Sun. May 22nd, 2022

Microsoft တည်ထောင်သူနဲ့ ကမ္ဘာ့ဒုတိယအချမ်းသာဆုံးသူဌေးကြီး ဘီလ်ဂိတ်စ်ကို အားလုံးပဲ သိကြမယ် ထင်ပါတယ်။ ဘီလ်ဂိတ်စ်နဲ့ ကွယ်လွန်သူ သူ့မိတ်ဆွေ ပေါလ်အယ်လန်တို့ဟာ ဆီယက်တဲလ်က Lakeside School မှာ အထက်တန်းကျောင်း အတူတူတက်ခဲ့တာပါ။
မကြာသေးခင်ကပဲ ဘီလ်ဂိတ်စ်ဟာ Lakeside ကျောင်းကို ပြန်ရောက်လာပြီး အထက်တန်းကျောင်းသားတွေကို မိန့်ခွန်းပြောခဲ့ပါတယ်။ အဲ့ဒီမိန့်ခွန်းထဲမှာ သူ့ကို အောင်မြင်မှုရအောင် မောင်းနှင်ပေးတဲ့အရာ ၃ မျိုးအကြောင်းကို မျှဝေခဲ့ပါတယ်။ ဘီလ်ဂိတ်စ်ရဲ့ အောင်မြင်မှုအင်ဂျင် ၃ လုံးက ဘာတွေလဲ။

(၁) သိချင်စိတ်

 

စူးစမ်းချင်တဲ့ စိတ်က သူ့ကို အမြင့်ရောက်စေခဲ့တာလို့ ဘီလ်ဂိတ်စ်က ပြောပါတယ်။ “သိချင်စိတ် ထက်သန်တဲ့ လေ့လာလိုသူတစ်ဦးအတွက် ဒီအချိန်က အကောင်းဆုံးပါပဲ။ ဘာလို့လဲဆိုတော့ သင့်ရဲ့ အသိပညာကို အမြဲတစေ လန်းဆန်းစေနိုင်မယ့်အရာတွေက အွန်လိုင်းတွေ podcast လက်ချာတွေမှာ အရင့်အရင်ကထက် ပိုကောင်းလာလို့ပါပဲ”တဲ့။
ဘီလ်ဂိတ်စ်ဟာ စာသိပ်ဖတ်ပါတယ်။ အကြောင်းအရာတစ်ခုခုကို သူသိချင်လာရင် ဒါနဲ့ ပတ်သက်တဲ့ စာအုပ် ၅ အုပ်လောက် ဖတ်တယ်လို့ ဆိုပါတယ်။ ဘာလို့ အဲ့ဒီလောက်တောင် ဖတ်ရသလဲဆိုတော့ သူပြောပြမယ့်လူထက် ပိုပြီး သိနေအောင်လို့ ဖြစ်ပါတယ်။

(၂) အကောင်းမြင်မှု

 

 

ဘီလ်ဂိတ်စ်က ပြောပါတယ်။ Microsoft အောင်မြင်တာ နဲ့ Gates Foundation ကြီး ဖြစ်လာတာဟာ အလွန်ကို အကောင်းမြင်တဲ့ စိတ်သဘောထားကြောင့်ပါတဲ့။ အရင်က အောင်မြင်မှုတွေကနေ အားယူပြီး ကြုံနေရတဲ့ အခက်အခဲနဲ့ ကျရှုံးမှုတွေကို ရင်ဆိုင်ရင်းနဲ့ အနာဂါတ်ကို အောင်မြင်အောင် တည်ဆောက်ပါတယ်။
“Microsoft မှာ အရှုံးတွေလည်းရှိခဲ့တာပါပဲ။ ဥပမာ- Windows ကို ကျွန်တော်တို့ ကြေညာထားပြီး နှစ်နှစ်အထိ မဖြန့်ချိနိုင်တာမျိုးပေါ့။ ဒါပေမယ့် စိတ်ချရစေမယ့် အောင်မြင်မှုတွေက ရှိပြီးသားပဲလေ”လို့ သူက ဆိုပါတယ်။

(၃) တာဝန်ပေးတတ်ခြင်း

 

