Sun. May 22nd, 2022

 

ရာသီဥတု ပြောင်းလဲလာမှုတို့၏ သက်သေဓာတ်ပုံများ

(၂၀၂၀) ခုနှစ်ဟာ တတိယမြောက်အပူဆုံး နှစ်တစ်နှစ်ဖြစ်ခဲ့ပြီး ဒါဟာကမ္ဘာမြေ၏ ရာသီဥတုပြောင်းလဲနေမှုကို မီးမောင်းထိုးပြနေတာပဲဖြစ်ပါတယ်။ ” သဘာဝနှင့်ငြိမ်းချမ်းရေးတည်ဆောက်ခြင်းသည် ၂၁ ရာစု၏အဓိကတာဝန်ဖြစ်သည် ” လို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးက ပြောကြားခဲ့ပါတယ်။ ထို့ကြောင့် ကျွန်ုပ်တို့ရဲ့ အလေ့အထများဟာ ကမ္ဘာကြီးကို ကောင်းကျိုး ဆိုးကျိုး များပေးနိုင်ကြောင်း သတိပြုရပါမယ်။

ဒါဟာကမ္ဘာကြီးကို ဝိုင်းဝန်းပြုပြင်ပေးခြင်းအတွက် ကျွန်ုပ်တို့ လက်လှမ်းမှီနိုင်သောအလုပ်တစ်ခုဖြစ်ပြီး အနာဂတ်ကမ္ဘာကြီးကောင်းမွန်ရေးအတွက် ကျွန်ုပ်တို့၏အခန်းကဏ္ဍများ ပါဝင်နေပါတယ်။

ရာသီဥတုပြောင်းလဲခြင်းရဲ့ ဝမ်းနည်းဖွယ်အကျိုးဆက်ဖြစ်လာတဲ့ ကမ္ဘာမြေကြီးပေါ်က နေရာအချို့ကို တင်ပြ‌ပေးချင်ပါတယ်။

 

(၁) ရေခဲမြစ်များ လျင်မြန်စွာအရည်ပျော်ခြင်း

(၂) ကုန်းပေါ်မှရေခဲများ အရည်ပျော်နေသဖြင့် မြင့်တက်လာသော ပင်လယ်ရေမျက်နှာပြင်

(၃) သဘာဝနေထိုင်ရင်း ဒေသများမှ ထွက်ခွာနေရသော တိရိစ္ဆာန်မျိုးစိတ်များ

ရာသီဥတုပြောင်းလဲခြင်းကြောင့် ဖြစ်ပေါ်သော ရေခဲမြစ်များ အရည်ပျော်ခြင်းဟာ ပိုလာဝက်ဝံလေးများအား တိုက်ရိုက်သက်ရောက်မှုရှိနေပါတယ်။

(၄) ဘိုလစ်ဗီးယားနိုင်ငံမှ တောမီးလောင်ခြင်း

(၅) လုံးဝပြောင်းလဲသွားသော နေရာအချို့

(၆) ကမ်းပါးတိုက်စားမှု အရှိန်မြှင့်လာပြီးအန္တရာယ်တစ်ခုဖြစ်လာခြင်း

(၇) မိုးခေါင်မှုနှင့်အတူ တွေ့ရသော ရေလှောင်ကန်တစ်ခုအတွင်းမှ dolmen များ

(၈) ကမ္ဘာပေါ်တွင် စတုတ္ထအကြီးဆုံးအိုင် ဖြစ်ခဲ့သော Aral ပင်လယ်၏ အပိုင်းများစွာ ကွဲထွက်သွားပု

(၉) အင်ဒိုနီးရှားနိုင်ငံမှ သစ်တောပြုန်းတီးမှု

(၁၀)အချိန်ကြာမြင့်စွာမိုးခေါင်ခြင်းနှင့် အပူလွန်ကဲခြင်းတို့ကြောင့် လောင်ကျွမ်းခဲ့ရပုံ

(၁၁) အပူလှိုင်းဒဏ် ခံခဲ့ရသော လယ်ယာ စိုက်ပျိုးရေးများ

(၁၂) ဂျာမနီနိုင်ငံ Harz အမျိုးသားဥယျာဉ်ကိုထိခိုက်စေသော သစ်ပင်အခေါက်ပိုးဖြစ်ပွားမှုများ ရာသီဥတုပြောင်းလဲမှုကြောင့်တိုးလာခြင်း

(၁၃) ကျဥ်းမြောင်းလာသော တစ်ချိန်ကအရှေ့အလယ်ပိုင်း၏အကြီးဆုံး ရေကန်ကြီး

(၁၄) ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင်ပြောင်းလဲမှု ကြောင့် ရေကြီးမှုများနှင့်မကြာခဏရင်ဆိုင်ရသော Venice မြို့

(၁၅) ချောက်ကမ်းပါးဖြစ်သွားခဲ့သော ရေခဲမြစ်

(၁၆) ကွဲကြေပြီး လျင်မြန်စွာ အရည်ပျော်ကျလာသည့် “Iceberg Lake” ရေခဲမြစ်ရှိရေခဲများ

(၁၇) ပြိုကျနေသော ရေခဲတုံးကြီးများ

(၁၈)  ၆၀ ရာခိုင်နှုန်းကိုဆုံးရှုံးခဲ့သည့် နာမည်ကျော်ခရီးသွားများအား ဆွဲဆောင်ရာ ရေခဲမြစ်

သင်သတိထားမိတဲ့ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ ရှိရင်လည်း comment မှာ ရေးခဲ့နိုင်ပါတယ်

 

Sources Brightside

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ Source 

‌ဒါကြောင့်

One Daily Media Copyright © 2022ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

 

Leave a Reply

Your email address will not be published.