Sun. May 22nd, 2022

nicode Version

၁။ ကိုယ့်ဘဝအတွက် တာဝန်စယူပါ


အပြောင်းအလဲကိုစတင်ဖို့အတွက် အရင်ဆုံးလုပ်ရမှာက ကိုယ့်တာဝန်ကိုယ်စယူဖို့ပဲ။ ငါ့ဘဝရဲ့ဖြစ်တည်မှုတွေဟာ ငါ့ကြောင့်ဖြစ်လာရတာ။ ကိုယ့်ကိုကိုယ်တာဝန်စပြီး မယူဘူးဆိုရင် အပြောင်းအလဲဆိုတာ ဖြစ်လာမှာမဟုတ်ဘူး။ ဆင်းဆင်းရဲရဲ မွေးလာရတာကိုယ့်အပြစ်မဟုတ်ဘူးဆိုတာ မှန်တယ်။ ဒါပေမယ့် အဲဒါကိုပဲ တစ်သက်လုံးအပြစ်တင်ရင်း သေဆုံးသွားရရင်တော့ ကိုယ့်အပြစ်ပဲ။

၂။ သာမန်ဘဝလောက်မှာပဲ မကျေနပ်နဲ့

ဒါကို ရောင့်ရဲတာလို့ အဓိပ္ပါယ်ဖွင့်ကြတာလည်းရှိတယ်။ တကယ်က comfort zone ထဲမှာ ပျော်မွေ့နေတာပါ။ ဆက်ပြီး အားထုတ်မှုတွေ မလုပ်ချင်တော့ဘူး။ မရုန်းကန်ချင်တော့ဘူး။ ဒီတော့ အခုလောက်လေးလည်း မဆိုးပါဘူးလေ ဆိုပြီး ဖြေသိမ့်တယ်။ နောက်ဆုံးမှာ ကိုယ့်ရဲ့ပျော်ရွှင်မှုက အရေးအကြီးဆုံးပဲ မဟုတ်လား။ ကိုယ့်ပျော်ရွှင်မှု အစစ်အမှန်က အေးအေးချမ်းချမ်း နေသွားချင်တာဆိုရင်လည်း ရတာပါပဲ။

၃။ ကိုယ့်ရဲ့ အားသာချက်တွေကိုရှာပါ


သိထားဖို့အချက်က ကိုယ်ကနေရာတိုင်းမှာတော့ ဆရာကြီး ဖြစ်မနေနိုင်ဘူးဆိုတာပဲ။ နေရာတိုင်းမှာ တော်နေတဲ့သူ ဆိုတာ မရှိဘူး။ ဒါကြောင့် ကိုယ့်ရဲ့အားသာချက်က ဘယ်နေရာမှာ ရှိတာလဲဆိုတာကို ရှာပါ။ စကားပြောတဲ့နေရာလား၊ စာရေးတဲ့နေရာလား၊ ဆန်းသစ်တီထွင်မှုတွေ လုပ်တဲ့နေရာမှာလား။ အဲဒါကိုသိအောင်လုပ်ပါ။

၄။ ကိုယ့်ရဲ့အားသာချက်တွေကိုအသုံးချပြီး သွားလို့ ရနိုင်မယ့် ပန်းတိုင်သတ်မှတ်ပါ

 

လူတော်တော်များများက သူတို့ကိုယ်တိုင် ဘာဖြစ်ချင်မှန်း မသိကြပါဘူး။ ဘယ်နေရာရောက်လို့ ဘာတွေ လုပ်နေမှန်းကိုလည်းမသိဘူး။ ဒီတော့ လုပ်ချင်ရာလုပ်ပြီး ရောက်ချင်တဲ့နေရာ ရောက်နေကြတာပဲ။
ဒီလိုမဖြစ်အောင်ဆိုရင် ကိုယ့်ရဲ့အားသာချက်တွေကို အသုံးချပြီး ကိုယ်ဘယ်ကိုသွားချင်တာလဲ။ အချိန်ဘယ်လောက်အတွင်း ဖြစ်ချင်တာလဲဆိုတာကို သိမှရမယ်။ အဲဒါမှ ကိုယ်က ပန်းတိုင်နဲ့နီးရာကို သွားနေလား ဝေးသွားလားဆိုတာကို ဆန်းစစ်နိုင်လိမ့်မယ်။

