Fri. May 27th, 2022

စားချင်သဖွယ် Cheeseလေးနဲ့တူတဲ့ လိပ်ကလေး

မင်္ဂလာပါ။One Daily Pageမှ ကြိုဆိုပါတယ်။မကြာသေးမီက၊ ရှားပါးဒိန်ခဲအစိပ်စိပ်နှင့်တူတဲ့ albino flapshell လိပ်တစ်ကောင်က ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။ ဒီထူးခြားတဲ့ အဝါရောင် သတ္တဝါကို အိန္ဒိယနိုင်ငံ အနောက်ဘန်ဂေါမှာ ကယ်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီတစ်ခါမှာတော့ ကျွန်တော်တို့ပေ့ခ်ျကနေ စားချင်သဖွယ် Cheeseလေးနဲ့တူတဲ့ လိပ်ကလေးအကြောင်းကို ပြောပြပေးသွားပါမယ်။

Odisha ၊ Balasore ခရိုင်ရှိ Sujanpur ရွာမှ လယ်သမားတစ်ဦးက သူရဲ့လယ်ကွင်းမှာ အလုပ်လုပ်နေစဉ် ပုံမှန်မဟုတ်တဲ့လိပ်ကို တွေ့ရှိခဲ့ပါတယ်။ သူ့ရဲ့ နေအိမ်ကို ယူဆောင်လာပြီး နောက်ပိုင်းမှာ ထိန်းသိမ်းစောင့်ရှောက်ရေး ကျွမ်းကျင်သူများနှင့် ဆက်သွယ်ကာ သစ်တောအရာရှိများထံ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

ကျွမ်းကျင်ပညာရှင်တွေကတော့ အလွန်ရှားပါးအရွယ်ရောက်ပြီးတဲ့ albino လိပ်တစ်ကောင်ဖြစ်ပြီး အသက် ၂ နှစ်ခန့်ရှိပြီလို့ ခန့်မှန်းကြပါတယ်။ “ဒါဟာ Odisha မှာ ပထမဆုံးအကြိမ်ဖြစ်ပြီး အိန္ဒိယမှာ albino လိပ်တွေ့ရှိမှုဟာ ဒုတိယအကြိမ်ဖြစ်ပါတယ်” ဟု ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ Siddhartha Pati က မီဒီယာများကို ပြောကြားခဲ့ပါတယ်။

Indian Forest Service မှာ အလုပ်လုပ်တဲ့ Susanta Nanda ရဲ့ အဆိုအရ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကလည်း Sindh မှာ albino လိပ်ကို တွေ့ရှိခဲ့ပါတယ်။

“ဒါက မွေးရာပါချို့ယွင်းမှုဖြစ်ပြီး tyrosine ရောင်ခြယ်ပစ္စည်း လုံးဝမရှိခြင်း ဒါမှမဟုတ် တစ်စိတ်တစ်ပိုင်းမရှိခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် တစ်ခါတစ်ရံမှာ ဗီဇပြောင်းလဲမှုဖြစ်ပေါ်ခြင်း ဒါမှမဟုတ် tyrosine ချို့တဲ့ခြင်းရှိတတ်တယ်”လို့လည်း ဆိုကြပါတယ်။


ဖော်ပြပေးခဲ့တဲ့အကြောင်းအရာလေးကို သဘောကျနှစ်သက်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။နောင်လည်း ကျွန်တော်တို့ One Daily Pageမှ အကြောင်းအရာမျိုးစုံကို စိတ်ဝင်စားဖွယ်တင်ဆက်ပေးသွားမှာဖြစ်လို့ Like and Followလေးပြုလုပ်ထားသင့်ပါတယ်နော်

Sources Brightside

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ Source 

‌ဒါကြောင့်

One Daily Media Copyright © 2022ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

 

Leave a Reply

Your email address will not be published.