Sun. May 22nd, 2022

Unicode Version

အောင်မြင်ကျော်ကြားနေသူတွေဟာ ကံကောင်းလို့ ဒါမှမဟုတ် အကြောင်းအမျိုးမျိုးကြောင့် သူဌေးဖြစ်နေကြပြီး အောင်မြင်နေကြတာ ဖြစ်ပါတယ်။ သူတို့တွေဟာ သူဌေးဖြစ်နည်း စာအုပ်တွေဖတ်ပြီး စာအုပ်ကြီးအတိုင်း လိုက်လုပ်လို့ အောင်မြင်လာတယ်လို့တော့ မရှိပါဘူး။ များသောအားဖြင့် ကိုယ့်ရဲ့ကြိုးစားမူကြောင့်သာလျှင် နာမည်ကြီး အောင်မြင်လာကြသူများသာ ဖြစ်ပါတယ်။

၁။ ရိုးရိုးလေးနေရင်လည်း ရပါတယ်

ဟန်ဆောင်ပြီး ပြုံးနေရင်လည်း စိတ်မပါတဲ့အတွက်ကြောင့် စိတ်ညစ်ရပါလိမ့်မယ်။ ရိုးရိုးသားသား နေမယ်ဆိုရင် ဒီလူကတော့ ယုံကြည်ရမယ်လို့ တဖက်သားက အခွင့်အရေးပေးမှာ အမှန်ပါ။

၂။ သူတစ်ပါးက အကြံပေးတာကို ဂရုတစိုက် လက်ခံနားထောင်ပါ

အကြံပေးခံရတဲ့အခါမှာ အပြစ်ကို ပြောသလို ရှိကောင်း ရှိပါလိမ့်မယ်။ ဒါကို အကောင်းဘက်က တွေးပြီး လက်ခံဆောင်ရွက်သင့်ပါတယ်။

၃။ အခြားသောသူကို မတုပါနဲ့

သူ့လို အောင်မြင်ချင်တယ်ဆိုတိုင်း သူလုပ်သလိုလုပ်မယ် ဆိုရင်တော့ အောင်မြင်မယ်လို့ မထင်ပါဘူး။
သူအောင်မြင်တဲ့ အကြောင်းရင်းနဲ့ ကိုယ့်ရဲ့ အခြေအနေက တူမယ်လို့ မထင်ဘူး။ ဒီအတွက်ကြောင့် ကိုယ့်လုပ်ဆောင်နေကျအတိုင်းသာ ဆက်လက်လုပ်ဆောင်သွားသင့်ပါတယ်။

၄။ ဝီရိယရှိရှိကြိုးစားရင် ကံကောင်းလာပါလိမ့်မယ်

မှန်မှန်သာ ကြိုးစားသွားရင်တော့ အောင်မြင်ပါလိမ့်မယ်။ ကိုယ့်ကကြိုးစားနေရင် ကိုယ့်ပတ်ဝန်းကျင်မှာလည်း ကိုယ်နဲ့စိတ်တူ ကိုယ်တူ သူငယ်ချင်း အပေါင်းအသင်းက ကိုယ့်နားကို ရောက်ကို ရောက်လာမှာပါ။

၅။ သူတပါး မလုပ်ချင်တဲ့ အလုပ်ကို လုပ်နိုင်ရမယ်

သူများတွေ မလုပ်ချင်သော အလုပ်ကို ကိုယ်ကလုပ်နိုင်ရင် စီးပွားရေးအရတွေးရင် အောင်မြင်ရန် အခွင့်အရေး ပိုများပါတယ်။ ဘာကြောင့်လဲဆိုတော့ အခြားသော သူများက ဒီအလုပ် ဒီစျေးကွက်ကို နားမလည်လို့ပါ။

၆။ လက်ရှိ လုပ်နေတဲ့အလုပ်ကို အစွမ်းကုန် ကြိုးစားပြီးလုပ်ပါ

စိတ်ဝင်စားစရာ မကောင်းသော အလုပ်ကို လုပ်နေတာပဲဖြစ်ဖြစ်၊ စိတ်ညစ်စရာ မကောင်းသောအလုပ်ကို လုပ်နေတာပဲဖြစ်ဖြစ် ကြိုးစားပြီး လုပ်စေချင်ပါတယ်။ လက်ရှိအလုပ်ကို ကြိုးစားပြီးလုပ်ရင် ကံကောင်းခြင်းတွေက ကိုယ့်ဆီကို အလိုလို ရောက်လာပါလိမ့်မယ်။

၇။ အောင်မြင်မယ်လို့ ယုံကြည်ထားသူ

အောင်မြင်မူကို ခံနိုင်ရည်ရှိသူဖြစ်ရသလို၊ ဖြစ်ပေါ်လာမည့် ပြသာနာကိုလည်း ရဲရဲကြီး ရင်ဆိုင်ရမှာပါ။ ဘာပြသာနာနဲ့ပဲ ကြုံကြုံ စိတ်အေးအေးထားပြီး ဖြေရှင်းရပါလိမ့်မယ်။

ကိုယ်ချစ်ရတဲ့သူတွေကို ပြန်မျှ‌ဝေဖို့မမေ့နဲ့နော်”

 

 

