Mon. May 23rd, 2022

Unicode Version

 

ကျွန်​​တော်တို့​တွေ ကြိုးစားကြပါတယ်။ အောင်မြင်ဖို့၊ ​​ကျော်ကြားဖို့၊ ချမ်းသာဖို့၊ သူများထက်သာဖို့ စသဖြင့်ပေါ့။

ကြိုးစားထားသမျှ ​အရာထင်လာ​တဲ့​အခါ ပျော်ရွှင်ကြရသလို ကြိုးစားသမျှ ​အချည်းနှီး သဲထဲ​ရေသွန် ဖြစ်ရတဲ့အခါ ဝမ်းနည်းကြရ​ပြန်ပါတယ်။

​မြွေ​လှေကား ကစားနည်းလိုပါပဲ။ ​လှေကား​​ခြေရင်း ​အကွက်​​ပေါ်ရောက်လို့ ​အမြင့်ကို ​​ထောင်တတ်သွားတတ်သလို တစ်ခါတစ်​လေလည်း ​မြွေပါးစပ်ဝ သွားကျလို့ ​အောက်ကို လျှောကျသွား​တဲ့အခါ​တွေလည်း ရှိပါတယ်။

​အမြင့်ကို ရောက်​တဲ့​အခါ ဘဝင်ကိုင်ပြီး ​အောက်မကျ​​တော့ဘူးလို့ ထင်​နေတတ်ကြသလို ​အနိမ့်ကို ရောက်​သွားတဲ့​အခါမှာလည်း စိတ်ဓာတ်​တွေကျပြီး ​သေ​​တော့မလို ​ခံစားတတ်ကြပါတယ်။ ​အချို့ကလည်း ​အမြင့်က​နေ ​အောက်ကို ကျသွားမှာကို တွေးကြောက်​နေကြပါတယ်။ ဒါ လူ့သဘာဝ​တွေပါ။

ပြန်တွေးကြည့်ရအောင်။ ဘဝမှာ တစ်သမတ်တည်း အောင်မြင်​နေ​တဲ့သူနဲ့ ကျရှုံး​နေ​တဲ့သူ ဆိုတာ ရှိမှမရှိတာ။

သုံး​လောကထွဋ်ထား မြတ်စွာဘုရား​​တောင် ဘုရားဖြစ်ဖို့ ၆ နှစ်ကျင့်ရပါတယ်။ ၆ နှစ်​အတွင်း လမ်းပျောက်​နေ​တဲ့ ​ကာလ​တွေ များ​ခဲ့ပါတယ်။

ဘုရားဖြစ်သွား​​တော့​​ရော။ ကြည့်တတ်ရင် နိမ့်မြင့် တက်ကျ​တွေကို ​​တွေ့ရမှာပါ။ လုပ်​ကြံ​ခံရတယ်။ နှောင့်ယှက်ခံရတယ်။ ဂိုဏ်းခွဲချင်​တဲ့သူ​​ပေါ်လာတယ်။ မတရား ​အသ​ရေဖျက် စွပ်စွဲ​​ခံရတယ်။ ရောဂါဝေဒနာတွေ ​ခံစားရတယ် စသဖြင့်​ ​အများကြီးပါ။

ဒီ​​တော့ ပုထုဇဥ်​တွေ​အတွက် နိမ့်မြင့်တက်ကျ​တွေ ကြုံ​​တွေ့ရတာ မဆန်းပါဘူး။ ပြီး​ပြည့်စုံ​နေ​တဲ့ ဘဝရယ်လို့ မရှိပါဘူး။

လူဆိုတာ ကြိုးစား​နေရမယ်။ ​မှန်ပါတယ်။ ကြိုးစား​နေရင်း အောင်မြင်မှု​တွေကို ​​တွေ့မယ်။ ကျရှုံးမှု​တွေကို ​​တွေ့မယ်။ ဘာကိုပဲ​​တွေ့​​တွေ့ ဒါ​တွေဟာ ခဏတာပဲလို့ စိတ်ထဲမှာ တွေးထားနိုင်ရပါမယ်။ တပ်မက်မှု​တွေ၊ ကြောက်ရွံ့မှု​တွေကို ဖယ်ထားနိုင်ဖို့ ကြိုးစားရပါမယ်။ ​လောက​ဓံကို ကြံ့ကြံ့​ခံနိုင်​တဲ့ လူသားတစ်ယောက် ဖြစ်လာဖို့ ​​လေ့ကျင့်ကြရမှာပါ။

အောင်မြင်မှု​​တွေ၊ ကျရှုံးမှု​တွေက မတည်မြဲဘူးဆို ဘာလို့ ကြိုးစား​နေရဦးမှာလဲလို့ ​စောဒကတက်စရာ ရှိပါတယ်။ ဟုတ်​ကဲ့ လူ​လောကကို ရောက်လာ​တဲ့​အခါ လူသားတစ်ယောက်​ရဲ့ တာ​ဝန်​အရ ကြိုးစားရဦးမှာ ဖြစ်သလို ကြိုးစားရာမှာလည်း ​အမြင့်ကို ရောက်ဖို့ထက် လွတ်မြောက်ဖို့ကို ကြိုးစားရမှာပါ။

