သင့်ကလေးကို သက်တောင့်သက်သာ အိပ်စက်စေမယ့်နည်းလမ်းများ
မင်္ဂလာပါ။One Daily Pageမှ ကြိုဆိုပါတယ်။ကလေးအိပ်နေရင်း ထငိုတဲ့အခါ ဘာလုပ်လို့လာကိုင်ရမှန်းမသိ ဖြစ်တတ်ကြပါတယ်။ ဒီလိုမဖြစ်ရလေအောင် သင့်ကလေးကို အစကတည်းက သေချာသိပ်ပေးသင့်ပါတယ်။
ဒါ့ကြောင့် ဒီတစ်ခါမှာတော့ ကျွန်တော်တို့ပေ့ခ်ျကနေ သင့်ကလေးကို သက်တောင့်သက်သာ အိပ်စက်စေမယ့်နည်းလမ်းတွေကို ပြောပြပေးသွားပါမယ်။
(၁) ပုခက်ထဲကို အိပ်မှ မထည့်ပါနှင့်
ကလေးငယ်တွေက ညဘက်မှာ တစ်ရေးနိုးတတ်ပါတယ်။သူတို့ကို ပုခက်ထဲမှာ ထားပါက ပတ်ဝန်းကျင်ကို မမှတ်မိနိုင်တဲ့အတွက် ညဘက်မှာ နိုးလာနိုင်ပါတယ်။ အကောင်းဆုံးကတော့ သင့်ကလေး အိပ်တစ်ဝက် နိုးတစ်ဝက် ဖြစ်နေချိန်မှာ ထည့်ပါ ။
(၂)လက်တွဲဖော်ထဲ သိပ်ပါ
“Teamwork makes the dream”ဆိုတဲ့ စကားစုက ကလေးမွေးလာတဲ့အခါမှာ အမှန်တကယ် စတင်လာပါတယ်။ သင်နှင့် သင့်လက်တွဲဖော်အတွက် အကောင်းဆုံးနည်းလမ်းက ကလေးနှင့် အလှည့်ကျအိပ်ဖို့ပါပဲ။ အကယ်၍ သင်သည် ညမအိပ်ရပါက သင့်အဖော်ကို မနက်ပိုင်းမှာ ကလေးနဲ့ လွှတ်ထားပေးပါ။
(၃) ညမှာ အစာဘယ်လိုရှာရမလဲဆိုတာ သင်ပေးပါ
ကလေးတွေ ငိုတာက ပုံမှန်ပါပဲ။ ဒါပေမယ့် လက်ထဲမှာ တစ်ခုခုပေးထားရင် ငြိမ်တယ်ဆိုတာ သိပါသလား။ ဒါ့ကြောင့် သူ့ဘေးမှာ ချိုလိမ်လေးထားထားပြီး သင်ပေးပါ။
(၄) ညဉ့်မနက်စေပါနှင့်
သင့်ကလေး အိပ်ယာထနောက်ကျပါက ကြာကြာအိပ်မည်လို့ မဆိုလိုပါဘူး။ အမှန်တကယ်ပင် ပိုပင်ပန်းပါလိမ့်မယ်။ ၃ လမှ ၄ လသားကလေးငယ်ေတွက ၇ နာရီမှ ၈ နာရီအတွင်း အိပ်ရာဝင်ဖို့ ပြင်ဆင်သင့်ပါတယ်။
(၅) မအိပ်ခင် ဘယ်နှနာရီမှာ အစာကျွေးသလဲ
သင့်ကလေး ကောင်းေကာင်းအိပ်စက်နိုင်စေဖို့ လုံလုံေလာက်ေလာက်ကျွေးဖို့ အရေးကြီးပါတယ်။ ပထမ ၈ ပတ်မှာ သူတို့ကို ၂ နာရီမှ ၃ နာရီတစ်ကြိမ် ကျွေးခြင်းက အကောင်းဆုံးဖြစ်ပါတယ်။
(၆)lavenderဆီထွန်းခြင်း
လာဗင်ဒါဆီရဲ့အနံ့က ကလေးငယ်ကို စိတ်အေးလက်အေးနှင့် ငြိမ်သက်မှုကို ခံစားရစေဖို့ ကူညီပေးနိုင်ပါတယ်။ ဤနည်းဖြင့် ကလေးငယ်ကို အငိုနည်းစေပြီး အိပ်ပျော်စေမှာ ဖြစ်ပါတယ်
(၇)ကလေးငယ်များကို ထိုင်ခုံနှင့် မသယ်ဆောင်ပါနှင့်
သင့်ကလေးကို ထိုင်ခုံနှင့် အဆက်မပြတ်သယ်ဆောင်နေပါက စကားပြောဖို့ အခွင့်အလမ်းနည်းပါးပြီး ဘာသာစကားနှောင့်နှေးစေပါတယ်။ အဲဒီအစား ချီသွားပါ ဒါမှမဟုတ် သင့်ဗိုက်ပေါ်တွင် တင်ထားပါ။
ဖော်ပြပေးခဲ့တဲ့အကြောင်းအရာလေးကို သဘောကျနှစ်သက်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။နောင်လည်း ကျွန်တော်တို့ One Daily Pageမှ အကြောင်းအရာမျိုးစုံကို စိတ်ဝင်စားဖွယ်တင်ဆက်ပေးသွားမှာဖြစ်လို့ Like and Followလေးပြုလုပ်ထားသင့်ပါတယ်နော်
Sources Brightside
Written One Daily Media
One Daily Media Copyright © 2022ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။