက်ရှိပါတယ် ။ သူကဘွဲ့မရသေးဘဲ အချိန်ပြည့် အလုပ်လုပ်နေတာ ဖြစ်ပါတယ် ။သူဟာ ခေတ်ဆန်စွာ ဝတ်ဆင်လေ့ရှိပြီး အမျိုးသမီးများ၏ အသည်းနှလုံးကို ဖမ်းစားနိုင်သူပဲဖြစ်ပါတယ်။
5. Jake Gyllenhaal
သူ့ကိုတော့ ဟောလီးဝုဒ်စတားများ အကြား အချောဆုံးအမျိုးသားဟုပင် ပြောဆိုလေ့ရှိကြပါတယ်။သူဟာ အသက် ၃၈ နှစ်ရှိပြီဖြစ်ပြီး သူအိမ်ထောင်မရှိ သားသမီးမရှိသူလည်း ဖြစ်ပါတယ်။
မကြာသေးမီက သူဟာ သမီးငယ်လေးကိုကြည့်ပြီး လှပသောဇနီးကိုပွေ့ဖက်ထားသည့် ဖခင်တစ်ယောက် အဖြစ်သရုပ်ဆောင်ရသည့် Calvin Klein ကြော်ငြာတစ်ခုကို ရိုက်ကူးခဲ့ပါတယ်။အဆိုပါကြော်ငြာကို ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့သော်လည်း လက်တွေ့မှာတော့ သူလက်ထပ်လိုတဲ့ မိန်းကလေးမျိုး ဘာကြောင့် ရှာမတွေ့သေးလဲဆိုတာကို နားမလည်နိုင်ကြပါဘူး။
6. Tom Hiddleston
Tom Hiddleston သည်ရုပ်ရှင်လောက၏ ဆွဲဆောင်မှု အရှိဆုံး မင်းသားဟု အကြိမ်ကြိမ် သတ်မှတ်ခြင်းခံရသူ ဖြစ်ပါတယ်။လွန်ခဲ့သော နှစ်အနည်းငယ်က နာမည်ကျော်အဆိုတော် တေလာဆွစ်ဖ်နှင့် အချစ်ရေး အဆုံးသတ်ခဲ့ပြီးချိန်မှ စ၍ သူ၏ကိုယ်ရေးကိုယ်တာအချက်အလက်များသိုဝှက်ကာ အလုပ်ကိုသာ ကောင်းကောင်းဆက်လုပ်ခဲ့ပါတယ်။
သူဟာ သူ့ကိုယ်သူ အမျိုးသမိီးများ အပေါ် သစ္စာရှိသောသူတစ်ဦး အဖြစ်သတ်မှတ်ပြီးသူ၏အားလပ်ချိန်များစွာကို ပရဟိတအတွက်ကုန်ဆုံးစေပါတယ် ။လက်တွေ့ဘဝမှာ Tom ကိုဟာသဥာဏ်အလွန်ကောင်းသူ ၊ ဥာဏ်ရည်ထက်မြက်သူတစ် ဦး အဖြစ်လည်းလူသိများပါတယ်။
7. James Franco
James Franco ဟာ ရုပ်ရှင်ဇာတ်ကားများ၏ ပြင်ပဘဝမှာလည်း ထူးချွန်သူတစ်ဦး ဖြစ်ပါတယ်။သူဟာ မဂ္ဂဇင်းများမှာ ဆောင်းပါးများ ရေးလေ့ရှိပြီး ဂီတကိုလည်း ဝါသနာအလွန်ပါသူ ဖြစ်ပါတယ်။ ရုပ်ရှင်နှင့်သရုပ်ဆောင် ပညာဒါနသင်တန်းများမှာလည်း သင်ကြားပြသပေးလြေရှိပါတယ်။
James သည်အင်တာနက် သုံးခြင်းကို အလွန်နှစ်သက်ပြီး သူ၏အမျိုးသမီးပရိသတ်များနှင့် အွန်လိုင်းမှ ဆက်သွယ်လေ့ရှိပါတယ်။သူဟာ social media များမှာ selfie ဓာတ်ပုံများ တင်လေ့ရှိသော်လည်း ယခုအခါ social media အကောင့်များကို ဖျက်ထားကြောင်း သိရပါတယ်။
8. Chris Hemsworth
Marvel Heros များအကြောင်းပြောလျှင် Chris Hemsworth ဟာမပါမဖြစ်ပဲ ဖြစ်ပါတယ်။ လက်တွေ့ဘဝမှာတော့ သူဟာ ကမ္ဘာကြီးကို ကယ်တင်မည့် လူစွမ်းကောင်းတစ်ဦးမဟုတ်ပဲ ရိုးရှင်းစွာနေထိုင်လေ့ရှိပါတယ်။ သူဟာဇနီးသည် Elsa Pataky နဲ့လက်ထပ်ခဲ့ပြီး သူတို့မှာကလေး ၃ ယောက်ထွန်းကားခဲ့ပါတယ်။
Chris က ကျန်းမာကြံ့ခိုင်သော နေထိုင်မှုပုံစံနှင့် နှစ်သက်သူဖြစ်ပါတယ်။ ဒီဝါသနာကသူ့ကို အလုပ်မှာ အဆင်ပြေစေပြီး လူစွမ်းကောင်း ဇာတ်ကောင်အတွက် ရုပ်ပိုင်းဆိုင်ရာ အထောက်အကူများစွာ ပြုပါတယ်။
9. Kit Harington