ဘီလ်ဂိတ်စ်ဟာ အရင်က Code ပဲ ရေးနေတဲ့ ပရိုဂရမ်မာ။ ကုဒ်တွေ ရေးနေရရင် ပျော်နေတဲ့သူမျိုး။ ဒါပေမယ့် သူ့တကယ့်အလုပ်နဲ့ သူလုပ်သင့်တာ/မလုပ်နိုင်တာကို ချိန်ဆခဲ့ပါတယ်။

ကိုယ့်ရဲ့ အားသာချက် အားနည်းချက်ကို သိခြင်းကနေ ထိရောက်တဲ့ ခန့်ခွဲမှုလုပ်ရပါတယ်။ ဂိတ်စ်ကတော့ ဒီ Skills တွေဟာပရိုဂရမ်ပိုင်းနဲ့ လူတွေကို စီမံခန့်ခွဲမှုပိုင်းလို့ ဆိုပါတယ်။ လူတွေနဲ့ ဆက်ဆံရခြင်းက သူ့ရဲ့ အလုပ်တာဝန်တစ်ခု ဖြစ်လာကြောင်း သိပြီးနောက် စီမံခန့်ခွဲမှုကို ပျော်မွေ့တဲ့ စတိဗ်ဘောမားကို စီမံခန့်ခွဲမှုမှာ တာဝန်ပေးခဲ့ပါတယ်။ “စတိဗ်ဘောမားလို လူကို စီမံခန့်ခွဲရေးမှာ ထားခြင်းက အများကြီး အကျိုးရှိပါတယ်။ ကျွန်တော်အဲ့လိုမျိုး အတွေ့အကြုံအလွန်များသူတွေကို ငှားခဲ့တာ”လို့ သူက ဆိုပါတယ်။

 

zawgyi

Microsoft တည္ေထာင္သူနဲ႔ ကမာၻ႔ဒုတိယအခ်မ္းသာဆုံးသူေဌးႀကီး ဘီလ္ဂိတ္စ္ကို အားလုံးပဲ သိၾကမယ္ ထင္ပါတယ္။ ဘီလ္ဂိတ္စ္နဲ႔ ကြယ္လြန္သူ သူ႔မိတ္ေဆြ ေပါလ္အယ္လန္တို႔ဟာ ဆီယက္တဲလ္က Lakeside School မွာ အထက္တန္းေက်ာင္း အတူတူတက္ခဲ့တာပါ။
မၾကာေသးခင္ကပဲ ဘီလ္ဂိတ္စ္ဟာ Lakeside ေက်ာင္းကို ျပန္ေရာက္လာၿပီး အထက္တန္းေက်ာင္းသားေတြကို မိန႔္ခြန္းေျပာခဲ့ပါတယ္။ အဲ့ဒီမိန႔္ခြန္းထဲမွာ သူ႔ကို ေအာင္ျမင္မႈရေအာင္ ေမာင္းႏွင္ေပးတဲ့အရာ ၃ မ်ိဳးအေၾကာင္းကို မွ်ေဝခဲ့ပါတယ္။ ဘီလ္ဂိတ္စ္ရဲ႕ ေအာင္ျမင္မႈအင္ဂ်င္ ၃ လုံးက ဘာေတြလဲ။

(၁) သိခ်င္စိတ္

 

 

စူးစမ္းခ်င္တဲ့ စိတ္က သူ႔ကို အျမင့္ေရာက္ေစခဲ့တာလို႔ ဘီလ္ဂိတ္စ္က ေျပာပါတယ္။ “သိခ်င္စိတ္ ထက္သန္တဲ့ ေလ့လာလိုသူတစ္ဦးအတြက္ ဒီအခ်ိန္က အေကာင္းဆုံးပါပဲ။ ဘာလို႔လဲဆိုေတာ့ သင့္ရဲ႕ အသိပညာကို အၿမဲတေစ လန္းဆန္းေစႏိုင္မယ့္အရာေတြက အြန္လိုင္းေတြ podcast လက္ခ်ာေတြမွာ အရင့္အရင္ကထက္ ပိုေကာင္းလာလို႔ပါပဲ”တဲ့။
ဘီလ္ဂိတ္စ္ဟာ စာသိပ္ဖတ္ပါတယ္။ အေၾကာင္းအရာတစ္ခုခုကို သူသိခ်င္လာရင္ ဒါနဲ႔ ပတ္သက္တဲ့ စာအုပ္ ၅ အုပ္ေလာက္ ဖတ္တယ္လို႔ ဆိုပါတယ္။ ဘာလို႔ အဲ့ဒီေလာက္ေတာင္ ဖတ္ရသလဲဆိုေတာ့ သူေျပာျပမယ့္လူထက္ ပိုၿပီး သိေနေအာင္လို႔ ျဖစ္ပါတယ္။

