အသက်ကြီးမှ အောင်မြင်လာသော အတုယူဖွယ် အမျိုးသမီး (၁၅)ဦး
စစ်တမ်းများအရ (၅၇) ရာခိုင်နှုန်းသော လူများဟာ ဆန္ဒနဲ့ဘဝ တစ်ထပ်တည်းမကျပဲ အများစုဟာ အသက်(၃၀) ခန့်မှာ အိပ်မက်ကို စွန့်လွတ်လိုက်ကြလေ့ရှိပါတယ်။သို့သော်လည်း တချို့ကတော့ အိပ်မက်နောက်ကိုပင်လိုက်ကာ ဆက်လက် ကြိုးစားရုန်းကန်လျက်ရှိနေကြပြီး လူငယ်ဘဝရဲ့ နှောင်းပိုင်းများမှ အောင်မြင်လာသူ လေးစားအတုယူဖွယ်အမျိုးသမီးအချို့လဲ ရှိနေပါတယ်။
အသက်အရွယ်ဟာ ကိန်းဂဏန်းတစ်ခုမျှသာ ဖြစ်ကြောင်းသက်သေပြရင်း ဇွဲရှိရှိကြိုးစားမှု ကြောင့် အသက်ကြီးကာမှ အောင်မြင်ခဲ့ကြသူ အမျိုးသမီး (၁၅) ဦးအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။
1. Lizzo
Lizzo ဟာ အသက်(၂၁) အရွယ်မှာ သူမ၏အဖေကို ဆုံးရှူံးခဲ့ရပြီးနောက် ဂီတလောကသို့ ဝင်ရောက်ရန်ကြိုးစားခဲ့ပါတယ်။ ထို့နောက် သူမအသက်(၂၈) နှစ်အရွယ်မှာတော့ သူမ၏ Coconut Oil album ဟာ R&B/Hip Hop Billboard Top Chart ရဲ့ အဆင့် (၄၄) ဝင်သည်အထိ အောင်မြင်လာခဲ့ပါတော့တယ်။ ထို့အပြင် ဒီနှစ်မှာလဲ ဂရမ်မီဆု (၃) ဆု ရရှိထားပါသေးတယ်။
2. Viola Davis
Viola Davis ဟာ အသက်(၃၀)အရွယ်ထိ ဇာတ်ပို့သရုပ်ဆောင်တစ်ဦး ဖြစ်ခဲ့ပြီး အသိအမှတ်ပြုရခြင်းများလည်း မရှိခဲ့ပါဘူး။ သိူ့သော် သူမ အသက်(၄၄) နှစ်မှာတော့ Oscar ဆုဇကာတင် စာရင်းထဲ ပါဝင်လာခဲ့ပြီး အသက် (၄၀-၅၀) ကြားအတွင်းမှာ ဆုများသိမ်းပိုက်ခဲ့ပါသေးတယ်။
3. Betty White
သူမဟာ အထက်တန်းအောင်ပြီးချိန်မှစကာ တီဗွီအစီအစဉ်များမှာ စတင်ပါဝင်ခဲ့သော်လည်း စစ်ပွဲကြီးအတွင်း ရပ်နားခဲ့ရပါတယ်။စစ်ပွဲကြီးပြီးချိန်မှာတော့ ရုပ်ရှင်လောကသို့ ဝင်ရောက်ရန် ကြိုးစားခဲ့ပေမယ့် ” photogenic” မဖြစ်ဘူးဟုဆိုကာ ငြင်းပယ်ခံရခြင်းများ ရှိခဲ့ပါတယ်။သို့သော် သူမဟာ ဇွဲမလျှော့ပဲဆက်လက်ကြိုးစားခဲ့တာကြောင့် အသက်(၂၉)နှစ်အရွယ်မှာ Emmy Award အတွက် စကာတင်စာရင်းဝင်ခဲ့ပြီး ယခုအခါမှာတော့ အသက်(၉၈)နှစ်အရွယ်ရှိပြီဖြစ်တဲ့သူမဟာ Hollywood Walk of Fame ဖြစ်နေပြီပဲ ဖြစ်ပါတယ်။
4. Anna Wintour
အသက်(၂၆)နှစ်အရွယ် Anna Wintour ဟာ Harper’s Bazaar အငယ်တန်း ဖက်ရှင်အယ်ဒီတာ အလုပ်မှ (၉)လဖြင့် ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။ထို့နောက် သူမဟာ အသက် ၃၉ နှစ်မှာတော့ Vogue US ၏ အယ်ဒီတာချုပ် ဖြစ်လာခဲ့ပါတယ်။ Anna ဟာ အပြောင်းအလဲများကို မကြောက်ရွံ့တတ်ဘဲ နှစ်ပေါင်းများစွာ အကြာမှာတော့ သူမဟာ ဖက်ရှင်လောကရဲ့ လွှမ်းမိုးအရှိဆုံး သူများထဲမှတစ်ဦး ဖြစ်လာခဲ့ပါတယ်။
5. Jessica Chastain