၅။ စည်းကမ်းရှိပါ
အပြောင်းအလဲရဲ့ အရေးအကြီးဆုံးအပိုင်းကတော့ စည်းကမ်းပဲ။ လူတွေမှာ ဖြစ်ချင်တာတွေရှိတယ်။ ဒါပေမယ့် စည်းကမ်းတော့မရှိဘူး။ ကိုယ်အလေးချိန်ချချင်တယ်။ အင်္ဂလိပ်စာတတ်ချင်တယ်။ ဝင်ငွေကောင်းချင်တယ်။ ပညာတတ်ချင်တယ်။

ဒါပေမယ့် အဲဒါတွေအကုန်လုံးကို အလကားလိုချင်တာ။ စဉ်ဆက်မပြတ် ကြိုးစား အားထုတ်ရမယ့်စည်းကမ်းတော့ မရှိဘူး။ မေးခွန်းက ဘယ်လိုလုပ်ရမှာလဲဆိုတာ မဟုတ်ဘူး။ လုပ်မှာလား မလုပ်ဘူးလားဆိုတာပဲ။

၆။ အရာရာကို ဂရုလိုက်စိုက်မနေနဲ့
ကိုယ့်အတွက် အဓိကကျတဲ့အရာတွေနဲ့ သာမည‌တွေကို ခွဲခြားသိမှဖြစ်မယ်။ စကားပုံတစ်ခုအတိုင်းပဲပြောရရင် “လမ်းမှာဟောင်သမျှခွေးတိုင်းကို ခဲနဲ့ထုနေရရင် ကိုယ်သွားချင်တဲ့လမ်းကို ရောက်မှာမဟုတ်တော့ဘူး”တဲ့။ အရေးလုပ်သင့်တာတွေပဲ အရေးလုပ်ပါ။ သူများတွေရဲ့ ထင်မြင်ယူဆချက်တွေက ကိုယ့်အတွက် ဘာကြောင့် အရေးကြီးနေရမှာလဲ။

၇။ လူရွေးပေါင်းပါ
အဆင့်အတန်းခွဲခြားခိုင်းတာ မဟုတ်ဘူး။ ချမ်းသာတဲ့သူတွေနဲ့ပဲ ပေါင်းခိုင်းနေတာမဟုတ်ဘူး။ ကိုယ့်အတွက်သင့်တော်တဲ့သူတွေကို ရွေးပေါင်းခိုင်းတာပါ။ လူတစ်ရာမှာ ကိုးဆယ်က ဘာမှမဟုတ်တဲ့သူတွေဖြစ်မှာ။
တိုးတက်ချင်တဲ့သူက စောက်ပျင်းတွေနဲ့ချည်းပေါင်းနေရင်တော့ သူလည်း ဘယ်တော့မှ အဲဒီနွံထဲကထွက်နိုင်မှာ မဟုတ်ဘူး။

၈။ စိတ်ရှည်ပါ၊ ဆက်လက်သင်ယူမှုတွေအမြဲလုပ်ပါ
အပြောင်းအလဲက စိတ်ရှည်ရတယ်။ ချက်ခြင်းလက်ငင်း ရသွားနိုင်တာမျိုးမဟုတ်ဘူး။ တစ်သက်လုံး အင်္ဂလိပ်စာ မတတ်လာဘဲ တစ်ပတ်လောက်သင်ပြီး ဘာမှလည်းမထူးဘူး ဆက်မလုပ်ချင်တော့ဘူးဆိုရင်တော့ ဒီလောက်ဖွတ်ဖြစ်မယ့်ကောင် ကိုယ့်ကိုကိုယ် သတ်သေဖို့သာ ကောင်းတော့တယ်။

စိတ်ရှည်ပါ။ နောက်ထပ်အရေးကြီးတာတစ်ခုကတော့ ဆက်လက် သင်ယူမှုတွေလုပ်ပါ။ လူရဲ့တိုးတက်ဖွံ့ဖြိုးမှုက သင်ယူမှုကို ရပ်တန့်လိုက်တာနဲ့ ဆုံးခန်းတိုင်ပါတယ်။ ကိုယ်က တစ်နေရာတည်းရပ်နေချင်တဲ့သူ မဟုတ်ဘူးဆိုရင် ဆက်လက်သင်ယူပါ။

