#Unicode Version
Smart Goal !!
လူတစ်ယောက် အောင်မြင်ဖို့၊ ချမ်းသာဖို့၊ တိုးတက်ကြီးပွားဖို့အတွက် ရည်မှန်းချက် ရှိရပါမယ်။ ဒါပေမဲ့ အဲဒီရည်မှန်းချက်ဟာ ယောင်ဝါးဝါး ရည်မှန်းချက်မျိုးတော့ ဖြစ်နေလို့ မရပါဘူး ခင်ဗျ။
“အောင်မြင်တဲ့သူ ဖြစ်ချင်ပါတယ်”၊ “ချမ်းသာချင်ပါတယ်”၊ “ဝိတ်ကျချင်ပါတယ်” ဆိုတဲ့ ရည်မှန်းချက်တွေဟာ ယောင်ဝါးဝါး နိုင်လွန်းပါတယ်။ အထာမကျ၊ စမတ်မကျတဲ့ ရည်မှန်းချက်မျိုးတွေပါ။ ဒါဆိုရင် စမတ်ကျတဲ့ ရည်မှန်းချက်မျိုးဆိုတာ ဘယ်လိုမျိုးလဲ။
SMART စမတ်ကျတဲ့ ရည်မှန်းချက်ဆိုတာ
S – Specific – တိကျရမယ်
M – Measurable – တိုင်းထွာလို့ ရ ရမယ်
A – Achievable – ဖြစ်နိုင်ခြေရှိရမယ်
R – Relevant – ကိုယ်နဲ့ ဆိုင်ရမယ်
T – Time-bound – အချိန် ကန့်သတ်ထားရမယ်
မြန်မာလို မှတ်ရလွယ်အောင် ဆောင်ပုဒ်လေး ရေးပေးထားပါတယ်။
“တိကျ၊ တိုင်းထွာ၊ ဖြစ်နိုင်တာ၊ ဆိုင်ရာသတ်မှတ်၊ ချိန်ကန့်သတ်။”
“
(၁) တိကျရမယ်
ရည်မှန်းချက်ကို တိကျနိုင်သလောက် တိကျအောင် သတ်မှတ်ပါ။ “ချမ်းသာချင်တယ်” ဆိုတာထက် “ငွေ ဘယ်လောက်တိတိကို ဘယ်နှစ်နှစ် အကြာမှာ ဘာအလုပ်လုပ်ပြီး ရအောင်ကြိုးစားမယ်” ဆိုတဲ့ ရည်မှန်းချက်မျိုး ဖြစ်သင့်ပါတယ်။
(၂) တိုင်းထွာလို့ ရ,ရမယ်
“ဝိတ်ကျချင်တယ်” ဆိုတာထက် “ဘယ်နှစ်ပေါင် ကျချင်တယ်”၊ “ကိုယ်အလေးချိန်ကို ဘယ်နှစ်ပေါင်အောက်မှာရှိနေအောင် ကြိုးစားမယ်” ဆိုတာမျိုး ဖြစ်ရပါမယ်။
(၃) ဖြစ်နိုင်ခြေရှိရမယ်
ရည်မှန်းချက်ဟာ ဖြစ်နိုင်တဲ့ ရည်မှန်းချက် ဖြစ်ရပါမယ်။ “မနက်ဖြန် ထီပေါက်ရမယ်” ဆိုတာမျိုး၊ “မနက်ဖြန် ပေါင် ၅၀ ဝိတ်ချက်ချင်းကျစေရမယ်” ဆိုတာမျိုးတွေကတော့ ဖြစ်နိုင်ခြေနည်းလှပါတယ်။
(၄) ကိုယ်နဲ့ ဆိုင်ရမယ်
ကိုယ်နဲ့ မသက်ဆိုင် မပတ်သက်တဲ့ ရည်မှန်းချက် မဖြစ်ရပါဘူး။ ဥပမာ ”မြန်မာ အမျိုးသား ဘောလုံး အသင်း ၂၀၂၁ အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာ ဗိုလ်စွဲရမယ်” ဆိုတဲ့ ရည်မှန်းချက်ဟာ ဘောလုံးပရိသတ်တွေဖြစ်တဲ့ ကျွန်တော်တို့နဲ့ သက်ဆိုင်တဲ့ ရည်မှန်းချက် မဟုတ်ပါဘူး။ အားပေးရုံက လွဲပြီး ကိုယ်လည်း ဝင်ကန်ဖို့ မစွမ်းဘူးလေ။ ဘောလုံးအသင်းနဲ့ နီးစပ်သက်ဆိုင်တဲ့ ကစားသမား၊ နည်းပြ၊ အားကစား အသင်းအဖွဲ့တွေဆိုရင်တော့ ဒီရည်မှန်းချက်ကို ထားလို့ရပါတယ်။ ဖြစ်နိုင်ခြေ ရှိမရှိတော့ သေချာ သုံးသပ်ကြရမှာပေါ့။