စဥ်းစား ကြည့်ကြပါ။ မြွေ​လှေကား ကစားနည်းမှာ ​လှေကားကွက်ဟာ ​အမြင့်ကို ရောက်​စေ​တဲ့ အောင်မြင်မှုပါ။ ​​မြွေကွက်က​​တော့ ​အောက်ကို ရောက်​စေ​တဲ့ ကျရှုံးမှုပါ။ ထိပ်နားကို ရောက်လာ​လေ​လေ၊ ​​အ​​ပေါ်ဆွဲတင်ပေးမယ့် ​လှေကား​တွေ ပျောက်သွားပြီး ​အောက်ကို ဆွဲချမယ့် မြွေ​တွေက ပိုများလာ​လေ​လေပါ။

တကယ်​​တော့ ကျွန်​​တော်တို့ ရောက်ဖို့ ကြိုးစားရမှာက ​​​​မြွေ​တွေ ​လှေကား​တွေ​နဲ့ဝေးရာ ​လွတ်မြောက်ခြင်း ပန်းတိုင်ကိုပါ။ ​ပန်းတိုင်ရောက်သွားရင် ​အောက်ကို ဆွဲချ​မယ့် ​​မြွေ​တွေ မရှိ​​တော့သလို ​အ​​ပေါ်ကို ဆွဲတင်ပေးမယ့် ​လှေကား​တွေလည်း မရှိ​​တော့ပါဘူး။

ကျွန်​​တော်တို့လည်း နိမ့်မြင့်တက်ကျ​တွေကို မမှုပဲ သတ္တိ​အ​ပြည့်​နဲ့ ဆက်လျှောက်​နေဖို့ လိုပါတယ်။ ​မြွေ​တွေ၊ လှေကား​တွေ​ရဲ့​အလွန်မှာ လွတ်မြောက်ခြင်းပန်းတိုင် ရှိတယ်​လေ။

အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါ​စေ ခင်ဗျာ။

 

 

zawgyi

Unicode Version

 

ကြၽန္​​ေတာ္တို႔​ေတြ ႀကိဳးစားၾကပါတယ္။ ေအာင္ျမင္ဖို႔၊ ​​ေက်ာ္ၾကားဖို႔၊ ခ်မ္းသာဖို႔၊ သူမ်ားထက္သာဖို႔ စသျဖင့္ေပါ့။

ႀကိဳးစားထားသမွ် ​အရာထင္လာ​တဲ့​အခါ ေပ်ာ္႐ႊင္ၾကရသလို ႀကိဳးစားသမွ် ​အခ်ည္းႏွီး သဲထဲ​ေရသြန္ ျဖစ္ရတဲ့အခါ ဝမ္းနည္းၾကရ​ျပန္ပါတယ္။

​ေႁမြ​ေလွကား ကစားနည္းလိုပါပဲ။ ​ေလွကား​​ေျခရင္း ​အကြက္​​ေပၚေရာက္လို႔ ​အျမင့္ကို ​​ေထာင္တတ္သြားတတ္သလို တစ္ခါတစ္​ေလလည္း ​ေႁမြပါးစပ္ဝ သြားက်လို႔ ​ေအာက္ကို ေလွ်ာက်သြား​တဲ့အခါ​ေတြလည္း ရွိပါတယ္။

​အျမင့္ကို ေရာက္​တဲ့​အခါ ဘဝင္ကိုင္ၿပီး ​ေအာက္မက်​​ေတာ့ဘူးလို႔ ထင္​ေနတတ္ၾကသလို ​အနိမ့္ကို ေရာက္​သြားတဲ့​အခါမွာလည္း စိတ္ဓာတ္​ေတြက်ၿပီး ​ေသ​​ေတာ့မလို ​ခံစားတတ္ၾကပါတယ္။ ​အခ်ိဳ႕ကလည္း ​အျမင့္က​ေန ​ေအာက္ကို က်သြားမွာကို ေတြးေၾကာက္​ေနၾကပါတယ္။ ဒါ လူ႔သဘာဝ​ေတြပါ။

 

ျပန္ေတြးၾကည့္ရေအာင္။ ဘဝမွာ တစ္သမတ္တည္း ေအာင္ျမင္​ေန​တဲ့သူနဲ႔ က်ရႈံး​ေန​တဲ့သူ ဆိုတာ ရွိမွမရွိတာ။

သုံး​ေလာကထြဋ္ထား ျမတ္စြာဘုရား​​ေတာင္ ဘုရားျဖစ္ဖို႔ ၆ ႏွစ္က်င့္ရပါတယ္။ ၆ ႏွစ္​အတြင္း လမ္းေပ်ာက္​ေန​တဲ့ ​ကာလ​ေတြ မ်ား​ခဲ့ပါတယ္။