 

zawgyi

nicode Version

၁။ ကိုယ့္ဘဝအတြက္ တာဝန္စယူပါ

အေျပာင္းအလဲကိုစတင္ဖို႔အတြက္ အရင္ဆုံးလုပ္ရမွာက ကိုယ့္တာဝန္ကိုယ္စယူဖို႔ပဲ။ ငါ့ဘဝရဲ႕ျဖစ္တည္မႈေတြဟာ ငါ့ေၾကာင့္ျဖစ္လာရတာ။ ကိုယ့္ကိုကိုယ္တာဝန္စၿပီး မယူဘူးဆိုရင္ အေျပာင္းအလဲဆိုတာ ျဖစ္လာမွာမဟုတ္ဘူး။ ဆင္းဆင္းရဲရဲ ေမြးလာရတာကိုယ့္အျပစ္မဟုတ္ဘူးဆိုတာ မွန္တယ္။ ဒါေပမယ့္ အဲဒါကိုပဲ တစ္သက္လုံးအျပစ္တင္ရင္း ေသဆုံးသြားရရင္ေတာ့ ကိုယ့္အျပစ္ပဲ။

၂။ သာမန္ဘဝေလာက္မွာပဲ မေက်နပ္နဲ႔

ဒါကို ေရာင့္ရဲတာလို႔ အဓိပၸါယ္ဖြင့္ၾကတာလည္းရွိတယ္။ တကယ္က comfort zone ထဲမွာ ေပ်ာ္ေမြ႕ေနတာပါ။ ဆက္ၿပီး အားထုတ္မႈေတြ မလုပ္ခ်င္ေတာ့ဘူး။ မ႐ုန္းကန္ခ်င္ေတာ့ဘူး။ ဒီေတာ့ အခုေလာက္ေလးလည္း မဆိုးပါဘူးေလ ဆိုၿပီး ေျဖသိမ့္တယ္။ ေနာက္ဆုံးမွာ ကိုယ့္ရဲ႕ေပ်ာ္႐ႊင္မႈက အေရးအႀကီးဆုံးပဲ မဟုတ္လား။ ကိုယ့္ေပ်ာ္႐ႊင္မႈ အစစ္အမွန္က ေအးေအးခ်မ္းခ်မ္း ေနသြားခ်င္တာဆိုရင္လည္း ရတာပါပဲ။

၃။ ကိုယ့္ရဲ႕ အားသာခ်က္ေတြကိုရွာပါ

သိထားဖို႔အခ်က္က ကိုယ္ကေနရာတိုင္းမွာေတာ့ ဆရာႀကီး ျဖစ္မေနႏိုင္ဘူးဆိုတာပဲ။ ေနရာတိုင္းမွာ ေတာ္ေနတဲ့သူ ဆိုတာ မရွိဘူး။ ဒါေၾကာင့္ ကိုယ့္ရဲ႕အားသာခ်က္က ဘယ္ေနရာမွာ ရွိတာလဲဆိုတာကို ရွာပါ။ စကားေျပာတဲ့ေနရာလား၊ စာေရးတဲ့ေနရာလား၊ ဆန္းသစ္တီထြင္မႈေတြ လုပ္တဲ့ေနရာမွာလား။ အဲဒါကိုသိေအာင္လုပ္ပါ။

၄။ ကိုယ့္ရဲ႕အားသာခ်က္ေတြကိုအသုံးခ်ၿပီး သြားလို႔ ရႏိုင္မယ့္ ပန္းတိုင္သတ္မွတ္ပါ

 

လူေတာ္ေတာ္မ်ားမ်ားက သူတို႔ကိုယ္တိုင္ ဘာျဖစ္ခ်င္မွန္း မသိၾကပါဘူး။ ဘယ္ေနရာေရာက္လို႔ ဘာေတြ လုပ္ေနမွန္းကိုလည္းမသိဘူး။ ဒီေတာ့ လုပ္ခ်င္ရာလုပ္ၿပီး ေရာက္ခ်င္တဲ့ေနရာ ေရာက္ေနၾကတာပဲ။
ဒီလိုမျဖစ္ေအာင္ဆိုရင္ ကိုယ့္ရဲ႕အားသာခ်က္ေတြကို အသုံးခ်ၿပီး ကိုယ္ဘယ္ကိုသြားခ်င္တာလဲ။ အခ်ိန္ဘယ္ေလာက္အတြင္း ျဖစ္ခ်င္တာလဲဆိုတာကို သိမွရမယ္။ အဲဒါမွ ကိုယ္က ပန္းတိုင္နဲ႔နီးရာကို သြားေနလား ေဝးသြားလားဆိုတာကို ဆန္းစစ္ႏိုင္လိမ့္မယ္။

