Mon. Jun 5th, 2023

#Unicode Version

 

လောကကြီးမှာ မင်းဟာ သန်မာနေဖို့လိုတယ်။ တစ်ခါတစ်လေမှာ မင်းဟာ လဲကျတဲ့အခါလည်းရှိမယ်။ ပြင်မရတဲ့ အမှားတွေလည်း လုပ်မိချင်လုပ်ခဲ့လိမ့်မယ်။
မင်းမှာ အားနည်းချက်တွေလည်း အများကြီးရှိချင် ရှိနေမှာပဲလေ။

မင်းမှာ တော်တဲ့အပိုင်းတွေရှိသလို အတတ ဖြစ်တဲ့အခါလည်းရှိမယ်။ အရာရာတိုင်းမှာတော့ မင်းဟာ မတော်နိုင်ဘူးလေ။

ဒါပေမယ့် မင်းဟာ သန်မာဖို့လိုတယ်။ လဲကျတိုင်း ပြန်ထရမှာပဲ။ ဝမ်းနည်းနေလို့မရဘူး။ မင်းချစ်ရတဲ့သူက မင်းကိုထားချင်ထားခဲ့မှာပဲ။ တစ်ခါတစ်လေလည်း အသည်းကွဲချင် ကွဲမှာပဲလေ။ မင်းဟာ ခပ်တုံးတုံး တစ်ယောက်လည်း ဖြစ်ချင်ဖြစ်မယ်။ မင်းရုပ်က ဆိုးချင်ဆိုးနေပါလိမ့်မယ်။ မင်းဟာ ဆင်းရဲချင်ဆင်းရဲ နေလိမ့်မယ်။

 

ဒါပေမယ့် မင်းဟာ သန်မာဖို့လိုတယ်။ လဲကျတိုင်း ပြန်ထရမှာပဲ။ မင်းကို အထင်သေး လှောင်ပြောင်ခဲ့တဲ့ သူတွေကို အံ့သြသွားအောင် လုပ်ပြလိုက်စမ်းပါ။

မင်းမှာ ဖြေရှင်းမရတဲ့ ဒုက္ခပေါင်းစုံလည်း ရှိချင်ရှိနေမယ်။ လူတွေက မင်းကို အပြစ်တွေဘယ်လောက်ပဲပြောပြော လူတွေက မင်းကို ဘယ်လောက်နှိမ်နှိမ် အခုအချိန်မှာ မင်းဘယ်လောက်နာကျင်နေပါစေ။ မင်းလျှောက်ရမယ့် လမ်းကို ဆက်သွားရမှာပဲလေ။

မင်းဟာ သန်မာနေတဲ့သူဖြစ်ဖို့ ဆိုရင် တစ်ချို့လူတွေရဲ့ အမြင်တွေ၊ ဝေဖန်မှုတွေကို ဂရုမစိုက်နဲ့ သူတို့တွေက မင်းကြုံခဲ့ရတဲ့ အခက်အခဲတွေ၊ နာကျင်မှုတွေ၊ မင်းလဲကျခဲ့ရတာတွေကို မသိကြဘူးလေ။ သူတို့တွေက မင်းဘဝကို မပြောင်းလဲ‌ပေးနိုင်ဘူး။ မင်းဘဝကို မင်းကိုယ်တိုင် ပြောင်းလဲရမှာပါ။

ဒါ့ကြောင့် မင်းဟာ သန်မာနေဖို့လိုတယ်။ ငေးမှိုင်လွမ်းဆွေးနေလို့ မရဘူး။ ဆက်သွားနေရအုံးမှာ။

လောကမှာ မင်းရဲ့တန်ဖိုးကို မင်းဘာလုပ်နိုင်လဲဆိုတာကို ကြည့်ပြီး ဆုံးဖြတ်ကြမှာ။ မင်းရဲ့ တန်ဖိုးက မင်းဘယ်လောက်လှတယ်၊ မလှဘူးဆိုတာနဲ့ မဆုံးဖြတ်ဘူး။ မင်းဘယ်လောက် ချမ်းသာသာလဲ ဆိုတာနဲ့ မဆိုင်ဘူး။ တန်ဖိုးရှိတဲ့ အရာတွေကို မင်းလုပ်နိုင်ရင် မင်းတန်ဖိုး ဟာလည်း မြှင့်လာမှာပဲ။

မင်းဟာ တန်ဖိုးရှိကြောင်း သက်သေပြလိုက်စမ်းပါ။ ဒါ့ကြောင့် မင်းဟာ သန်မာနေဖို့ လိုပါတယ်။ မင်းကို မလုပ်နိုင်ဘူးလို့ ထင်နေတဲ့သူတွေကို ဆွံ့အသွားအောင် လုပ်ပြလိုက်စမ်းပါ။

မင်းဟာ ဘဝမှာ ရှင်သန်ဖို့ဆိုရင် အခက်အခဲတွေကြားမှာ ရုန်းကန်နေရအုံးမှာပဲလေ။ တစ်ချို့အရာတွေကို မင်းဟာ လုပ်နိုင်ပေမယ့် တစ်ချို့အရာတွေကိုတော့ မင်းလုပ်နိုင်ချင်မှ လုပ်နိုင်မှာပါ။ မင်းဟာ အရာအားလုံးကို လုပ်နိုင်ဖို့မလိုဘူး။ မင်းလုပ်နိုင်တာတွေကိုပဲ လုပ်ရမှာလေ။

★★မင်းဟာ သန်မာတဲ့သူပါ★★

 

 

zawgyi

#Unicode Version

 

