Sun. May 22nd, 2022

Unicode Version

 

အောင်မြင်ကျော်ကြားတဲ့ သူတွေရဲ့နောက်ကွယ်မှာ ခါးသီးတဲ့ စည်းကမ်းတွေရှိပါတယ်။ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးပြီး ဆန္ဒကို သိက္ခာနဲ့ ထိန်းသိမ်းတတ်တဲ့သူတွေ၊ စိတ်ကူးအိပ်မက် ကြီးကြီးမားမား ပိုင်ဆိုင်ထားတဲ့သူတွေဟာ တစ်ချိန်မှာတော့ တကယ့်ကို လျှမ်းလျှမ်းတောက် အောင်မြင်တဲ့သူတွေ ဖြစ်လာပါတော့တယ်။

အခုဖော်ပြပေးမှာကတော့ ကိုယ်ဝါသနာပါရာလိုင်းတွေမှာ အမြင့်ဆုံးသောအောင်မြင်မှုတွေ ရချင်တဲ့သူတွေအတွက် ၂၀ ကျော်အရွယ်ကနေ စတင်ပြုပြင်သင့်တဲ့ အချက်လေးတွေပဲဖြစ်ပါတယ်။ ကြီးမားတဲ့စိတ်ကူးတွေ၊ အိပ်မက်တွေရှိတဲ့ လူငယ်တွေအတွက် တကယ်ကို ဖတ်သင့်တဲ့ဆောင်းပါးလေးတစ်ပုဒ်လည်းဖြစ်ပါတယ်။


(၁) ဆုံးဖြတ်ချက်တွေကို ပြန်ရှင်းပြမနေပါနဲ့တော့

 

သင်ဘာကြောင့် ဒီအရာကို ဆုံးဖြတ်ခဲ့တာလဲ။ ဒီလမ်းကြောင်းကို ရွေးချယ်ခဲ့တာလဲဆိုတာနဲ့ ပတ်သက်ပြီး ကိုယ့်ဘဝအတွက် တကယ်ကို အရေးပါတဲ့သူတွေကလွဲရင် ရှင်းပြမနေပါနဲ့တော့။ ဆုံးဖြတ်ချက်ချခဲ့ပြီးသား၊ ရွေးချယ်ခဲ့ပြီးသားအရာတွေအတွက် ငါမှားများ မှားသွားပြီလားဆိုတဲ့ သံသယတွေ၊ ဒွိဟစိတ်တွေကို ဖျောက်လိုက်ပါ။

(၂) ရည်မှန်းချက်တွေကို အာရုံစိုက်ပါ

သင့်ဘဝမှာ မကောင်းတဲ့သူတွေ၊ သင့်ကို စိတ်အနှောက်အယှက် ဖြစ်စေတဲ့သူတွေကို နှုတ်ဆက်လိုက်ပါတော့။ အနာဂတ်မှာ သင်လိုချင်တဲ့ ပန်းတိုင်ကိုသာ မျှော်မှန်းပြီး လက်တွေ့အကောင်အထည် ဖော်ဖို့ကိုသာ စတင်ပြီး အာရုံစိုက်ပါ။

(၃) ကြေကွဲစရာတွေကို မေ့လိုက်ပါ

 

အတိတ်ကဖြစ်ပျက်ခဲ့တဲ့ ဝမ်းနည်းစရာ၊ ကြေကွဲစရာ၊ ဆွေးစရာ၊ လွမ်းစရာတွေ အားလုံးကို မေ့လိုက်ပါ။ ဒီအရာတွေက ဘဝ မဟုတ်ပါဘူး။ ဘဝတက်လမ်းကို ပိတ်ပင်တဲ့ အတားအဆီးတွေသာ ဖြစ်တာကြောင့် ထားခဲ့လိုက်ပါတော့။

(၄) သူများအကြိုက် မနေပါနဲ့တော့

 

မှန်ရှေ့မှာပဲ အချိန်တွေကုန်ပြီး အလှတွေပြင် အဝတ်အစားတွေ တစ်ထည်ပြီး တစ်ထည်ရွေး ကိုယ့်ကိုယ်ကို စိတ်တိုင်းမကျတဲ့ နေ့တွေအားလုံးကို အဆုံးသတ်လိုက်ပါတော့။ သူများတွေ ဘယ်လိုမြင်မှာ ဘယ်လိုပြောမှာ စတာတွေကို ဂရုမစိုက်ဘဲ သင်တကယ် လုပ်ချင်စိတ်ရှိမှလုပ်ပါ။ သူများအကြိုက် လိုက်မနေပါနဲ့တော့။