 

zawgyi

Unicode Version

ေအာင္ျမင္ေက်ာ္ၾကားေနသူေတြဟာ ကံေကာင္းလို႔ ဒါမွမဟုတ္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ သူေဌးျဖစ္ေနၾကၿပီး ေအာင္ျမင္ေနၾကတာ ျဖစ္ပါတယ္။ သူတို႔ေတြဟာ သူေဌးျဖစ္နည္း စာအုပ္ေတြဖတ္ၿပီး စာအုပ္ႀကီးအတိုင္း လိုက္လုပ္လို႔ ေအာင္ျမင္လာတယ္လို႔ေတာ့ မရွိပါဘူး။ မ်ားေသာအားျဖင့္ ကိုယ့္ရဲ႕ႀကိဳးစားမူေၾကာင့္သာလွ်င္ နာမည္ႀကီး ေအာင္ျမင္လာၾကသူမ်ားသာ ျဖစ္ပါတယ္။

၁။ ႐ိုး႐ိုးေလးေနရင္လည္း ရပါတယ္

 

ဟန္ေဆာင္ၿပီး ၿပဳံးေနရင္လည္း စိတ္မပါတဲ့အတြက္ေၾကာင့္ စိတ္ညစ္ရပါလိမ့္မယ္။ ႐ိုး႐ိုးသားသား ေနမယ္ဆိုရင္ ဒီလူကေတာ့ ယုံၾကည္ရမယ္လို႔ တဖက္သားက အခြင့္အေရးေပးမွာ အမွန္ပါ။

၂။ သူတစ္ပါးက အႀကံေပးတာကို ဂ႐ုတစိုက္ လက္ခံနားေထာင္ပါ

 

အႀကံေပးခံရတဲ့အခါမွာ အျပစ္ကို ေျပာသလို ရွိေကာင္း ရွိပါလိမ့္မယ္။ ဒါကို အေကာင္းဘက္က ေတြးၿပီး လက္ခံေဆာင္႐ြက္သင့္ပါတယ္။

၃။ အျခားေသာသူကို မတုပါနဲ႔

 

သူ႔လို ေအာင္ျမင္ခ်င္တယ္ဆိုတိုင္း သူလုပ္သလိုလုပ္မယ္ ဆိုရင္ေတာ့ ေအာင္ျမင္မယ္လို႔ မထင္ပါဘူး။
သူေအာင္ျမင္တဲ့ အေၾကာင္းရင္းနဲ႔ ကိုယ့္ရဲ႕ အေျခအေနက တူမယ္လို႔ မထင္ဘူး။ ဒီအတြက္ေၾကာင့္ ကိုယ့္လုပ္ေဆာင္ေနက်အတိုင္းသာ ဆက္လက္လုပ္ေဆာင္သြားသင့္ပါတယ္။

၄။ ဝီရိယရွိရွိႀကိဳးစားရင္ ကံေကာင္းလာပါလိမ့္မယ္

မွန္မွန္သာ ႀကိဳးစားသြားရင္ေတာ့ ေအာင္ျမင္ပါလိမ့္မယ္။ ကိုယ့္ကႀကိဳးစားေနရင္ ကိုယ့္ပတ္ဝန္းက်င္မွာလည္း ကိုယ္နဲ႔စိတ္တူ ကိုယ္တူ သူငယ္ခ်င္း အေပါင္းအသင္းက ကိုယ့္နားကို ေရာက္ကို ေရာက္လာမွာပါ။

၅။ သူတပါး မလုပ္ခ်င္တဲ့ အလုပ္ကို လုပ္ႏိုင္ရမယ္

သူမ်ားေတြ မလုပ္ခ်င္ေသာ အလုပ္ကို ကိုယ္ကလုပ္ႏိုင္ရင္ စီးပြားေရးအရေတြးရင္ ေအာင္ျမင္ရန္ အခြင့္အေရး ပိုမ်ားပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အျခားေသာ သူမ်ားက ဒီအလုပ္ ဒီေစ်းကြက္ကို နားမလည္လို႔ပါ။

၆။ လက္ရွိ လုပ္ေနတဲ့အလုပ္ကို အစြမ္းကုန္ ႀကိဳးစားၿပီးလုပ္ပါ

စိတ္ဝင္စားစရာ မေကာင္းေသာ အလုပ္ကို လုပ္ေနတာပဲျဖစ္ျဖစ္၊ စိတ္ညစ္စရာ မေကာင္းေသာအလုပ္ကို လုပ္ေနတာပဲျဖစ္ျဖစ္ ႀကိဳးစားၿပီး လုပ္ေစခ်င္ပါတယ္။ လက္ရွိအလုပ္ကို ႀကိဳးစားၿပီးလုပ္ရင္ ကံေကာင္းျခင္းေတြက ကိုယ့္ဆီကို အလိုလို ေရာက္လာပါလိမ့္မယ္။

၇။ ေအာင္ျမင္မယ္လို႔ ယုံၾကည္ထားသူ

ေအာင္ျမင္မူကို ခံႏိုင္ရည္ရွိသူျဖစ္ရသလို၊ ျဖစ္ေပၚလာမည့္ ျပသာနာကိုလည္း ရဲရဲႀကီး ရင္ဆိုင္ရမွာပါ။ ဘာျပသာနာနဲ႔ပဲ ႀကဳံႀကဳံ စိတ္ေအးေအးထားၿပီး ေျဖရွင္းရပါလိမ့္မယ္။

ကိုယ္ခ်စ္ရတဲ့သူေတြကို ျပန္မွ်‌ေဝဖို႔မေမ့နဲ႔ေနာ္”

 

 

 

Leave a Reply

Your email address will not be published.