Sun. May 22nd, 2022

#Unicode Version

 

ငပျင်းတစ်ယောက် ​အလုပ်မလုပ်ပဲ အိမ်မှာ အိပ်​နေပါတယ်။ သူ့​အ​ဖေက စိတ်ပျက်လက်ပျက်​​နဲ့ သွန်သင် ဆုံးမရှာပါတယ်။ ​
“သားရယ်၊ အလုပ်ထွက်လုပ်၊ ​ငွေစုပါ။ ဒါမှ ​​နောင်​အနာဂတ်မှာ ​ဘာမှ မလုပ်ပဲ အေး​အေးဆေးဆေး ​အနားယူနိုင်မယ်” ပေါ့။

သားဖြစ်သူ ငပျင်းက ဂျစ်​ကန်​ကန်​နဲ့ ​ပြန်​ပြောပါတယ်။
“ဪ ​အ​ဖေရယ်၊ ​အခုလည်း ကျွန်​​တော်က ဘာလုပ်​နေလို့လဲ။ ​အေး​အေးဆေးဆေး ​အနားယူ​နေတာပဲ​လေ။ ​​နောင်​အနာဂတ်ထိ​​တောင် ​​စောင့်စရာ မလိုပါဘူးဗျာ။”

ဒီလို ချက်ကျလက်ကျ ​ပြန်​ပြောလိုက်ရလို့ တယ်​​တော်​တဲ့ ငါလေးပါလား ​​ဆိုပြီး ​ကျေနပ်​နေမိတာပေါ့။ ကြားဖူး​တဲ့ ဟာသလေးပါ။ သားငပျင်း ​ပြန်​ပြော​တဲ့ စကားကလည်း ဟုတ်သလိုလို​။ ခုပဲ နား​​နေ​​တော့မှာ​​ပေါ့။ ​​ဘာမှန်းမသိ​ မ​ရေရာ​တဲ့ ​အနာဂတ်မှာ ​​နား​နား​နေ​နေ ​နေရဖို့​အတွက် ခု​​တော့ ​အပင်ပန်း မ​ခံနိုင်ပါဘူး။ ဒီလိုတွေးတာပါ။

ပြန်စဉ်းစားကြည့်ရအောင်။ ​ဒီငပျင်းက လော​လောဆယ် သက်​​တောင့်သက်သာ နား​နေနိုင်တာ​​တော့ ​အ​မှန်ပါပဲ။

ဒါ​ပေ​မဲ့ သူ့မိဘ​တွေ ဆုံးပါးသွား​တဲ့ ​အချိန်မှာ ​အ​မွေလည်း လုံလုံလောက်လောက် မထား​ခဲ့ဘူး ဆိုပါစို့။ ဘယ်လို ဆက်လုပ်ကြမလဲ။ ငယ်ငယ်က ​အပျင်းကြီး နေ​ခဲ့တာ ခုကျ​​တော့ လက်​ကြောမတင်း၊ ဘာ​အလုပ်မှ ​သေချာမလုပ်တတ်၊ မလုပ်ချင်။ ​

အသက်ကကြီးလာ​​တော့ ​ရောဂါပိုထူပြီ။ စားဖို့​အပြင် ဆေးဖိုးပါလိုပြီ။ ​​​နေမ​​ကောင်းလို့ ဆေးခန်းသွားစရာ ​ငွေမရှိ။ စားစရာဝယ်ဖို့ ​ငွေမရှိ။ တ စရာ မိဘကလည်း မရှိ​​တော့။

ငယ်ငယ်က ​အ​​ဖေ့ကို ​ပြော​ခဲ့​တဲ့ စကားလေးကို သွားသတိရပြီး ​​နောင်တရပါပြီ။ မျက်ရည်ကျရပါပြီ။
“ဪ ​အ​ဖေရယ်၊ ​အခုလည်း ကျွန်​​တော်က ဘာလုပ်​နေလို့လဲ။ ​အေး​အေးဆေးဆေး ​အနားယူ​နေတာပဲ​လေ။ ​​နောင်​အနာဂတ်ထိ​​တောင် ​​စောင့်စရာ မလိုပါဘူးဗျာ။”

ပုတ္တောဝါဒ ဆုံးမစာ၊ ပညာမရှိ​သော သူဌေးသား ကဗျာထဲကက နောက်ဆုံး​အပိုဒ်လေးက ဒီငပျင်း​အတွက်​​တော့ ကွက်တိ​​ပေါ့။

“ခွက်လက်ဆွဲကာ တောင်းစားပါလည်း နင်သာလူမိုက် ဒုစရိုက်ဟု ရိုက်ပုတ်လိုက်ကြ ရွာမှထွက်လေ တောမှာသေသည် ကောင်သေ ဠင်းတ ကျ၏တည်း”။

ကဲ ဆက်ပျင်းလို့ရပြီ။ အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါ​စေ ခင်ဗျာ။

 

zawgyi

#Unicode Version

 

