#Unicode Version
(၁) ရည်မှန်းချက်
တစ်ခုတည်းသော ဘဝရည်မှန်းချက် ချပြီးတာနဲ့ မပြီးပါဘူး။ ဒီဘဝရည်မှန်းချက်ကြီးအတွက် ရည်မှန်းချက် သေးသေးလေးတွေလည်း ချရမှာဖြစ်ပါတယ်။ ရည်မှန်းချက်ကြီး တစ်ခုချပြီးတာနဲ့ အသေးစိတ် အစီစဉ်မရှိရင် သင်လုပ်သလောက် အရာမထင်သလို ဖြစ်နေပါလိမ့်မယ်။ သင့်ကိုယ်သင်လည်း အားမရသလို ဖြစ်နေပါလိမ့်မယ်။
(၂) အချိန်
အချိန်ယူဖို့လည်း အရေးကြီးပါတယ်။ ကိုယ့်ကိုယ်ကိုယ် ပေးထားတဲ့ကတိတွေက များပါတယ်။ ကြီးမားပါတယ်။ ဒါပေမဲ့ အရမ်းအလောတကြီး လုပ်လွန်းတာကြောင့် ဘယ်အရာမှ ဖြစ်ဖြစ်မြောက်မြောက် ဖြစ်မလာဘဲ ကိုယ့်ကိုယ်ကိုယ် ကတိမတည်သလို ဖြစ်တတ်ပါတယ်။
“
(၃) တန်ဖိုး
သင့်ကိုယ်သင် တန်ဖိုးထားဖို့လည်း လိုပါတယ်။ အထူးသဖြင့် ကိုယ့်အားသာချက်တွေကို ကိုယ်တန်ဖိုးထားရပါမယ်။ သင်အားသန်ရာကို သင် အာရုံစိုက်ရမှာ ဖြစ်ပါတယ်။
(၄) အကူအညီ
ကတိတွေပေးထားပေမဲ့ ဒီကတိတွေ မတည်တာဟာ အမြဲလိုဖြစ်နေတယ်ဆိုရင် သင်အကူအညီလိုနေပါတယ်။ တစ်စုံတစ်ယောက်ကို သင်ပြောချင်တာတွေ ဖွင့်ပြောပါ။ သူတို့ဆီက အကြံညဏ်ယူပါ။ ဒီလိုပြောတဲ့အခါမှာတော့ ရိုးသားဖို့ လိုပါတယ်။
“ကိုယ်ချစ်ရတဲ့သူတွေကို ပြန်မျှဝေဖို့မမေ့နဲ့နော်”
#Zawgyi Version
“ကိုယ့်ကိုယ်ကို ပေးထားတဲ့ကတိတွေ တည်အောင် နေနိုင်ဖို့ဆိုရင်”
How do you keep your promises?
(၁) ရည်မှန်းချက်
(၂) အချိန်
(၃) တန်ဖိုး
(၄) အကူအညီ