Unicode Version
“
ကမ္ဘာပေါ်မှာရှိတဲ့ လူသားတိုင်းဟာ ခေါင်းဆောင်တွေပဲ ဖြစ်ပါတယ်။ လုပ်ငန်းတွေမှာ မိမိရဲ့ Team တစ်ခုကနေ လူပေါင်းများစွာအထိ ဦးဆောင်နေရတာ၊ မိသားစု အတွက်ဦးဆောင်နေရတာ၊ ကိုယ့်ကိုယ်ကို ဦးဆောင်နေရတာတွေရှိပါတယ်။
အဲ့ဒီလို ကိုယ့်ကိုယ်ကိုယ် နဲ့ အခြားသူများကို စိတ်ခွန်အားတွေ၊ စွမ်းဆောင်နိုင်စွမ်းတွေ မျှဝေပြီး မိမိရဲ့ ပတ်ဝန်းကျင်တစ်ခုလုံး တိုးတက်လာဖို့အတွက် လူတိုင်းသိထားသင့်တဲ့ ခေါင်းဆောင်မှု အချက် (၃) ချက်ကတော့…
(၁) အခက်အခဲတစ်ခုခု ကြုံတွေ့လာတဲ့အခါ ပြောဆိုအပြစ်တင်တာထက် အဖြေရှာဖို့ကြိုးစားပါ
စိန်ခေါ်မှုတွေ၊ အခက်အခဲတွေနဲ့ ကြုံတွေ့လာတဲ့အခါ လူတစ်ယောက်(သို့မဟုတ်) Team တစ်ခုလုံး မှားယွင်းကြောင်းပြောဖို့က လွယ်ပါတယ်။ ဒါပေမယ့် တကယ့်ခေါင်းဆောင်ကောင်းတွေကတော့ မိမိ Team member တွေကို ဒီအခြေအနေမှ ကာကွယ်ဖို့အတွက် အခြားနည်းလမ်းတစ်ခုခုနဲ့ လုပ်နိုင်တာ ဘာရှိမလဲဆိုပြီး ကိုယ့်ကိုယ်ကိုယ် ပြန်စဉ်းစားလို့ရအောင် အချိန်ပေးတတ်ကြပါတယ်။
“
(၂) ကိုယ့်ရဲ့ Team member တွေအကြောင်း ပိုပြီး ကောင်းစွာသိလာပါစေ
Team တစ်ခုကို ဦးဆောင်တဲ့အခါ ကိုယ့် Team member တွေရဲ့ စွမ်းဆောင်ရည်ကိုသာ စိတ်ဝင်စားရုံမကဘဲ သူတို့နဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အရာတွေကို အမှန်တကယ် နားလည်ထားဖို့ လိုပါတယ်။ ကိုယ့် Team member တွေ ဘာကိုတန်ဖိုးထားလဲ? သူတို့ ဘာတွေစိတ်ပူပန်တတ်တာရှိလဲ? သူတို့ဘဝမှာ လိုချင်တာ၊ မျှော်လင့်တာက ဘာတွေလဲဆိုတာ ကောင်းစွာ သိနားလည်ထားရပါလိမ့်မယ်။
(၃) ကိုယ်တိုင်ရှေ့ကနေပြီး ဦးဆောင်လမ်းပြလုပ်ပါ။
ခေါင်းဆောင်ကောင်းဆိုတာ သူတို့အရင်က လုပ်ခဲ့တာ၊ နောင်လည်း ထပ်ပြီးလုပ်ဆောင်နိုင်တာကို ပြသရပါတယ်။ တကယ့် ခေါင်းဆောင်ကောင်းတွေဟာ ရှေ့ကနေ စလုပ်ပြတယ်၊ လုပ်ငန်းတွေကို အောင်မြင်အောင်လုပ်တယ်၊ အတားအဆီးမှန်သမျှ ကိုယ့် Team တစ်ခုလုံးနဲ့ အတူတူ ရင်ဆိုင်ကျော်လွှားတတ်ကြသူတွေ ဖြစ်ပါတယ်။
မိတ်ဆွေအနေနဲ့ အဖွဲ့အစည်းတစ်ခုကို အောင်မြင်စွာ ခေါင်းဆောင်မှုပြုချင်တယ်ဆိုရင် မိတ်ဆွေမှာ “ခေါင်းဆောင်မှု”ဆိုင်ရာ အရည်အချင်းတွေတော့ ရှိထားသင့်ပါတယ်။
ဒါ့ကြောင့် ဘယ်လိုနယ်ပယ်မှာပဲ အလုပ်လုပ်ကိုင်နေပါစေ အရေးပါတဲ့ ခေါင်းဆောင်မှုအရည်အချင်းတွေကို လူတိုင်း နားလည်တတ်ကျွမ်းနိုင်စေဖို့ လိုပါတယ်။