(၅) ဟန်ဆောင်တာတွေ ရပ်လိုက်ပါ
ကျောင်းမှာ ပေါ်ပြူလာအဖြစ်ဆုံး ကောင်မလေး တစ်ယောက်ယောက်၊ ဒါမှမဟုတ် နာမည်ကျော် တစ်ယောက်ယောက်ရဲ့ ပုံစံတူကို လိုက်ပြီး မနေပါနဲ့။ သင့်ရဲ့အရှိကိုအရှိအတိုင်းလက်ခံတတ်ပြီး သင့်ရဲ့ပင်ကိုယ်သဘာဝမှာ ပျော်ပျော်နေတတ်ဖို့ စိတ်ကျေနပ်ဖို့ အခုကစပြီး သင်ယူပါ။

(၆) ကိုယ်နှစ်သက်တဲ့အလုပ်အကိုင်ကိုပဲ ရွေးပါ
သူများတွေ မင်းသမီးဖြစ်လို့ သင် မင်းသမီးဖြစ်စရာ မလိုပါဘူး။ သင့်ရဲ့ ရည်မှန်းချက် သင့်ရဲ့ဘဝဟာ သင့်လက်ထဲမှာပဲရှိပါတယ်။ ဒါကြောင့် သင်ဝါသနာ မပါပေမယ့် ဂုဏ်ရှိစေမယ့် အလုပ်အကိုင်တွေထက် ဂုဏ်တွေဘာမှ မရှိရင်တောင် သင်နှစ်သက်တဲ့ အလုပ်မျိုးကိုပဲ ရွေးချယ်ပါ။

(၇) ခန္ဓာကိုယ်ကို ဂရုမစိုက်တာတွေ မလုပ်ပါနဲ့တော့
သင့်ရဲ့ ခန္ဓာကိုယ်ကြီးဟာ အမှိုက်ပုံမဟုတ်ပါဘူး။ ဒါကြောင့် သေသေချာချာပြုစုတတ်ဖို့၊ သေသေချာချာ ချစ်တတ်ဖို့ လိုအပ်ပါတယ်။ လိုအပ်တဲ့ လေ့ကျင့်ခန်း၊ ကိုယ်လက်လှုပ်ရှားမှုတွေ ပြုလုပ်ပေးတာ၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာမျိုးတွေ ရွေးချယ်စားသုံးပေးတာတွေကို အခုကစပြီး လုပ်သင့်ပါပြီ။ သင်အသက်ကြီးလာတဲ့အခါ ဒီအရာတွေအတွက် ကျေးဇူးတင်နေမှာပါ။

“Do not think that you need love to be happy”
(၈) ပျော်ရွှင်ဖို့အတွက် အချစ်လိုတယ်ဆိုတဲ့အတွေးမျိုး မတွေးပါနဲ့တော့
သင့်ဘဝမှာ ပျော်ရွှင်မှုကို တွေ့ရှိရဖို့အတွက် ချစ်သူတစ်ယောက်လိုအပ်တယ်။ မဖြစ်မနေ ချစ်သူရှိမှ ရမယ်ဆိုတဲ့ အတွေးမျိုးကို လုံးဝရပ်လိုက်ပါ။အမှန်တကယ်ကတော့ ပျော်ရွှင်မှုဆိုတာ သင့်ရဲ့ရွေးချယ်မှုပါပဲ။ တစ်ယောက်တည်းဖြစ်နေရင်တောင် ပျော်ပျော်နေတတ်ဖို့ သင်ယူပါ။

(၉) တခြားသူတွေနဲ့ နှိုင်းယှဉ်နေတာတွေ ရပ်လိုက်ပါ
သင်ဟာ ဘယ်တော့မှတခြားလူမဖြစ်သွားနိုင်သလို၊ တခြားသူတစ်ယောက်ယောက်ကလည်း သင်ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် သင့်ကိုသင် သူများတွေနဲ့ နှိုင်းယှဉ်တာမျိုးတွေ ရပ်လိုက်ပါ။ သင်ဟာ ကမ္ဘာပေါ်မှာ တစ်ဦးတည်းသော ပြိုင်စံရှား လူတစ်ယောက်ဖြစ်တယ် ဆိုတာ စတင်လက်ခံလိုက်ပါ။

 

zawgyi

Unicode Version

 

ေအာင္ျမင္ေက်ာ္ၾကားတဲ့ သူေတြရဲ႕ေနာက္ကြယ္မွာ ခါးသီးတဲ့ စည္းကမ္းေတြရွိပါတယ္။ ျဖစ္ခ်င္တာထက္ ျဖစ္သင့္တာကို ဦးစားေပးၿပီး ဆႏၵကို သိကၡာနဲ႔ ထိန္းသိမ္းတတ္တဲ့သူေတြ၊ စိတ္ကူးအိပ္မက္ ႀကီးႀကီးမားမား ပိုင္ဆိုင္ထားတဲ့သူေတြဟာ တစ္ခ်ိန္မွာေတာ့ တကယ့္ကို လွ်မ္းလွ်မ္းေတာက္ ေအာင္ျမင္တဲ့သူေတြ ျဖစ္လာပါေတာ့တယ္။