နာမည်ကျော် Julliard ဖျော်ဖြေမှုအနုပညာကျောင်းမှဘွဲ့ရသည့်အချိန်၌ သူမအသက်ဟာ ၂၆ နှစ်ရှိနေပြီ ဖြစ်ပါတယ်။သူမဟာ အသက်မွေးဝမ်းကျောင်းမှု နောက်ကျမှစတင်ခဲ့ရုံသာမက အသက် ၃၀ ကျော်ပြီးနောက်မှသာ ပထမဆုံးရုပ်ရှင်ကားကို ရိုက်ကူးဖြစ်ခဲ့ပါတယ်။သို့သော်လည်း အသက် ၃၄ နှစ်မှာတော့ သူမဟာဟောလိဝုဒ်ရဲ့ အကျော်ကြားဆုံးခေါင်းဆောင်မင်းသမီးတွေထဲက တစ်ယောက်ဖြစ်လာခဲ့ပါတယ်။
6. Vivienne Westwood
သူမဟာ ဒီဇိုင်နာတစ်ဦးမဖြစ်လာခင် အသက်(၃၀) အရွယ်ထိ ဆရာမတစ်ဦးအဖြစ် လုပ်ကိုင်ခဲ့ပါသေးတယ်။ ထို့နောက် သူမလက်တွဲဖော် Malcolm McLaren နှင့်သူမဖန်တီးမှုများကို punk တီးဝိုင်းများက ၀တ်ဆင်ကြသပြီး punk ဖက်ရှင်ကို ကို mainstream သို့ယူဆောင်လာခဲ့သူ ဖြစ်လာခဲ့ပါတယ်။ အသက် (၄၀) အရွယ်မှာတော့ Pirate Collection ဟုအမည်ရသော သူမရဲ့ပထမဆုံး ဖက်ရှင်ရှိူး ကို ပြုလုပ်နိုင်ခဲ့ပါတယ်။
7. Ali Wong
The Always Be My Maybe ဇာတ်ကားမှ မင်းသမီးဟာ New York ရောက်ရှိပြီး သူမရဲ့ ပထမနှစ် တွေမှာ ပဲဟင်းနှင့်ဆန်လုံးညိုကိုသာစားခဲ့ရပါတယ်။ “10 comics to watch” မရိုက်ကူးခင် အသက်(၂၉)နှစ်အထိ သူမဟာ တစ်ညလျှင် ရိုက်ကွင်း(၉)ခုခန့် ပြေးလွှားရုန်းကန် ရိုက်ကူးခဲ့ရပါတယ်။ထို့အပြင် မင်းသမီးတစ်ဦးမဖြစ်လာခင် တီဗွီအစီအစဉ်များမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။
8. Meryl Streep
အသက်(၂၆)နှစ်နောက်ပိုင်းမှသာ အနုပညာလုပ်ငန်းများ စတင်ဖြစ်ခဲ့ပြီး King Kong ဇာတ်ကားအတွက် audition ဝင်ခဲ့ပါတယ်။ထို့နောက် အသက်(၂၉)နှစ်နောက်ပိုင်းမှာ စတင်အောင်မြင်လာခဲ့ပြီး အခုဆိုရင်တော့ အကယ်ဒမီဆုများအတွက် စကာတင်အများဆုံး ရွေးချယ်ခံရသူအဖြစ် စံချိန်တင်ထားပါတယ်။
9. Christina Hendricks
သူမဟာ သရုပ်ဆောင်မဖြစ်ခင် မော်ဒယ်လ်တစ်ဦးလည်းဖြစ်ခဲ့ဖူးပြီး ရုပ်မြင်သံကြားအစီအစဉ်များမှာလည်း အသက်(၂၄)နှစ်မှစတင် ပါဝင်ခဲ့ပါတယ်။အသက်(၃၂)မှာတော့ Mad Men ဇာတ်ကားဖြင့် ပိုမိုထင်ရှားလာခဲ့ပြီး Primetime Emmy Award 6အတွက် ၆ ကြိမ် စကာတင်ရွေးချယ်ခံရပြီး Screen Actors Guild Awards ကိုတော့ ၂ကြိမ်ရရှိထားပါတယ်။
10. Tina Fey
သူမဟာ Saturday Night Live (SNL) ၏စာရေးဆရာမတစ်ဦးမဖြစ်လာခင်က ဧည့်ကြိုကောင်တာ တစ်ခုမှာအလုပ်လုပ်ခဲ့ပါတယ်။အသက်(၂၉)နှစ်မှာ SNL၏ပထမဆုံး အမျိုးသမီး စာရေးဆရာမတစ်ဦး ဖြစ်လာပြီး သူမရဲ့အမှတ်တရဖြစ်နေစေမယ့် Mean Girls ကိုတော့ အသက်(၃၄) နှစ်မှာ ရေးခဲ့ပါတယ်။Golden Globe, Screen Actors Guild Award, နှင့် Emmy Award များကိုတော့ အသက်(၃၈)နှစ်မှာ ရရှိခဲ့ပါတယ်။
11. Julia Child