ေလာကႀကီးမွာ မင္းဟာ သန္မာေနဖို႔လိုတယ္။ တစ္ခါတစ္ေလမွာ မင္းဟာ လဲက်တဲ့အခါလည္းရွိမယ္။ ျပင္မရတဲ့ အမွားေတြလည္း လုပ္မိခ်င္လုပ္ခဲ့လိမ့္မယ္။
မင္းမွာ အားနည္းခ်က္ေတြလည္း အမ်ားႀကီးရွိခ်င္ ရွိေနမွာပဲေလ။

မင္းမွာ ေတာ္တဲ့အပိုင္းေတြရွိသလို အတတ ျဖစ္တဲ့အခါလည္းရွိမယ္။ အရာရာတိုင္းမွာေတာ့ မင္းဟာ မေတာ္ႏိုင္ဘူးေလ။

ဒါေပမယ့္ မင္းဟာ သန္မာဖို႔လိုတယ္။ လဲက်တိုင္း ျပန္ထရမွာပဲ။ ဝမ္းနည္းေနလို႔မရဘူး။ မင္းခ်စ္ရတဲ့သူက မင္းကိုထားခ်င္ထားခဲ့မွာပဲ။ တစ္ခါတစ္ေလလည္း အသည္းကြဲခ်င္ ကြဲမွာပဲေလ။ မင္းဟာ ခပ္တုံးတုံး တစ္ေယာက္လည္း ျဖစ္ခ်င္ျဖစ္မယ္။ မင္း႐ုပ္က ဆိုးခ်င္ဆိုးေနပါလိမ့္မယ္။ မင္းဟာ ဆင္းရဲခ်င္ဆင္းရဲ ေနလိမ့္မယ္။

 

 

ဒါေပမယ့္ မင္းဟာ သန္မာဖို႔လိုတယ္။ လဲက်တိုင္း ျပန္ထရမွာပဲ။ မင္းကို အထင္ေသး ေလွာင္ေျပာင္ခဲ့တဲ့ သူေတြကို အံ့ၾသသြားေအာင္ လုပ္ျပလိုက္စမ္းပါ။

မင္းမွာ ေျဖရွင္းမရတဲ့ ဒုကၡေပါင္းစုံလည္း ရွိခ်င္ရွိေနမယ္။ လူေတြက မင္းကို အျပစ္ေတြဘယ္ေလာက္ပဲေျပာေျပာ လူေတြက မင္းကို ဘယ္ေလာက္ႏွိမ္ႏွိမ္ အခုအခ်ိန္မွာ မင္းဘယ္ေလာက္နာက်င္ေနပါေစ။ မင္းေလွ်ာက္ရမယ့္ လမ္းကို ဆက္သြားရမွာပဲေလ။

မင္းဟာ သန္မာေနတဲ့သူျဖစ္ဖို႔ ဆိုရင္ တစ္ခ်ိဳ႕လူေတြရဲ႕ အျမင္ေတြ၊ ေဝဖန္မႈေတြကို ဂ႐ုမစိုက္နဲ႔ သူတို႔ေတြက မင္းႀကဳံခဲ့ရတဲ့ အခက္အခဲေတြ၊ နာက်င္မႈေတြ၊ မင္းလဲက်ခဲ့ရတာေတြကို မသိၾကဘူးေလ။ သူတို႔ေတြက မင္းဘဝကို မေျပာင္းလဲ‌ေပးႏိုင္ဘူး။ မင္းဘဝကို မင္းကိုယ္တိုင္ ေျပာင္းလဲရမွာပါ။

 

ဒါ့ေၾကာင့္ မင္းဟာ သန္မာေနဖို႔လိုတယ္။ ေငးမႈိင္လြမ္းေဆြးေနလို႔ မရဘူး။ ဆက္သြားေနရအုံးမွာ။

ေလာကမွာ မင္းရဲ႕တန္ဖိုးကို မင္းဘာလုပ္ႏိုင္လဲဆိုတာကို ၾကည့္ၿပီး ဆုံးျဖတ္ၾကမွာ။ မင္းရဲ႕ တန္ဖိုးက မင္းဘယ္ေလာက္လွတယ္၊ မလွဘူးဆိုတာနဲ႔ မဆုံးျဖတ္ဘူး။ မင္းဘယ္ေလာက္ ခ်မ္းသာသာလဲ ဆိုတာနဲ႔ မဆိုင္ဘူး။ တန္ဖိုးရွိတဲ့ အရာေတြကို မင္းလုပ္ႏိုင္ရင္ မင္းတန္ဖိုး ဟာလည္း ျမႇင့္လာမွာပဲ။

မင္းဟာ တန္ဖိုးရွိေၾကာင္း သက္ေသျပလိုက္စမ္းပါ။ ဒါ့ေၾကာင့္ မင္းဟာ သန္မာေနဖို႔ လိုပါတယ္။ မင္းကို မလုပ္ႏိုင္ဘူးလို႔ ထင္ေနတဲ့သူေတြကို ဆြံ႕အသြားေအာင္ လုပ္ျပလိုက္စမ္းပါ။

မင္းဟာ ဘဝမွာ ရွင္သန္ဖို႔ဆိုရင္ အခက္အခဲေတြၾကားမွာ ႐ုန္းကန္ေနရအုံးမွာပဲေလ။ တစ္ခ်ိဳ႕အရာေတြကို မင္းဟာ လုပ္ႏိုင္ေပမယ့္ တစ္ခ်ိဳ႕အရာေတြကိုေတာ့ မင္းလုပ္ႏိုင္ခ်င္မွ လုပ္ႏိုင္မွာပါ။ မင္းဟာ အရာအားလုံးကို လုပ္ႏိုင္ဖို႔မလိုဘူး။ မင္းလုပ္ႏိုင္တာေတြကိုပဲ လုပ္ရမွာေလ။

★★မင္းဟာ သန္မာတဲ့သူပါ★★

 

 

Leave a Reply

Your email address will not be published. Required fields are marked *