အခုေဖာ္ျပေပးမွာကေတာ့ ကိုယ္ဝါသနာပါရာလိုင္းေတြမွာ အျမင့္ဆုံးေသာေအာင္ျမင္မႈေတြ ရခ်င္တဲ့သူေတြအတြက္ ၂၀ ေက်ာ္အ႐ြယ္ကေန စတင္ျပဳျပင္သင့္တဲ့ အခ်က္ေလးေတြပဲျဖစ္ပါတယ္။ ႀကီးမားတဲ့စိတ္ကူးေတြ၊ အိပ္မက္ေတြရွိတဲ့ လူငယ္ေတြအတြက္ တကယ္ကို ဖတ္သင့္တဲ့ေဆာင္းပါးေလးတစ္ပုဒ္လည္းျဖစ္ပါတယ္။


(၁) ဆုံးျဖတ္ခ်က္ေတြကို ျပန္ရွင္းျပမေနပါနဲ႔ေတာ့

 

 

သင္ဘာေၾကာင့္ ဒီအရာကို ဆုံးျဖတ္ခဲ့တာလဲ။ ဒီလမ္းေၾကာင္းကို ေ႐ြးခ်ယ္ခဲ့တာလဲဆိုတာနဲ႔ ပတ္သက္ၿပီး ကိုယ့္ဘဝအတြက္ တကယ္ကို အေရးပါတဲ့သူေတြကလြဲရင္ ရွင္းျပမေနပါနဲ႔ေတာ့။ ဆုံးျဖတ္ခ်က္ခ်ခဲ့ၿပီးသား၊ ေ႐ြးခ်ယ္ခဲ့ၿပီးသားအရာေတြအတြက္ ငါမွားမ်ား မွားသြားၿပီလားဆိုတဲ့ သံသယေတြ၊ ဒြိဟစိတ္ေတြကို ေဖ်ာက္လိုက္ပါ။

(၂) ရည္မွန္းခ်က္ေတြကို အာ႐ုံစိုက္ပါ

 

သင့္ဘဝမွာ မေကာင္းတဲ့သူေတြ၊ သင့္ကို စိတ္အေႏွာက္အယွက္ ျဖစ္ေစတဲ့သူေတြကို ႏႈတ္ဆက္လိုက္ပါေတာ့။ အနာဂတ္မွာ သင္လိုခ်င္တဲ့ ပန္းတိုင္ကိုသာ ေမွ်ာ္မွန္းၿပီး လက္ေတြ႕အေကာင္အထည္ ေဖာ္ဖို႔ကိုသာ စတင္ၿပီး အာ႐ုံစိုက္ပါ။

(၃) ေၾကကြဲစရာေတြကို ေမ့လိုက္ပါ

 

 

အတိတ္ကျဖစ္ပ်က္ခဲ့တဲ့ ဝမ္းနည္းစရာ၊ ေၾကကြဲစရာ၊ ေဆြးစရာ၊ လြမ္းစရာေတြ အားလုံးကို ေမ့လိုက္ပါ။ ဒီအရာေတြက ဘဝ မဟုတ္ပါဘူး။ ဘဝတက္လမ္းကို ပိတ္ပင္တဲ့ အတားအဆီးေတြသာ ျဖစ္တာေၾကာင့္ ထားခဲ့လိုက္ပါေတာ့။

(၄) သူမ်ားအႀကိဳက္ မေနပါနဲ႔ေတာ့

 

 

မွန္ေရွ႕မွာပဲ အခ်ိန္ေတြကုန္ၿပီး အလွေတြျပင္ အဝတ္အစားေတြ တစ္ထည္ၿပီး တစ္ထည္ေ႐ြး ကိုယ့္ကိုယ္ကို စိတ္တိုင္းမက်တဲ့ ေန႔ေတြအားလုံးကို အဆုံးသတ္လိုက္ပါေတာ့။ သူမ်ားေတြ ဘယ္လိုျမင္မွာ ဘယ္လိုေျပာမွာ စတာေတြကို ဂ႐ုမစိုက္ဘဲ သင္တကယ္ လုပ္ခ်င္စိတ္ရွိမွလုပ္ပါ။ သူမ်ားအႀကိဳက္ လိုက္မေနပါနဲ႔ေတာ့။