ပြင်သစ်ဟင်းလျာ နှင့် သူမ၏ ပွဲဦးထွက်ချက်ပြုတ်စာအုပ် ကို အမေရိကန်လူထုထံသို့ယူဆောင်လာသည့် အရေးပါသောပုဂ္ဂိုလ်ဟု လူသိများသော Julia Child ဟာ သူမခင်ပွန်းနှင့်မတွေ့မီအထိ ချက်ပြုတ်ပုံကို မသင်ယူခဲ့ပါဘူး။ သူမဟာ ဒုတိယကမ္ဘာစစ်အတွင်း ထိပ်တန်းလျှို့ဝှက် သုတေသနပညာရှင်တစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။သူမဟာ အသက် ၃၉ နှစ် မှာ နာမည်ကျော် Cordon Bleu အချက်အပြုတ်ကျောင်းမှဘွဲ့ရပြီး နောက်ဆယ်စုနှစ်တစ်ခု အကြာမှာ သူမရဲ့ ချက်ပြုတ်နည်းစာအုပ်ကို ထုတ်ဝေခဲ့ပါတယ်။
သူမရဲ့ပထမဆုံး ရုပ်သံမှ ချက်ပြုတ်မှု The French Chef အစီအစဉ်ဟာ သူမရဲ့အသက် ၅၀ အရွယ်မှာ ပွဲဦးထွက်ခဲ့ပြီး ဆုအချို့ရရှိခဲ့ပါတယ်။
12. Sheryl Crow
Sheryl Crow ဟာ Rod Stewart ကဲ့သို့သော ကြယ်ပွင့်များအတွက် နောက်ခံ အဆိုတော်တစ်ယောက် မဖြစ်လာခင် ဂီတဆရာတစ်ဦး အဖြစ်အလုပ်လုပ်ခဲ့ပါတယ်။သူမဟာ အသက်(၂၉)နှစ်အရွယ်မှာ ပထမဆုံး album ထွက်နိုင်ရန် ကြိုးစားခဲ့သော်လည်း မထွက်ဖြစ်ခဲ့ပါဘူး။ သူမ၏ အမှန်တကယ် ပွဲဦးထွက်အယ်လ်ဘမ်ကို နောက်၂ နှစ်အကြာတွင်မှ ထွက်လာခဲ့ပြီး လူအများ၏ အာရုံစိုက်ခံရမှု မရရှိခဲ့သော်လည်း သီချင်းတစ်ပုဒ်ကတော့ မမျှော်လင့်ပဲ ပေါက်ခဲ့ပါတယ်။ယခုဆိုရင်တော့ ဂရမ်မီဆု (၉) ဆုထိရရှိနေခဲ့ပြီးဖြစ် ပါတယ်။
13. Kerry Washington
Kerry Washington ဟာ သူမ၏ အနုပညာ အသက်မွေးဝမ်းကျောင်းမှုကို အသက် ၁၇ နှစ်တွင်စတင်ခဲ့သည်။သို့သော် အသက်(၃၈) အရွယ်မှသာ Scandal ဇာတ်လမ်းတွဲ Olivia Pope တွင် ပါဝင်သရုပ်ဆောင်ပြီး အောင်မြင်လာခဲ့ပါတယ်။
14. Marie Curie
သူမဟာ အသက် ၃၆ နှစ်မှာ နိုဘယ်ဆုကိုပထမဆုံးဆွတ်ခူးနိုင်သည့် အမျိုးသမီးဖြစ်လာခဲ့ပါတယ် ။ သို့သော် ကော်မတီသည် သူမအား အမျိုးသမီးဖြစ်နေခြင်းကြောင့် အမည်စာရင်း မတင်သွင်းခဲ့ဘဲ သူမ၏ခင်ပွန်းက စောဒကတက်ပေးခဲ့ရပါတယ်။သူမဟာ သိပ္ပံနည်းပညာ နယ်ပယ် ၂ ခုမှာ နိုဘယ်ဆုကို ဆွတ်ခူးနိုင်တဲ့တစ်ဦးတည်းသော သူလည်းဖြစ်ခဲ့ပါတယ်။
15. Susan Boyle
အစပိုင်းမှာတော့ အသက် (၄၇) နှစ်အရွယ် Susan Boyle ဟာ သူမရဲ့အသက်အရွယ်ကြောင့် Britain’s Got Talent (BGT) ကို ဝငိမပြိုင်လိုခဲ့ပါဘူး ။ နောက်ပိုင်းမှာတော့ သူမ၏ ပထမဆုံးအယ်လ်ဘမ်ဟာ အမေရိကန် Billboard ဇယားတွင် ၆ ပတ်ဆက်တိုက်ထိပ်ဆုံးမှာ ရပ်တည်ခဲ့ပါတယ်။
သင်အသက်ကြီးရင်တောင် လက်မလျှော့မယ့် မသင်ရဲ့အိမ်မက်ကဘာများလဲ ? သင်ကြားဖူးသော အသက်အရွယ်နှောင်းပိုင်းမှ အောင်မြင်လာတဲ့ အမျိုးသမီးများ အကြောင်းကိုလည်း ဝေမျှပေးခဲ့နိုင်ပါတယ်။
Sources Brightside
Written One Daily Media
One Daily Media Copyright © 2022ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။