ရည်မှန်းချက်ဟာ ကိုယ်နဲ့ တိုက်ရိုက်သက်ဆိုင်ပြီး ကိုယ့်အတွက် တကယ် လိုအပ်တာမျိုး ဖြစ်နေရပါမယ်။
(၅) အချိန် ကန့်သတ်ထားရမယ်
ရည်မှန်းချက်ကို ဘယ်အချိန်မှာ ဖြစ်မြောက်အောင် လုပ်မယ်ဆိုတာကို အချိန်ကန့်သတ်ထားရပါမယ်။ အချိန် ကန့်သတ်မထားရင် အလုပ်မဖြစ်ပါဘူး။
“ငွေသခင် ဖြစ်ရမယ်” ဆိုတာထက် “ငွေသခင်ဖြစ်ဖို့ အတွက် ဘာအလုပ်တွေလုပ်ပြီး အသက် ဘယ်လောက်မှာ ငွေဘယ်လောက် ပိုင်ဆိုင်ရမယ်” ဆိုတဲ့ ရည်မှန်းချက်က ပိုပြီး စမတ်ကျပါတယ်။
“တိကျ၊ တိုင်းထွာ၊ ဖြစ်နိုင်တာ၊ ဆိုင်ရာ သတ်မှတ်၊ ချိန်ကန့်သတ်။”ဆောင်ပုဒ်က မှတ်ရတာ ခက်လိုက်တာ။ ပိုတိုတာလေး မရှိဘူးလား?? ရှိတာပေါ့။
“တိ၊ တိုင်း၊ ဖြစ်၊ ဆိုင်၊ ကန့်”
ကဲ ပြီးရောပေါ့။
ဒါနဲ့ စကားမစပ် ”မြန်မာ့ အားကစား ကမ္ဘာကို လွှမ်းရမည်” ဆိုတဲ့ ရည်မှန်းချက်ဟာ စမတ်ကျမကျ ဆိုတာလေးကို သုံးသပ် မှတ်ချက်ပေးခဲ့ကြပါဦး ခင်ဗျာ။
\zawgyi
#Unicode Version
Smart Goal !!
လူတစ္ေယာက္ ေအာင္ျမင္ဖို႔၊ ခ်မ္းသာဖို႔၊ တိုးတက္ႀကီးပြားဖို႔အတြက္ ရည္မွန္းခ်က္ ရွိရပါမယ္။ ဒါေပမဲ့ အဲဒီရည္မွန္းခ်က္ဟာ ေယာင္ဝါးဝါး ရည္မွန္းခ်က္မ်ိဳးေတာ့ ျဖစ္ေနလို႔ မရပါဘူး ခင္ဗ်။
“ေအာင္ျမင္တဲ့သူ ျဖစ္ခ်င္ပါတယ္”၊ “ခ်မ္းသာခ်င္ပါတယ္”၊ “ဝိတ္က်ခ်င္ပါတယ္” ဆိုတဲ့ ရည္မွန္းခ်က္ေတြဟာ ေယာင္ဝါးဝါး ႏိုင္လြန္းပါတယ္။ အထာမက်၊ စမတ္မက်တဲ့ ရည္မွန္းခ်က္မ်ိဳးေတြပါ။ ဒါဆိုရင္ စမတ္က်တဲ့ ရည္မွန္းခ်က္မ်ိဳးဆိုတာ ဘယ္လိုမ်ိဳးလဲ။
SMART စမတ္က်တဲ့ ရည္မွန္းခ်က္ဆိုတာ
S – Specific – တိက်ရမယ္
M – Measurable – တိုင္းထြာလို႔ ရ ရမယ္
A – Achievable – ျဖစ္ႏိုင္ေျခရွိရမယ္
R – Relevant – ကိုယ္နဲ႔ ဆိုင္ရမယ္
T – Time-bound – အခ်ိန္ ကန႔္သတ္ထားရမယ္
ျမန္မာလို မွတ္ရလြယ္ေအာင္ ေဆာင္ပုဒ္ေလး ေရးေပးထားပါတယ္။
“တိက်၊ တိုင္းထြာ၊ ျဖစ္ႏိုင္တာ၊ ဆိုင္ရာသတ္မွတ္၊ ခ်ိန္ကန႔္သတ္။”
“
(၁) တိက်ရမယ္
