Fri. May 27th, 2022

လက်ထဲမှာ ပိုက်ဆံကို ရှိရင် ရှိသလောက် သုံးတတ်အကျင့်ကြောင့် ဒုက္ခရောက်သွားတဲ့ အပေါင်းအသင်းတွေ မြင်ဖူးကြမှာပါ။ ဒီထဲမှာ ကိုယ်ပါသလား ပြန်မေးကြည့်သင့်တယ်လို့ ထင်ပါတယ်။
ငွေကို စုစုဆောင်းဆောင်း ခြိုးခြိုးခြံခြံ သုံးစွဲတဲ့သူတွေဟာ အများအမြင်မှာ ကပ်စေးနှဲတဲ့သူတွေလို့ အထင်ခံရနိုင်ပါတယ်။ ဒါပေမယ့် ငွေစုတတ်တဲ့ အကျင့်ရှိသူတွေဟာ တစ်ခြားသူတွေနဲ့ မရနိုင်တဲ့ အခုလိုအကျိုးတွေလည်း ရနိုင်ပါတယ်။

(၁) စည်းကမ်းရှိလာတယ်

 

ပိုက်ဆံစုခြင်းဟာ ငွေတင် စည်းကမ်းထားတာမျိုး မဟုတ်ဘဲ ဟိုဟာမြင်ရင် ဝယ်ချင်လိုက် ၊ ဒီဟာလေးလည်း လိုချင်လိုက်ဆိုတဲ့ စိတ်ဆိုးစိတ်ညစ်ကိုပါ စည်းကမ်းလိုက်ထားရတာပါ။ ဒီနည်းနဲ့ စည်းကမ်းပိုကောင်းလာနိုင်ပါတယ်။ စည်းကမ်းရှိခြင်းလောက် အဖိုးတန်တဲ့ အရည်အချင်းမျိုးက ရှားပါတယ်။

(၂) ဂုဏ်သိက္ခာရှိတယ်

ငွေစုထားတယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် စိတ်လုံပါတယ်။ လက်ထဲမှာ ပိုက်ဆံရှိထားရင် မျက်နှာအငယ်ခံပြီး သူများဆီ ပိုက်ဆံချေးစရာလည်း မလိုတာကြောင့် ရင်ကော့ပြီး နေလို့ရပါတယ်။ သိက္ခာရှိရှိ နေနိုင်ခြင်းဟာ လူတစ်ယောက်အတွက် အရေးကြီးဆုံး လိုအပ်ချက်တွေထဲက တစ်ခုပဲမလား။

(၃) ပျော်ရွှင်ရတယ်

 

အရေးအကြောင်းအတွက် ကိုယ့်မှာ ငွေရှိတဲ့နောက် နောင်ရေးကို စိတ်အေးလက်အေးနဲ့ ကျော်ဖြတ်နိုင်ပါပြီ။ မျှော်လင့်ချက်လေးတွေ ၊ စိတ်ကူးလေးတွေ ရှိရင် အကောင်အထည်ဖော်နိုင်ပါပြီ။ အနာဂါတ်အတွက် စိတ်အေးရပြီဆိုရင် တွေးလိုက်တိုင်း ပျော်ရပါတယ်။

 

 

zawgyi

လက္ထဲမွာ ပိုက္ဆံကို ရွိရင္ ရွိသေလာက္ သုံးတတ္အက်င့္ေၾကာင့္ ဒုကၡေရာက္သြားတဲ့ အေပါင္းအသင္းေတြ ျမင္ဖူးၾကမွာပါ။ ဒီထဲမွာ ကိုယ္ပါသလား ျပန္ေမးၾကည့္သင့္တယ္လို႔ ထင္ပါတယ္။
ေငြကို စုစုေဆာင္းေဆာင္း ၿခိဳးၿခိဳးၿခံၿခံ သုံးစြဲတဲ့သူေတြဟာ အမ်ားအျမင္မွာ ကပ္ေစးႏွဲတဲ့သူေတြလို႔ အထင္ခံရႏိုင္ပါတယ္။ ဒါေပမယ့္ ေငြစုတတ္တဲ့ အက်င့္ရွိသူေတြဟာ တစ္ျခားသူေတြနဲ႔ မရႏိုင္တဲ့ အခုလိုအက်ိဳးေတြလည္း ရႏိုင္ပါတယ္။

(၁) စည္းကမ္းရွိလာတယ္

 

 

ပိုက္ဆံစုျခင္းဟာ ေငြတင္ စည္းကမ္းထားတာမ်ိဳး မဟုတ္ဘဲ ဟိုဟာျမင္ရင္ ဝယ္ခ်င္လိုက္ ၊ ဒီဟာေလးလည္း လိုခ်င္လိုက္ဆိုတဲ့ စိတ္ဆိုးစိတ္ညစ္ကိုပါ စည္းကမ္းလိုက္ထားရတာပါ။ ဒီနည္းနဲ႔ စည္းကမ္းပိုေကာင္းလာႏိုင္ပါတယ္။ စည္းကမ္းရွိျခင္းေလာက္ အဖိုးတန္တဲ့ အရည္အခ်င္းမ်ိဳးက ရွားပါတယ္။

(၂) ဂုဏ္သိကၡာရွိတယ္

 

ေငြစုထားတယ္ဆိုရင္ ကိုယ့္ကိုယ္ကိုယ္ စိတ္လုံပါတယ္။ လက္ထဲမွာ ပိုက္ဆံရွိထားရင္ မ်က္ႏွာအငယ္ခံၿပီး သူမ်ားဆီ ပိုက္ဆံေခ်းစရာလည္း မလိုတာေၾကာင့္ ရင္ေကာ့ၿပီး ေနလို႔ရပါတယ္။ သိကၡာရွိရွိ ေနႏိုင္ျခင္းဟာ လူတစ္ေယာက္အတြက္ အေရးႀကီးဆုံး လိုအပ္ခ်က္ေတြထဲက တစ္ခုပဲမလား။

(၃) ေပ်ာ္႐ႊင္ရတယ္

 

 

အေရးအေၾကာင္းအတြက္ ကိုယ့္မွာ ေငြရွိတဲ့ေနာက္ ေနာင္ေရးကို စိတ္ေအးလက္ေအးနဲ႔ ေက်ာ္ျဖတ္ႏိုင္ပါၿပီ။ ေမွ်ာ္လင့္ခ်က္ေလးေတြ ၊ စိတ္ကူးေလးေတြ ရွိရင္ အေကာင္အထည္ေဖာ္ႏိုင္ပါၿပီ။ အနာဂါတ္အတြက္ စိတ္ေအးရၿပီဆိုရင္ ေတြးလိုက္တိုင္း ေပ်ာ္ရပါတယ္။

 

 

Leave a Reply

Your email address will not be published.