Sun. May 22nd, 2022

ကျွန်တော်တို့ နေ့စဉ်ပြုလုပ်နေကြအမှားတွေက ဘာတွေဖြစ်နေမလဲ

မင်္ဂလာပါ။One Daily Pageမှ ကြိုဆိုပါတယ်။မနက်ခင်း အိပ်ရာက နိုးလာပြီးနောက် အများစု လုပ်တဲ့အရာက ကော်ဖီတစ်ခွက် သောက်တာပါပဲ။ ဒါပေမယ့် ဒီလိုလုပ်နေတာ မှန်ရောမှန်ပါ့မလား။

ဒါ့ကြောင့် ဒီတစ်ခါမှာတော့ ကျွန်တော်တို့ပေ့ခ်ျကနေ ကျွန်တော်တို့ နေ့စဉ်ပြုလုပ်နေကြအမှားတွေကို ပြောပြပေးသွားပါမယ်။

(၁)ကိုးနာရီမခွဲခင် ကော်ဖီသောက်ခြင်း

ကျွန်တော်တို့ကို နိုးကြားစေတဲ့ ကော်တီဆောလို့ လူသိများတဲ့ ဟော်မုန်းက ပုံမှန်အားဖြင့် နံနက် ၈ နာရီမှ ၉ နာရီအတွင်း ထွက်လာပါတယ်။ ဒီအချိန်အတွင်းမှာ ကော်ဖီလိုမျိုး အခြားအရာ‌ေတွနှင့် ခန္ဓာကိုယ်ကို မြှင့်တင်ဖို့ မလိုအပ်ပါဘူး။

(၂) ကြက်ဥမပြုတ်ခင် ရေအေးစိမ်ခြင်း

ကြက်ဥကို မပြုတ်ခင် ရေအေးမှာ ထည့်ထားရင် အခွံခွာဖို့ ပိုလွယ်ကူလာပါတယ်။ ပြီးရင် ပွက်ပွက်ဆူနေတဲ့ရေထဲ ထည့်ပြုတ်ပြီး ရေအေးထဲတွင် စိမ်ကြည့်ပါ။

(၃) သံဗူးဖွင့်နည်း

ကိရိယာဖြင့် ဖွင့်ပြီးနောက်မှာ ဗူးရဲ့ချွန်ထက်တဲ့အစွန်းနှင့် သင့်လက်ချောင်းကို ရှမိနိုင်ပါတယ်။ ဒါ့ကြောင့် နည်းလမ်းကောင်းလေးကို ကြည့်လိုက်ကြရအောင်။ ညာဘက်အပေါ်ပုံမှာ ပြထားတဲ့အတိုင်း ကိရိယာကို ဗူးကိုဖြတ်ပြီး ထားလိုက်ပါ။ ပုံမှန်ထက်အနည်းငယ်နိမ့်ပြီး အနားကွပ်ကို အပေါ်မှဆွဲယူနိုင်ပါပြီ။

(၄) ရေချိူးခန်းထဲမှာ ဆပ်ပြာမြုပ်ထားနည်း

Loofah ရေမြှုပ်‌ေတွက နေ့ချင်းညချင်း ပေါက်ဖွားနိုင်တဲ့ ဘက်တီးရီးယားမျိုးစိတ်‌ေတွအတွက် ပေါက်ဖွားရာနေရာဖြစ်တယ်လို့ ဆိုပါတယ်။ အသုံးပြုပြီးပါက ခြောက်သွေ့တဲ့ နေရာမှာထားပါ။ တစ်ပတ်လျှင် တစ်ကြိမ် ၅ မိနစ်ခန့်  အရောင်ချွတ်ဆေးထဲမှာ စိမ်ထားနိုင်ပါတယ်။

(၅)ခြေထောက်အမွေးရိတ်နည်း

ပထမဆုံးအနေနဲ့ ရေချိုးပြီးတာနဲ့ မရိတ်ပါနဲ့။
ဒုတိယအ‌ေနနဲ့ အမွေးပေါက်ရာ လမ်းကြောင်းအတိုင်း မရိတ်ပါနဲ့။