မကြာမှီမြင်တွေ့ရမယ့် Games of Thrones ဇာတ်ကားမှာ John Snow ဇာတ်ကောင်ကို ပုံဖော်မယ့် Kit Harington ဖြစ်ပါတယ်။သူဟာ ၂၀၁၁ မှ အနုပညာလုပ်ငန်းကိုစတင်ခဲ့သောကြောင့် ရုပ်ရှင်များစွာတွင် သရုပ်မဆောင်ရသေးပါဘူး။
Kit ဟာ ရှေးရိုးဆန်သော မိသားစုတစ်ခု တွင်မွေးဖွားခဲ့ပြီး ဗြိတိသျှ ထုံးတမ်းစဉ်လာများအတိုင်းနေထိုင်လေ့ရှိပါတယ်။ ဥပမာအားဖြင့် သူဟာ ၁၅ ရာစု စံအိမ်တစ်ခုမှာ နေထိုင်ပြီး ၁၂ ရာစုရဲတိုက်ကြီးတစ်ခုမှာ မင်္ဂလာပွဲကျင်းပခဲ့ပါတယ်။ သူက ဘောလုံးကိုလည်းချစ်ပြီး ပရဟိတအလုပ်များစွာလည်း လုပ်လေ့ရှိပါတယ်။
10. Leonardo DiCaprio
သူမပါဝင်တဲ့ ရုပ်ရှင်လောကအကြောင်း စိတ်ကူးယဉ်ကြည့်လို့တောင် မရပါဘူး။သူက ၁၉၈၉ ခုနှစ်ကတည်းက သရုပ်ဆောင်ခဲ့သော်လည်း ယခုချိန်ထိ သူ့ပရိတ်သတ်တွေနဲ့ paparazzi တွေရဲ့အာရုံစိုက်မှုကို ကျင့်သားမရသေးပါဘူး။သူဟာ လမ်းထွက်တိုင်း သူ့မျက်နှာကို မျက်မှန်၊ ဘေ့စ်ဘော ဦးထုပ် ဒါမှမဟုတ် ခေါင်းစွပ်နဲ့အမြဲဖုံးပြီး ရုပ်ဖျက်ထားလေ့ရှိပါတယ်။
အသက် ၄၄ နှစ်ရှိနေပြီဖြစ်သော်လည်း ရေရာသော အချစ်ရေးမရှိသေးပါဘူး။သူသာ စီးပွားရေးပြဿနာများကို အာရုံစိုက်ခံရရန်ကွဲပြားခြားနားသော ပရဟိတပရောဂျက်များတွင်ပါဝင်လေ့ရှိပါတယ်။သူမျှော်လင့်စောင့်စားနေတဲ့ အော်စကာဆု ရတဲ့အချိန်မှာတောင် Leo ဟာ သူ့ကိုယ်သူထက် ပတ်ဝန်းကျင်ရေးရာတွေကိုပိုအာရုံစိုက်ခဲ့ပါတယ်။
11. Ryan Gosling
The Notebook မှာ Ryan Gosling သရုပ်ဆောင်ခဲ့တဲ့ အံ့သြဖွယ်ကောင်းသော ကာရိုက်တာကို ကျွန်ုပ်တို့ဘယ်တော့မှမေ့နိုင်မှာ မဟုတ်ပါဘူး။ ထိုဇာတ်ကားတွင် Ryan ဟာအမျိုးသမီးတစ် ဦး တည်းကိုသာ ချစ်သောအချစ်တတ်ဆုံးယောက်ျားတစ်ယောက် ဖြစ်ခဲ့ပါတယ်။ Ryan ဟာ လက်တွေ့မှာလည်း ဂရုစိုက်တတ်သော ဖခင်တစ် ဦး ဖြစ်ပြီး ချစ်ခင်ကြင်နာတတ်သော ခင်ပွန်း အဖြစ် သူ၏ ဇာတ်ကောင်ကို ပိုမိုလေးနက်စေခဲ့ပါတယ်။
ဟောလီးဝုဒ်ရှိအခြား မင်းသားများနည်းတူ Ryan သည်လည်း ပရဟိတလုပ်ငန်းများကိုလုပ်ဆောင်ပြီး ကိုယ်ပိုင်စီးပွားရေး၊ စားသောက်ဆိုင်တစ်ခုကို တည်ထောင်ထားပါတယ်။
12. Bradley Cooper
ဂရမ်မီတေးဂီတဖျော်ဖြေပွဲအပြီးမှာတော့ Bradley Cooper ဟာ သရုပ်ဆောင်ကောင်းတစ်ယောက်မကတော့ပဲ ထက်မြက်တဲ့ဂီတပညာရှင်၊ အဆိုတော်နဲ့ဒါရိုက်တာ ဖြစ်နေပါပြီ။ Bradley ဟာ ပိတ်ကားပေါ်တွင် အမြဲပြုံးနေပြီး ထိုအရာကပဲ Bradley နှင့် သူ၏ဇာတ်ကောင်များအကြား ဆင်တူသောတစ်ခုတည်းသောအရာဖြစ်နိုင်ပါတယ်။
Bradley Cooper ဟာ တရားဝင်လက်ထပ်ထားခြင်းမရှိသော်လည်း သူ့ချစ်သူကို Irina Shayk ကိုတော့ တစ်ကမ္ဘာလုံးကသိထားပါတယ်။နှစ်ယောက်သားမှာ သမီးတစ်ယောက်တောင်ရှိပြီး Bradley ဟာဖခင်တစ်ယောက်ဖြစ်ရတာကိုပျော်ရွှင်နေတာကြောင့် သူ့ဘ ၀ မှာ အလုပ်ထက် ပိုအရေးကြီးတဲ့ အရာတစ်ခုဖြစ်နေပါတယ်။
Sources Brightside
Written One Daily Media
One Daily Media Copyright © 2022ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။