(၂) အေကာင္းျမင္မႈ

 

 

 

ဘီလ္ဂိတ္စ္က ေျပာပါတယ္။ Microsoft ေအာင္ျမင္တာ နဲ႔ Gates Foundation ႀကီး ျဖစ္လာတာဟာ အလြန္ကို အေကာင္းျမင္တဲ့ စိတ္သေဘာထားေၾကာင့္ပါတဲ့။ အရင္က ေအာင္ျမင္မႈေတြကေန အားယူၿပီး ႀကဳံေနရတဲ့ အခက္အခဲနဲ႔ က်ရႈံးမႈေတြကို ရင္ဆိုင္ရင္းနဲ႔ အနာဂါတ္ကို ေအာင္ျမင္ေအာင္ တည္ေဆာက္ပါတယ္။
“Microsoft မွာ အရႈံးေတြလည္းရွိခဲ့တာပါပဲ။ ဥပမာ- Windows ကို ကြၽန္ေတာ္တို႔ ေၾကညာထားၿပီး ႏွစ္ႏွစ္အထိ မျဖန႔္ခ်ိႏိုင္တာမ်ိဳးေပါ့။ ဒါေပမယ့္ စိတ္ခ်ရေစမယ့္ ေအာင္ျမင္မႈေတြက ရွိၿပီးသားပဲေလ”လို႔ သူက ဆိုပါတယ္။

(၃) တာဝန္ေပးတတ္ျခင္း

 

 

ဘီလ္ဂိတ္စ္ဟာ အရင္က Code ပဲ ေရးေနတဲ့ ပ႐ိုဂရမ္မာ။ ကုဒ္ေတြ ေရးေနရရင္ ေပ်ာ္ေနတဲ့သူမ်ိဳး။ ဒါေပမယ့္ သူ႔တကယ့္အလုပ္နဲ႔ သူလုပ္သင့္တာ/မလုပ္ႏိုင္တာကို ခ်ိန္ဆခဲ့ပါတယ္။

ကိုယ့္ရဲ႕ အားသာခ်က္ အားနည္းခ်က္ကို သိျခင္းကေန ထိေရာက္တဲ့ ခန႔္ခြဲမႈလုပ္ရပါတယ္။ ဂိတ္စ္ကေတာ့ ဒီ Skills ေတြဟာပ႐ိုဂရမ္ပိုင္းနဲ႔ လူေတြကို စီမံခန႔္ခြဲမႈပိုင္းလို႔ ဆိုပါတယ္။ လူေတြနဲ႔ ဆက္ဆံရျခင္းက သူ႔ရဲ႕ အလုပ္တာဝန္တစ္ခု ျဖစ္လာေၾကာင္း သိၿပီးေနာက္ စီမံခန႔္ခြဲမႈကို ေပ်ာ္ေမြ႕တဲ့ စတိဗ္ေဘာမားကို စီမံခန႔္ခြဲမႈမွာ တာဝန္ေပးခဲ့ပါတယ္။ “စတိဗ္ေဘာမားလို လူကို စီမံခန႔္ခြဲေရးမွာ ထားျခင္းက အမ်ားႀကီး အက်ိဳးရွိပါတယ္။ ကြၽန္ေတာ္အဲ့လိုမ်ိဳး အေတြ႕အႀကဳံအလြန္မ်ားသူေတြကို ငွားခဲ့တာ”လို႔ သူက ဆိုပါတယ္။

 

 

Leave a Reply

Your email address will not be published.