Unicode Version
ရေဟာမရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုပါ။ ရေမရှိရင်အသက်မရှင်နိုင်ပါဘူး။ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အစိတ်အပိုင်းအရာအားလုံးဟာ ရေဓာတ်မရှိရင် ကောင်းစွာ အလုပ်မလုပ်နိုင်ပါဘူး။
၁။ ကင်ဆာရောဂါကို ကာကွယ်ပေးတယ်
လေ့လာချက်တွေအရ ရေဓာတ်ပြည့်ဝနေခြင်းက အူမကြီးကင်ဆာဖြစ်နိုင်ခြေကို ၄၅% နဲ့ ဆီးကင်ဆာကို ၅၀% လျော့ချပေးပါတယ်။ ရင်သားကင်ဆာဖြစ်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ ရေများများသောက်ခြင်းဖြင့် ရောဂါဝေဒနာများဖြစ်ခြင်းကို ကာကွယ်ကြရအောင်!
၂။ စိတ်ရှုပ်ထွေးမှုကို လျော့နည်းစေတယ်
ရေသောက်ခြင်းက စိတ်တိုခြင်း ၊ တွေဝေရှုပ်ထွေးမှု လျော့နည်းအောင် ပြုလုပ်ပေးတယ်လို့ သုတေသနပညာရှင်တို့က ပြောကြားထားပါတယ်။ စိတ်ရှုပ်ထွေးမှုကို လျော့နည်းစေပြီး လန်းဆန်းတက်ကြွ ၊ စိတ်လက်ပေါ့ပါးစေဖို့ ရေများများသောက်ပေးပါ။အတွေးအခေါ် အကြံဉာဏ်ကောင်းတွေရရှိအောင်လို့ ရေများများသောက်ပါ။
၃။ ကိုယ်အလေးချိန်ကျစေတယ်
ကိုယ်အလေးချိန်ကျချင်တဲ့သူအနေနဲ့ ရေများများသောက်ပေးဖို့ လိုအပ်ပါတယ်။ ရေဓာတ်ပြည့်ဝနေခြင်းက အစာစားချင်စိတ်ကို အဟန့်အတားပေးပါတယ်။ ဆေးသောက်ပြီး ကိုယ်အလေးချိန် ကျစရာမလိုဘဲ ရေများများသောက်ခြင်းဖြင့် ကိုယ်အလေးချိန်ကျခြင်းကို ရယူပါ။
၄။ နာကျင်မှုကို သက်သာစေတယ်
ရေများများသောက်ပေးခြင်းဟာ နာကျင်မှုဒဏ်ကိုလည်း လျော့ကျစေပါတယ်။ အရိုး ၊ အဆစ်၊ အမြစ် ကိုက်ခဲခြင်းကို သက်သာစေဖို့ ရေများများသောက်ပေးပါ။
၅။ အညစ်အကြေးနဲ့ ဘက်တီးရီးယားကို ဖယ်ရှားပေးတယ်
လူ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ အညစ်အကြေးနဲ့ ဘက်တီးရီးယားကို ရေများများသောက်ခြင်းဖြင့် ဖယ်ရှားနိုင်ပါတယ်။ ရေများများသောက်ပေးခြင်းဟာ ဝမ်းမှန်စေပါတယ်။ အမျှင်ဓာတ်နဲ့ ရေဓာတ်ပေါင်းစည်းကာ ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။
၆။ ခေါင်းကိုက်ခြင်းကို ကာကွယ်ပေးတယ်
တစ်ခါတစ်လေ ခေါင်းကိုက်ခြင်းဟာ ထိခိုက်ထားတာမျိုး မဟုတ်ဘဲ နာကျင်နေတတ်ပါတယ်။ အဲ့ဒီအချိန်မျိုးမှာ ရေများများသောက်ပေးသင့်ပါတယ်။
၇။ အသားအရေကို တောက်ပစေတယ်
လူ့ခန္ဓာကိုယ်မှာ အရေးကြီးဆုံးအင်္ဂါအစိတ်အပိုင်းက အရေပြားပါ။ အသားရည်လှပတဲ့သူတွေဟာ ထူးခြားစွာ ပိုပြီး ဆွဲဆောင်မှု ရှိနေတတ်ပါတယ်။ အသားအရည် ကြည်လင်ဝင်းပစေဖို့ ရေများများသောက်ရပါမယ်။ နေ့တိုင်းလို ပုံမှန်ထက် ရေများများ သောက်ပေးခြင်းက လှပသောအသားအရည်ကို ပိုင်ဆိုင်နိုင်မှာပါ။