(၆) ထောပတ်လှီးနည်း

ထောပတ်အေးကို ဖြတ်တောက်ဖို့ ရုန်းကန်နေရပါက ပိုမိုကောင်းမွန်တဲ့ ဖြေရှင်းနည်းတစ်ခု ရှိပါတယ်။ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို လှီးဖြတ်ဖို့အတွက် ထုတ်လုပ်ထားတဲ့ အခွံခွာကို အသုံးပြုပါ။

(၇) ရေပိုက်ခေါင်းဖွင့်တဲ့အခါ

လက်ဆေးပြီးနောက်မှာ သင့်လက်ချောင်းများပေါ်မှာ ဘက်တီးရီးယားပိုးတွေ ထပ်မံဝင်ရောက်ခြင်းမှ ရှောင်ရှားဖို့ ပြောင်းလဲကြည့်ပါ။ ပုံမှာပြထားတဲ့အတိုင်း သင့်လက်ကောက်ဝတ်ကိုဖွင့်ပြီး နှိပ်ပါ။

(၈)အားသွင်းပေါက်မသန့်ရှင်းခြင်း

အားမဝင်လို့ ကေဘယ်ကြိုးအသစ်မဝယ်ခင် အားသွင်းပေါက်ကို အရင် သန့်ရှင်းပါ။ ဒါပေမယ့် ဒါကိုမလုပ်ခင်မှာ သင့်ဖုန်းကို အရင်ပိတ်ဖို့ မမေ့ပါနဲ့။

(၉)လိုက်ကာတွေ မသန့်ရှင်းခြင်း

လိိုက်ကာများကို အပတ်တိုင်း ဆေးဖို့မလိုဘဲ ဖုန်စုပ်သန့်စင်နိုင်ပါတယ်။ ဖုန်မှုန့်တွေက အမျှင်မဖွဲ့ခင် ပုံမှန်ပြုလုပ်ဖို့ လိုအပ်ပါတယ်။

(၁၀) မုန့်ထုပ်ကို အပေါ်မှဖောက်ခြင်း

သင့်လက်ထဲမှာ မုန့်ထုပ်တစ်ထုပ်ရှိနေတဲ့အခါ ခါတိုင်း အပေါ်ကဖွင့်ပါလိမ့်မယ်။ အဲဒီအစား နောက် အောက်ခြေမှ ဖွင့်ကြည့်ပါ။ အရသာနှင့် ဟင်းခတ်အမွှေးအကြိုင်အများစုက ထိုနေရာတွင်တည်ရှိပြီး အထုပ်ကို ဇောက်ထိုးလှန်လိုက်တဲ့အခါ အဆိုပါဟင်းခတ်အမွှေးအကြိုင်တွေ နှံ့ပြီးသား ဖြစ်ပါတယ်။

(၁၁)ဟင်းချက်ပြီး တန်းစားခြင်း

ဗိုက်ဆာတဲ့အခါမှာ ဟင်းကို မြည်းစမ်းဖို့အလျင်စလိုဖြစ်တတ်ကြပါတယ်။ ဒါပေမယ့် ချက်ပြုတ်ပြီးရင် ဟင်းကို အနားယူခွင့်ပြုလိုက်တဲ့အခါမှာ ပိုပြီး အရသာရှိနေမှာပါ။

(၁၂)antibacterialဆပ်ပြာပဲ သုံးခြင်း

အကယ်၍ ဘက်တီးရီးယားပိုးသတ်ဆပ်ပြာကို နေ့တိုင်းသုံးနေပါက ရပ်တန့်သင့်ပါပြီ။ ဒီဆပ်ပြာအမျိုးအစားကို မကြာခဏအသုံးပြုတဲ့အခါ ဘက်တီးရီးယားတွေက ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ဗီဇပြောင်းလဲမှုတွေ ဖြစ်ပေါ်လာပါတယ်။

ဖော်ပြပေးခဲ့တဲ့အကြောင်းအရာလေးကို သဘောကျနှစ်သက်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။နောင်လည်း ကျွန်တော်တို့ One Daily Pageမှ အကြောင်းအရာမျိုးစုံကို စိတ်ဝင်စားဖွယ်တင်ဆက်ပေးသွားမှာဖြစ်လို့ Like and Followလေးပြုလုပ်ထားသင့်ပါတယ်နော်

Sources Brightside

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ Source 

‌ဒါကြောင့်

One Daily Media Copyright © 2022ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

 

Leave a Reply

Your email address will not be published.