Amazing






Rain (For Ialinks)

Unicode

ထူးခြားစွာဖြင့် ကော်ဖီခွက်ထဲကို လောင်ကျွမ်းနေသော မီးသွေးခဲအား ထည့်ပြီး ရောင်းချနေသော ကော်ဖီဆိုင်

ကော်ဖီသောက်ရခြင်းကို လူတိုင်းနီးပါး ကြိုက်နှစ်သက်ကြပြီး ဆိုင်ဖျော်နှင့် ကိုယ်တိုင် ကော်ဖီထုပ်ဝယ်ပြီး အိမ်တွင်ဘဖျော်သောက်ခြင်းများ ပြုလုပ်ကြသည်။

သို့ဖြစ်၍ အင်ဒိုနီးရှားနိုင်ငံ Yogyakarta မြို့ထဲတွင် ရောင်းချနေသော ကော်ဖီဆိုင်တစ်ဆိုင်သည် ဖျော်နည်းအသစ်နှင့် ထူးခြားသည့်အရသာကြောင့် လူကြိုက်များပြီး ကမ္ဘာလှည့်ခရီးသွားများ ဧ။် အာရုံကိုပင် ဆွဲဆောင်နိုင်ခဲ့သည်။

ထိုဆိုင်တွင် ရောင်းချသော ကော်ဖီမှာ အခြားသော အရသာများနှင့် မတူပဲ ဖန်ခွက်ထဲတွင် ကော်ဖီမှုန့် သကြားနှင့် ဆူပွက်နေသော ရေနွေးကိုထည့်ပြီးနောက် နီရဲတောက်နေသော မီးသွေးခဲအား ကော်ဖီခွက်ထဲတွင် ထည့်ဖျော်ခဲ့သည်။

ထို့နောက် မီးသွေးခဲငြိမ်းသွားမှသာ ဖန်ခွက်ထဲက ထုတ်ပြီး သောက်သုံးခြင်းဖြင့် အရသာသည် အရမ်းချိုမြိန်ကာ ကဖိန်းဓာတ်ပါဝင်မှု နည်းပါးပြီး အဆာအိမ်နာခြင်းအတွက် ကောင်းမွန်သော ဆေးတစ်လက်အဖြစ် နာမည်ကြီးကာ ဆိုင်ထဲတွင် လာရောက်သုံးဆောင်သူများမှာ နေ့တိုင်းစည်ကားလျက်ရှိသည်။

Rain (For Ialinks)

Leave a Comment