အကယ်၍ သင်စီးနေတဲ့ကားသာ ရေထဲ ထိုးကျသွားမယ်ဆိုရငဘယ်လိုမျိုးလုပ်ရမလဲ
မင်္ဂလာပါ။One Daily Pageမှ ကြိုဆိုပါတယ်။နစ်မြုပ်နေတဲ့ကားထဲမှာ ပိတ်မိနေတာကို တွေးရုံနဲ့တင် အလွန်ကြောက်စရာကောင်းေနပါပြီ။ဒါ့ေကြာင့် ဒီလိုအခြေအနေအတွက် သင့်ကိုယ်သင် အတတ်နိုင်ဆုံး ပြင်ဆင်ထားဖို့ လိုပါတယ်။
ဒီတစ်ခါမှာတော့ ကျွန်တော်တို့ပေ့ခ်ျကနေ ကားသာ ရေထဲထိုးကျသွားရင် လုပ်နိုင်တဲ့ အလွယ်ကူဆုံးနည်းလမ်းတွေကို ပြောပြပေးသွားပါမယ်။
(၁)တတ်နိုင်သမျှ စိတ်ထိန်းပါ
ဒီအခြေအနေမှာ တတ်နိုင်သမျှ တည်ငြိမ်အောင်လုပ်ဖို့က အရေးကြီးဆုံးပါပဲ။ သင့်ရဲ့ အသက်ရှုသံတွေကို အလကားမဖြုန်းပါနှင့်။ ကားထဲကို ရေတွေ စိမ့်ဝင်နေတဲ့အခါ ဒီလိုလုပ်ဖို့ မလွယ်ပါဘူး။
(၂)တစ်ခုခုကို အမိအရကိုင်ထားပြီးမှ ခါးပတ်ကြိုးဖြုတ်ပါ
သင့်ကိုယ်သင် ကြိုးမဖြုတ်မီ အကျိုးသက်ရောက်မှုကို စောင့်ပါ။ သင်အချိန်ကုန်သက်သာမည်ဟုထင်ရပေမယ့်လည်း ကားက မည်သို့ဆင်းသက်မည်ကို မသိနိုင်ပါဘူး။ ယာဉ်တစ်စီးလုံး ရေထဲကျသွားတဲ့ အထိ သတိရှိစေချင်ပါတယ်။
(၃)မြန်မြန်ထွက်ပါ
နစ်မြုပ်နေတဲ့ကားထဲမှာရှိနေရင် အမြန်နှုန်းက ရှင်သန်မှုအတွက် သော့ချက်ပါပဲ။ သင့်မှာ 30စက္ကန့် မှ စက္ကန့်60 သာ ကားပေါ်က ဆင်းဖို့ အချိန်ရှိပါတယ်။ အကူအညီတောင်းေနဖို့ အချိန်မရှိတဲ့အတွက်ကြောင့် ဖုန်းကို မေ့ထားလိုက်ပါ။
(၄)တံခါးမှန်တင်ပါ ဒါမှမဟုတ် ခွဲပါ
သင့်ကားနစ်မြုပ်မယ့်အချိန်ကို စောင့်မနေပါနှင့်။ အပြင်ထွက်ဖို့ အကောင်းဆုံးအခွင့်အရေးကတော့ ရေမမြင့်သေးတဲ့အချိန်ပါပဲ။ သင့်ပြတင်းပေါက်ကို အောက်သို့ တွန်းချပါ ဒါမှမဟုတ် ချွန်ထက်တဲ့ အရာတစ်ခုဖြင့် ချိုးဖျက်ပါ။
(၅) ကားတံခါးကိုတော့ မဖွင့်ပါနှင့်
သင့်ကားက ရေအောက်ရောက်နေပြီဆိုလျှင် တံခါးမဖွင့်ပါနှင့်။ ရေဖိအားက သင့်ကို လွယ်လွယ်ကူကူ လုပ်ခွင့်မပေးပါဘူး။ လွတ်မြောက်မယ့်အစား ပိုနစ်သွားပါလိမ့်မယ်။
(၆) အကယ်၍ ရေအောက် လုံးလုံးရောက်သွားမယ်ဆိုရငိ
တံခါးလက်ကိုင်ကို ကိုင်ထားပါ။ အထူးသဖြင့် ပြင်းထန်တဲ့ရေစီးကြောင်းနှင့်အတူ နစ်မြုပ်သွားတဲ့အခါ ကားက လှိမ့်နိုင်၊ လှန်နိုင်၊ တိမ်းစောင်းသွားနိုင်တဲ့အတွက်ကြောင့် ထိန်းဖို့ လိုပါမယ်။အသက်ပြင်းပြင်းရှူ လက်ကျန်လေကို အသုံးပြုပါ။ သင်ရှူသွင်းလိုက်သည့်အတိုင်း ပူဖောင်းတွေရဲ့ လမ်းညွှန်ချက်ကို လိုက်နာပါ၊ သို့မှသာ မည်သည့်လမ်းကြောင်းကို တက်ရမယ်ဆိုတာ သိနိုင်ပါတယ်။
ဖော်ပြပေးခဲ့တဲ့အကြောင်းအရာလေးကို သဘောကျနှစ်သက်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။နောင်လည်း ကျွန်တော်တို့ One Daily Pageမှ အကြောင်းအရာမျိုးစုံကို စိတ်ဝင်စားဖွယ်တင်ဆက်ပေးသွားမှာဖြစ်လို့ Like and Followလေးပြုလုပ်ထားသင့်ပါတယ်နော်
Sources Brightside
Written One Daily Media
One Daily Media Copyright © 2022ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။