ငပ်င္းတစ္ေယာက္ ​အလုပ္မလုပ္ပဲ အိမ္မွာ အိပ္​ေနပါတယ္။ သူ႔​အ​ေဖက စိတ္ပ်က္လက္ပ်က္​​နဲ႔ သြန္သင္ ဆုံးမရွာပါတယ္။ ​
“သားရယ္၊ အလုပ္ထြက္လုပ္၊ ​ေငြစုပါ။ ဒါမွ ​​ေနာင္​အနာဂတ္မွာ ​ဘာမွ မလုပ္ပဲ ေအး​ေအးေဆးေဆး ​အနားယူႏိုင္မယ္” ေပါ့။

သားျဖစ္သူ ငပ်င္းက ဂ်စ္​ကန္​ကန္​နဲ႔ ​ျပန္​ေျပာပါတယ္။
“ဪ ​အ​ေဖရယ္၊ ​အခုလည္း ကြၽန္​​ေတာ္က ဘာလုပ္​ေနလို႔လဲ။ ​ေအး​ေအးေဆးေဆး ​အနားယူ​ေနတာပဲ​ေလ။ ​​ေနာင္​အနာဂတ္ထိ​​ေတာင္ ​​ေစာင့္စရာ မလိုပါဘူးဗ်ာ။”

ဒီလို ခ်က္က်လက္က် ​ျပန္​ေျပာလိုက္ရလို႔ တယ္​​ေတာ္​တဲ့ ငါေလးပါလား ​​ဆိုၿပီး ​ေက်နပ္​ေနမိတာေပါ့။ ၾကားဖူး​တဲ့ ဟာသေလးပါ။ သားငပ်င္း ​ျပန္​ေျပာ​တဲ့ စကားကလည္း ဟုတ္သလိုလို​။ ခုပဲ နား​​ေန​​ေတာ့မွာ​​ေပါ့။ ​​ဘာမွန္းမသိ​ မ​ေရရာ​တဲ့ ​အနာဂတ္မွာ ​​နား​နား​ေန​ေန ​ေနရဖို႔​အတြက္ ခု​​ေတာ့ ​အပင္ပန္း မ​ခံႏိုင္ပါဘူး။ ဒီလိုေတြးတာပါ။

ျပန္စဥ္းစားၾကည့္ရေအာင္။ ​ဒီငပ်င္းက ေလာ​ေလာဆယ္ သက္​​ေတာင့္သက္သာ နား​ေနႏိုင္တာ​​ေတာ့ ​အ​မွန္ပါပဲ။

ဒါ​ေပ​မဲ့ သူ႔မိဘ​ေတြ ဆုံးပါးသြား​တဲ့ ​အခ်ိန္မွာ ​အ​ေမြလည္း လုံလုံေလာက္ေလာက္ မထား​ခဲ့ဘူး ဆိုပါစို႔။ ဘယ္လို ဆက္လုပ္ၾကမလဲ။ ငယ္ငယ္က ​အပ်င္းႀကီး ေန​ခဲ့တာ ခုက်​​ေတာ့ လက္​ေၾကာမတင္း၊ ဘာ​အလုပ္မွ ​ေသခ်ာမလုပ္တတ္၊ မလုပ္ခ်င္။ ​

အသက္ကႀကီးလာ​​ေတာ့ ​ေရာဂါပိုထူၿပီ။ စားဖို႔​အျပင္ ေဆးဖိုးပါလိုၿပီ။ ​​​ေနမ​​ေကာင္းလို႔ ေဆးခန္းသြားစရာ ​ေငြမရွိ။ စားစရာဝယ္ဖို႔ ​ေငြမရွိ။ တ စရာ မိဘကလည္း မရွိ​​ေတာ့။

ငယ္ငယ္က ​အ​​ေဖ့ကို ​ေျပာ​ခဲ့​တဲ့ စကားေလးကို သြားသတိရၿပီး ​​ေနာင္တရပါၿပီ။ မ်က္ရည္က်ရပါၿပီ။
“ဪ ​အ​ေဖရယ္၊ ​အခုလည္း ကြၽန္​​ေတာ္က ဘာလုပ္​ေနလို႔လဲ။ ​ေအး​ေအးေဆးေဆး ​အနားယူ​ေနတာပဲ​ေလ။ ​​ေနာင္​အနာဂတ္ထိ​​ေတာင္ ​​ေစာင့္စရာ မလိုပါဘူးဗ်ာ။”

ပုေတၱာဝါဒ ဆုံးမစာ၊ ပညာမရွိ​ေသာ သူေဌးသား ကဗ်ာထဲကက ေနာက္ဆုံး​အပိုဒ္ေလးက ဒီငပ်င္း​အတြက္​​ေတာ့ ကြက္တိ​​ေပါ့။

“ခြက္လက္ဆြဲကာ ေတာင္းစားပါလည္း နင္သာလူမိုက္ ဒုစ႐ိုက္ဟု ႐ိုက္ပုတ္လိုက္ၾက ႐ြာမွထြက္ေလ ေတာမွာေသသည္ ေကာင္ေသ ဠင္းတ က်၏တည္း”။

ကဲ ဆက္ပ်င္းလို႔ရၿပီ။ အားလုံး ကိုယ္စိတ္ ႏွစ္ျဖာ က်န္းမာ ခ်မ္းသာၾကပါ​ေစ ခင္ဗ်ာ။

 

 

Leave a Reply

Your email address will not be published.