(၅) ဟန္ေဆာင္တာေတြ ရပ္လိုက္ပါ
ေက်ာင္းမွာ ေပၚျပဴလာအျဖစ္ဆုံး ေကာင္မေလး တစ္ေယာက္ေယာက္၊ ဒါမွမဟုတ္ နာမည္ေက်ာ္ တစ္ေယာက္ေယာက္ရဲ႕ ပုံစံတူကို လိုက္ၿပီး မေနပါနဲ႔။ သင့္ရဲ႕အရွိကိုအရွိအတိုင္းလက္ခံတတ္ၿပီး သင့္ရဲ႕ပင္ကိုယ္သဘာဝမွာ ေပ်ာ္ေပ်ာ္ေနတတ္ဖို႔ စိတ္ေက်နပ္ဖို႔ အခုကစၿပီး သင္ယူပါ။

(၆) ကိုယ္ႏွစ္သက္တဲ့အလုပ္အကိုင္ကိုပဲ ေ႐ြးပါ
သူမ်ားေတြ မင္းသမီးျဖစ္လို႔ သင္ မင္းသမီးျဖစ္စရာ မလိုပါဘူး။ သင့္ရဲ႕ ရည္မွန္းခ်က္ သင့္ရဲ႕ဘဝဟာ သင့္လက္ထဲမွာပဲရွိပါတယ္။ ဒါေၾကာင့္ သင္ဝါသနာ မပါေပမယ့္ ဂုဏ္ရွိေစမယ့္ အလုပ္အကိုင္ေတြထက္ ဂုဏ္ေတြဘာမွ မရွိရင္ေတာင္ သင္ႏွစ္သက္တဲ့ အလုပ္မ်ိဳးကိုပဲ ေ႐ြးခ်ယ္ပါ။

(၇) ခႏၶာကိုယ္ကို ဂ႐ုမစိုက္တာေတြ မလုပ္ပါနဲ႔ေတာ့
သင့္ရဲ႕ ခႏၶာကိုယ္ႀကီးဟာ အမႈိက္ပုံမဟုတ္ပါဘူး။ ဒါေၾကာင့္ ေသေသခ်ာခ်ာျပဳစုတတ္ဖို႔၊ ေသေသခ်ာခ်ာ ခ်စ္တတ္ဖို႔ လိုအပ္ပါတယ္။ လိုအပ္တဲ့ ေလ့က်င့္ခန္း၊ ကိုယ္လက္လႈပ္ရွားမႈေတြ ျပဳလုပ္ေပးတာ၊ က်န္းမာေရးနဲ႔ညီၫြတ္တဲ့ အစားအစာမ်ိဳးေတြ ေ႐ြးခ်ယ္စားသုံးေပးတာေတြကို အခုကစၿပီး လုပ္သင့္ပါၿပီ။ သင္အသက္ႀကီးလာတဲ့အခါ ဒီအရာေတြအတြက္ ေက်းဇူးတင္ေနမွာပါ။

“Do not think that you need love to be happy”
(၈) ေပ်ာ္႐ႊင္ဖို႔အတြက္ အခ်စ္လိုတယ္ဆိုတဲ့အေတြးမ်ိဳး မေတြးပါနဲ႔ေတာ့
သင့္ဘဝမွာ ေပ်ာ္႐ႊင္မႈကို ေတြ႕ရွိရဖို႔အတြက္ ခ်စ္သူတစ္ေယာက္လိုအပ္တယ္။ မျဖစ္မေန ခ်စ္သူရွိမွ ရမယ္ဆိုတဲ့ အေတြးမ်ိဳးကို လုံးဝရပ္လိုက္ပါ။အမွန္တကယ္ကေတာ့ ေပ်ာ္႐ႊင္မႈဆိုတာ သင့္ရဲ႕ေ႐ြးခ်ယ္မႈပါပဲ။ တစ္ေယာက္တည္းျဖစ္ေနရင္ေတာင္ ေပ်ာ္ေပ်ာ္ေနတတ္ဖို႔ သင္ယူပါ။

(၉) တျခားသူေတြနဲ႔ ႏႈိင္းယွဥ္ေနတာေတြ ရပ္လိုက္ပါ
သင္ဟာ ဘယ္ေတာ့မွတျခားလူမျဖစ္သြားႏိုင္သလို၊ တျခားသူတစ္ေယာက္ေယာက္ကလည္း သင္ျဖစ္လာႏိုင္မွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ သင့္ကိုသင္ သူမ်ားေတြနဲ႔ ႏႈိင္းယွဥ္တာမ်ိဳးေတြ ရပ္လိုက္ပါ။ သင္ဟာ ကမာၻေပၚမွာ တစ္ဦးတည္းေသာ ၿပိဳင္စံရွား လူတစ္ေယာက္ျဖစ္တယ္ ဆိုတာ စတင္လက္ခံလိုက္ပါ။

 

 

Leave a Reply

Your email address will not be published.