၅။ စည္းကမ္းရွိပါ
အေျပာင္းအလဲရဲ႕ အေရးအႀကီးဆုံးအပိုင္းကေတာ့ စည္းကမ္းပဲ။ လူေတြမွာ ျဖစ္ခ်င္တာေတြရွိတယ္။ ဒါေပမယ့္ စည္းကမ္းေတာ့မရွိဘူး။ ကိုယ္အေလးခ်ိန္ခ်ခ်င္တယ္။ အဂၤလိပ္စာတတ္ခ်င္တယ္။ ဝင္ေငြေကာင္းခ်င္တယ္။ ပညာတတ္ခ်င္တယ္။

ဒါေပမယ့္ အဲဒါေတြအကုန္လုံးကို အလကားလိုခ်င္တာ။ စဥ္ဆက္မျပတ္ ႀကိဳးစား အားထုတ္ရမယ့္စည္းကမ္းေတာ့ မရွိဘူး။ ေမးခြန္းက ဘယ္လိုလုပ္ရမွာလဲဆိုတာ မဟုတ္ဘူး။ လုပ္မွာလား မလုပ္ဘူးလားဆိုတာပဲ။

၆။ အရာရာကို ဂ႐ုလိုက္စိုက္မေနနဲ႔
ကိုယ့္အတြက္ အဓိကက်တဲ့အရာေတြနဲ႔ သာမည‌ေတြကို ခြဲျခားသိမွျဖစ္မယ္။ စကားပုံတစ္ခုအတိုင္းပဲေျပာရရင္ “လမ္းမွာေဟာင္သမွ်ေခြးတိုင္းကို ခဲနဲ႔ထုေနရရင္ ကိုယ္သြားခ်င္တဲ့လမ္းကို ေရာက္မွာမဟုတ္ေတာ့ဘူး”တဲ့။ အေရးလုပ္သင့္တာေတြပဲ အေရးလုပ္ပါ။ သူမ်ားေတြရဲ႕ ထင္ျမင္ယူဆခ်က္ေတြက ကိုယ့္အတြက္ ဘာေၾကာင့္ အေရးႀကီးေနရမွာလဲ။

၇။ လူေ႐ြးေပါင္းပါ
အဆင့္အတန္းခြဲျခားခိုင္းတာ မဟုတ္ဘူး။ ခ်မ္းသာတဲ့သူေတြနဲ႔ပဲ ေပါင္းခိုင္းေနတာမဟုတ္ဘူး။ ကိုယ့္အတြက္သင့္ေတာ္တဲ့သူေတြကို ေ႐ြးေပါင္းခိုင္းတာပါ။ လူတစ္ရာမွာ ကိုးဆယ္က ဘာမွမဟုတ္တဲ့သူေတြျဖစ္မွာ။
တိုးတက္ခ်င္တဲ့သူက ေစာက္ပ်င္းေတြနဲ႔ခ်ည္းေပါင္းေနရင္ေတာ့ သူလည္း ဘယ္ေတာ့မွ အဲဒီႏြံထဲကထြက္ႏိုင္မွာ မဟုတ္ဘူး။

၈။ စိတ္ရွည္ပါ၊ ဆက္လက္သင္ယူမႈေတြအၿမဲလုပ္ပါ
အေျပာင္းအလဲက စိတ္ရွည္ရတယ္။ ခ်က္ျခင္းလက္ငင္း ရသြားႏိုင္တာမ်ိဳးမဟုတ္ဘူး။ တစ္သက္လုံး အဂၤလိပ္စာ မတတ္လာဘဲ တစ္ပတ္ေလာက္သင္ၿပီး ဘာမွလည္းမထူးဘူး ဆက္မလုပ္ခ်င္ေတာ့ဘူးဆိုရင္ေတာ့ ဒီေလာက္ဖြတ္ျဖစ္မယ့္ေကာင္ ကိုယ့္ကိုကိုယ္ သတ္ေသဖို႔သာ ေကာင္းေတာ့တယ္။

စိတ္ရွည္ပါ။ ေနာက္ထပ္အေရးႀကီးတာတစ္ခုကေတာ့ ဆက္လက္ သင္ယူမႈေတြလုပ္ပါ။ လူရဲ႕တိုးတက္ဖြံ႕ၿဖိဳးမႈက သင္ယူမႈကို ရပ္တန႔္လိုက္တာနဲ႔ ဆုံးခန္းတိုင္ပါတယ္။ ကိုယ္က တစ္ေနရာတည္းရပ္ေနခ်င္တဲ့သူ မဟုတ္ဘူးဆိုရင္ ဆက္လက္သင္ယူပါ။

 

 

Leave a Reply

Your email address will not be published.