zawgyi
Unicode Version
“
ကမာၻေပၚမွာရွိတဲ့ လူသားတိုင္းဟာ ေခါင္းေဆာင္ေတြပဲ ျဖစ္ပါတယ္။ လုပ္ငန္းေတြမွာ မိမိရဲ႕ Team တစ္ခုကေန လူေပါင္းမ်ားစြာအထိ ဦးေဆာင္ေနရတာ၊ မိသားစု အတြက္ဦးေဆာင္ေနရတာ၊ ကိုယ့္ကိုယ္ကို ဦးေဆာင္ေနရတာေတြရွိပါတယ္။
အဲ့ဒီလို ကိုယ့္ကိုယ္ကိုယ္ နဲ႔ အျခားသူမ်ားကို စိတ္ခြန္အားေတြ၊ စြမ္းေဆာင္ႏိုင္စြမ္းေတြ မွ်ေဝၿပီး မိမိရဲ႕ ပတ္ဝန္းက်င္တစ္ခုလုံး တိုးတက္လာဖို႔အတြက္ လူတိုင္းသိထားသင့္တဲ့ ေခါင္းေဆာင္မႈ အခ်က္ (၃) ခ်က္ကေတာ့…
(၁) အခက္အခဲတစ္ခုခု ႀကဳံေတြ႕လာတဲ့အခါ ေျပာဆိုအျပစ္တင္တာထက္ အေျဖရွာဖို႔ႀကိဳးစားပါ
စိန္ေခၚမႈေတြ၊ အခက္အခဲေတြနဲ႔ ႀကဳံေတြ႕လာတဲ့အခါ လူတစ္ေယာက္(သို႔မဟုတ္) Team တစ္ခုလုံး မွားယြင္းေၾကာင္းေျပာဖို႔က လြယ္ပါတယ္။ ဒါေပမယ့္ တကယ့္ေခါင္းေဆာင္ေကာင္းေတြကေတာ့ မိမိ Team member ေတြကို ဒီအေျခအေနမွ ကာကြယ္ဖို႔အတြက္ အျခားနည္းလမ္းတစ္ခုခုနဲ႔ လုပ္ႏိုင္တာ ဘာရွိမလဲဆိုၿပီး ကိုယ့္ကိုယ္ကိုယ္ ျပန္စဥ္းစားလို႔ရေအာင္ အခ်ိန္ေပးတတ္ၾကပါတယ္။
“
(၂) ကိုယ့္ရဲ႕ Team member ေတြအေၾကာင္း ပိုၿပီး ေကာင္းစြာသိလာပါေစ
Team တစ္ခုကို ဦးေဆာင္တဲ့အခါ ကိုယ့္ Team member ေတြရဲ႕ စြမ္းေဆာင္ရည္ကိုသာ စိတ္ဝင္စား႐ုံမကဘဲ သူတို႔နဲ႔ ပတ္သက္ၿပီး သိထားသင့္တဲ့ အရာေတြကို အမွန္တကယ္ နားလည္ထားဖို႔ လိုပါတယ္။ ကိုယ့္ Team member ေတြ ဘာကိုတန္ဖိုးထားလဲ? သူတို႔ ဘာေတြစိတ္ပူပန္တတ္တာရွိလဲ? သူတို႔ဘဝမွာ လိုခ်င္တာ၊ ေမွ်ာ္လင့္တာက ဘာေတြလဲဆိုတာ ေကာင္းစြာ သိနားလည္ထားရပါလိမ့္မယ္။
(၃) ကိုယ္တိုင္ေရွ႕ကေနၿပီး ဦးေဆာင္လမ္းျပလုပ္ပါ။
ေခါင္းေဆာင္ေကာင္းဆိုတာ သူတို႔အရင္က လုပ္ခဲ့တာ၊ ေနာင္လည္း ထပ္ၿပီးလုပ္ေဆာင္ႏိုင္တာကို ျပသရပါတယ္။ တကယ့္ ေခါင္းေဆာင္ေကာင္းေတြဟာ ေရွ႕ကေန စလုပ္ျပတယ္၊ လုပ္ငန္းေတြကို ေအာင္ျမင္ေအာင္လုပ္တယ္၊ အတားအဆီးမွန္သမွ် ကိုယ့္ Team တစ္ခုလုံးနဲ႔ အတူတူ ရင္ဆိုင္ေက်ာ္လႊားတတ္ၾကသူေတြ ျဖစ္ပါတယ္။
မိတ္ေဆြအေနနဲ႔ အဖြဲ႕အစည္းတစ္ခုကို ေအာင္ျမင္စြာ ေခါင္းေဆာင္မႈျပဳခ်င္တယ္ဆိုရင္ မိတ္ေဆြမွာ “ေခါင္းေဆာင္မႈ”ဆိုင္ရာ အရည္အခ်င္းေတြေတာ့ ရွိထားသင့္ပါတယ္။
ဒါ့ေၾကာင့္ ဘယ္လိုနယ္ပယ္မွာပဲ အလုပ္လုပ္ကိုင္ေနပါေစ အေရးပါတဲ့ ေခါင္းေဆာင္မႈအရည္အခ်င္းေတြကို လူတိုင္း နားလည္တတ္ကြၽမ္းႏိုင္ေစဖို႔ လိုပါတယ္။