ဘုရားျဖစ္သြား​​ေတာ့​​ေရာ။ ၾကည့္တတ္ရင္ နိမ့္ျမင့္ တက္က်​ေတြကို ​​ေတြ႕ရမွာပါ။ လုပ္​ႀကံ​ခံရတယ္။ ေႏွာင့္ယွက္ခံရတယ္။ ဂိုဏ္းခြဲခ်င္​တဲ့သူ​​ေပၚလာတယ္။ မတရား ​အသ​ေရဖ်က္ စြပ္စြဲ​​ခံရတယ္။ ေရာဂါေဝဒနာေတြ ​ခံစားရတယ္ စသျဖင့္​ ​အမ်ားႀကီးပါ။

 

ဒီ​​ေတာ့ ပုထုဇဥ္​ေတြ​အတြက္ နိမ့္ျမင့္တက္က်​ေတြ ႀကဳံ​​ေတြ႕ရတာ မဆန္းပါဘူး။ ၿပီး​ျပည့္စုံ​ေန​တဲ့ ဘဝရယ္လို႔ မရွိပါဘူး။

လူဆိုတာ ႀကိဳးစား​ေနရမယ္။ ​မွန္ပါတယ္။ ႀကိဳးစား​ေနရင္း ေအာင္ျမင္မႈ​ေတြကို ​​ေတြ႕မယ္။ က်ရႈံးမႈ​ေတြကို ​​ေတြ႕မယ္။ ဘာကိုပဲ​​ေတြ႕​​ေတြ႕ ဒါ​ေတြဟာ ခဏတာပဲလို႔ စိတ္ထဲမွာ ေတြးထားႏိုင္ရပါမယ္။ တပ္မက္မႈ​ေတြ၊ ေၾကာက္႐ြံ႕မႈ​ေတြကို ဖယ္ထားႏိုင္ဖို႔ ႀကိဳးစားရပါမယ္။ ​ေလာက​ဓံကို ႀကံ့ႀကံ့​ခံႏိုင္​တဲ့ လူသားတစ္ေယာက္ ျဖစ္လာဖို႔ ​​ေလ့က်င့္ၾကရမွာပါ။

ေအာင္ျမင္မႈ​​ေတြ၊ က်ရႈံးမႈ​ေတြက မတည္ၿမဲဘူးဆို ဘာလို႔ ႀကိဳးစား​ေနရဦးမွာလဲလို႔ ​ေစာဒကတက္စရာ ရွိပါတယ္။ ဟုတ္​ကဲ့ လူ​ေလာကကို ေရာက္လာ​တဲ့​အခါ လူသားတစ္ေယာက္​ရဲ႕ တာ​ဝန္​အရ ႀကိဳးစားရဦးမွာ ျဖစ္သလို ႀကိဳးစားရာမွာလည္း ​အျမင့္ကို ေရာက္ဖို႔ထက္ လြတ္ေျမာက္ဖို႔ကို ႀကိဳးစားရမွာပါ။

 

စဥ္းစား ၾကည့္ၾကပါ။ ေႁမြ​ေလွကား ကစားနည္းမွာ ​ေလွကားကြက္ဟာ ​အျမင့္ကို ေရာက္​ေစ​တဲ့ ေအာင္ျမင္မႈပါ။ ​​ေႁမြကြက္က​​ေတာ့ ​ေအာက္ကို ေရာက္​ေစ​တဲ့ က်ရႈံးမႈပါ။ ထိပ္နားကို ေရာက္လာ​ေလ​ေလ၊ ​​အ​​ေပၚဆြဲတင္ေပးမယ့္ ​ေလွကား​ေတြ ေပ်ာက္သြားၿပီး ​ေအာက္ကို ဆြဲခ်မယ့္ ေႁမြ​ေတြက ပိုမ်ားလာ​ေလ​ေလပါ။

တကယ္​​ေတာ့ ကြၽန္​​ေတာ္တို႔ ေရာက္ဖို႔ ႀကိဳးစားရမွာက ​​​​ေႁမြ​ေတြ ​ေလွကား​ေတြ​နဲ႔ေဝးရာ ​လြတ္ေျမာက္ျခင္း ပန္းတိုင္ကိုပါ။ ​ပန္းတိုင္ေရာက္သြားရင္ ​ေအာက္ကို ဆြဲခ်​မယ့္ ​​ေႁမြ​ေတြ မရွိ​​ေတာ့သလို ​အ​​ေပၚကို ဆြဲတင္ေပးမယ့္ ​ေလွကား​ေတြလည္း မရွိ​​ေတာ့ပါဘူး။

ကြၽန္​​ေတာ္တို႔လည္း နိမ့္ျမင့္တက္က်​ေတြကို မမႈပဲ သတၱိ​အ​ျပည့္​နဲ႔ ဆက္ေလွ်ာက္​ေနဖို႔ လိုပါတယ္။ ​ေႁမြ​ေတြ၊ ေလွကား​ေတြ​ရဲ႕​အလြန္မွာ လြတ္ေျမာက္ျခင္းပန္းတိုင္ ရွိတယ္​ေလ။

အားလုံး ကိုယ္စိတ္ ႏွစ္ျဖာ က်န္းမာ ခ်မ္းသာၾကပါ​ေစ ခင္ဗ်ာ။

 

 

Leave a Reply

Your email address will not be published.