အမွှာပူးတွေအလား ထင်မှတ်ရတဲ့ အမဲအစက်ပြောက်မြင်း၊ Pony နဲ့ ခွေးလေးတို့ရဲ့ ချစ်စရာTrioအဖွဲ့လေး
မင်္ဂလာပါ။One Daily Pageမှ ကြိုဆိုပါတယ်။ခင်မင်ရင်းနှီးမှုက ပုံသဏ္ဍာန်မျိုးစုံနှင့် အရွယ်အစားမျိုးစုံရှိပါတယ်။ တိရိစ္ဆာန်လေးတွေကတော့ သူတို့ရဲ့ သူငယ်ချင်းများကို ယုံကြည်တဲ့အတွက်ကြောင့် ဒီဆက်ဆံရေးတွေက သဘာဝအတိုင်း ဖြစ်ပေါ်လာပါတယ်။
ဒီတစ်ခါမှာတော့ ကျွန်တော်တို့ပေ့ခ်ျကနေ ချစ်စရာကောင်းတဲ့ Trioလေးအကြောင်းကို ပြောပြပေးသွားပါမယ်။
ဒီTrioအဖွဲ့လေးမှာ နီဗားဒါး အသက် 10 နှစ်အရွယ် Appaloosa အကောင်ကြီး၊ နပိုလီယံ၊ 6 နှစ်အရွယ် Shetland pony နှင့် 2 နှစ်အရွယ် Dalmatian ဂျက်စပရိုးတို့ ပါဝင်ပါတယ်။
ထူးခြားချက်မှာ မျိုးစိတ်ကွဲပြားပေမယ့်လည်း တူညီလုနီးပါးဖြစ်နေပါတယ်။ သူတို့မှာ ရင်သပ်ရှုမောဖွယ် အနက်ရောင် အစက်အပြောက်တွေ ရှိနေပြီး အဖြူရောင် ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့နေပါတယ်။ မသိတဲ့သူဆိုရင် သူတို့ကို မွေးချင်းမောင်နှမတွေလို့တောင် ထင်မိမှာပါ။
မြင်းလေ့ကျင့်သူနှင့် “pack” ပိုင်ရှင် Greetje Arends-Hakvoort ကတော့ သူတို့ရဲ့ ဆက်ဆံရေးအတွက် အံ့အားသင့်နေပါတယ်။ ဒါပေမယ့် ထူးဆန်းတဲ့သူငယ်ချင်းတွေက သူမကို အံ့အားသင့်စေပြီး သူတို့ဟာ သူငယ်ချင်းကောင်းတွေ ဖြစ်နိုင်ကြောင်း သက်သေပြခဲ့ပါတယ်။
သူတို့ဟာ သူတို့ရဲ့သူငယ်ချင်းတွေကို ယုံကြည်ပြီး သူတို့နဲ့ အတူရှိနေရတာကို ပျော်ရွှင်စေပါတယ်။
ဖော်ပြပေးခဲ့တဲ့အကြောင်းအရာလေးကို သဘောကျနှစ်သက်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။နောင်လည်း ကျွန်တော်တို့ One Daily Pageမှ အကြောင်းအရာမျိုးစုံကို စိတ်ဝင်စားဖွယ်တင်ဆက်ပေးသွားမှာဖြစ်လို့ Like and Followလေးပြုလုပ်ထားသင့်ပါတယ်နော်
Sources abut.biz
Written One Daily Media
One Daily Media Copyright © 2022ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။
zawgyi