ရည္မွန္းခ်က္ကို တိက်ႏိုင္သေလာက္ တိက်ေအာင္ သတ္မွတ္ပါ။ “ခ်မ္းသာခ်င္တယ္” ဆိုတာထက္ “ေငြ ဘယ္ေလာက္တိတိကို ဘယ္ႏွစ္ႏွစ္ အၾကာမွာ ဘာအလုပ္လုပ္ၿပီး ရေအာင္ႀကိဳးစားမယ္” ဆိုတဲ့ ရည္မွန္းခ်က္မ်ိဳး ျဖစ္သင့္ပါတယ္။
(၂) တိုင္းထြာလို႔ ရ,ရမယ္
“ဝိတ္က်ခ်င္တယ္” ဆိုတာထက္ “ဘယ္ႏွစ္ေပါင္ က်ခ်င္တယ္”၊ “ကိုယ္အေလးခ်ိန္ကို ဘယ္ႏွစ္ေပါင္ေအာက္မွာရွိေနေအာင္ ႀကိဳးစားမယ္” ဆိုတာမ်ိဳး ျဖစ္ရပါမယ္။
(၃) ျဖစ္ႏိုင္ေျခရွိရမယ္
ရည္မွန္းခ်က္ဟာ ျဖစ္ႏိုင္တဲ့ ရည္မွန္းခ်က္ ျဖစ္ရပါမယ္။ “မနက္ျဖန္ ထီေပါက္ရမယ္” ဆိုတာမ်ိဳး၊ “မနက္ျဖန္ ေပါင္ ၅၀ ဝိတ္ခ်က္ခ်င္းက်ေစရမယ္” ဆိုတာမ်ိဳးေတြကေတာ့ ျဖစ္ႏိုင္ေျခနည္းလွပါတယ္။
(၄) ကိုယ္နဲ႔ ဆိုင္ရမယ္
ကိုယ္နဲ႔ မသက္ဆိုင္ မပတ္သက္တဲ့ ရည္မွန္းခ်က္ မျဖစ္ရပါဘူး။ ဥပမာ ”ျမန္မာ အမ်ိဳးသား ေဘာလုံး အသင္း ၂၀၂၁ အေရွ႕ေတာင္အာရွအားကစားၿပိဳင္ပြဲမွာ ဗိုလ္စြဲရမယ္” ဆိုတဲ့ ရည္မွန္းခ်က္ဟာ ေဘာလုံးပရိသတ္ေတြျဖစ္တဲ့ ကြၽန္ေတာ္တို႔နဲ႔ သက္ဆိုင္တဲ့ ရည္မွန္းခ်က္ မဟုတ္ပါဘူး။ အားေပး႐ုံက လြဲၿပီး ကိုယ္လည္း ဝင္ကန္ဖို႔ မစြမ္းဘူးေလ။ ေဘာလုံးအသင္းနဲ႔ နီးစပ္သက္ဆိုင္တဲ့ ကစားသမား၊ နည္းျပ၊ အားကစား အသင္းအဖြဲ႕ေတြဆိုရင္ေတာ့ ဒီရည္မွန္းခ်က္ကို ထားလို႔ရပါတယ္။ ျဖစ္ႏိုင္ေျခ ရွိမရွိေတာ့ ေသခ်ာ သုံးသပ္ၾကရမွာေပါ့။
ရည္မွန္းခ်က္ဟာ ကိုယ္နဲ႔ တိုက္႐ိုက္သက္ဆိုင္ၿပီး ကိုယ့္အတြက္ တကယ္ လိုအပ္တာမ်ိဳး ျဖစ္ေနရပါမယ္။
(၅) အခ်ိန္ ကန႔္သတ္ထားရမယ္
ရည္မွန္းခ်က္ကို ဘယ္အခ်ိန္မွာ ျဖစ္ေျမာက္ေအာင္ လုပ္မယ္ဆိုတာကို အခ်ိန္ကန႔္သတ္ထားရပါမယ္။ အခ်ိန္ ကန႔္သတ္မထားရင္ အလုပ္မျဖစ္ပါဘူး။
“ေငြသခင္ ျဖစ္ရမယ္” ဆိုတာထက္ “ေငြသခင္ျဖစ္ဖို႔ အတြက္ ဘာအလုပ္ေတြလုပ္ၿပီး အသက္ ဘယ္ေလာက္မွာ ေငြဘယ္ေလာက္ ပိုင္ဆိုင္ရမယ္” ဆိုတဲ့ ရည္မွန္းခ်က္က ပိုၿပီး စမတ္က်ပါတယ္။
“တိက်၊ တိုင္းထြာ၊ ျဖစ္ႏိုင္တာ၊ ဆိုင္ရာ သတ္မွတ္၊ ခ်ိန္ကန႔္သတ္။”ေဆာင္ပုဒ္က မွတ္ရတာ ခက္လိုက္တာ။ ပိုတိုတာေလး မရွိဘူးလား?? ရွိတာေပါ့။
“တိ၊ တိုင္း၊ ျဖစ္၊ ဆိုင္၊ ကန႔္”
ကဲ ၿပီးေရာေပါ့။
ဒါနဲ႔ စကားမစပ္ ”ျမန္မာ့ အားကစား ကမာၻကို လႊမ္းရမည္” ဆိုတဲ့ ရည္မွန္းခ်က္ဟာ စမတ္က်မက် ဆိုတာေလးကို သုံးသပ္ မွတ္ခ်က္ေပးခဲ့ၾကပါဦး ခင္ဗ်ာ။