သင့်မျက်နှာပေါ်က အဖြူစက်လေးတွေက ဘာကြောင့်ဖြစ်လာတာလဲ
မင်္ဂလာပါ။One Daily Pageမှ ကြိုဆိုပါတယ်။မွေးကင်းစကလေးငယ်ေတွရဲ့ 40% မှ 50% က သူတို့ရဲ့ မျက်နှာပေါ်မှာ အဖြူကွက်အနည်းငယ်ရှိနိုင်ပါတယ်။ တခါတရံမှာ ဒီဝက်ခြံတွေက အရွယ်ရောက်သည်အထိ အတူ ရှိနေတတ်ပါတယ်။
ဒါ့ကြောင့် ဒီတစ်ခါမှာတော့ ကျွန်တော်တို့ပေ့ခ်ျကနေ ဘာကြောင့် အဖြူစက်လေးတွေ ဖြစ်လာရသလဲဆိုတာ ပြောပြပေးသွားပါမယ်။
ဒီအဖုတွေရဲ့ နာမည်ကတော့ milia (နို့အစက်များ) လို့ ခေါ်ပါတယ်။ မျက်ခွံ၊ ပါးပြင်နှင့် နဖူးမှာ ပေါက်လေ့ရှိပါတယ်။ အများစုက milia ဟာ ဝက်ခြံတစ်မျိုးဖြစ်တယ်လို့ ယူဆကြပါတယ်။
Miliaကို ဖြစ်စေတဲ့ အကြောင်းရင်းကို ဘယ်သူမှ သေချာမသိေပမယ့်လည်း ဖြစ်နိုင်ချေရှိတဲ့ အကြောင်းအရာအချို့တော့ ရှိပါတယ်။ ဒါက အသားအရေ ပျက်စီးသွားနိုင်ပါတယ်။
ယားယံခြင်း၊ နေရောင်ခြည်ထိတွေ့ခြင်း၊ နေလောင်ခြင်း၊ စတဲ့ သက်ရောက်မှုအားလုံးက milia ဖြစ်စေပါတယ်။ နောက်ထပ်ဖြစ်နိုင်တဲ့ အကြောင်းအရင်းကတော့ ချွေးပေါက်ထဲမှာ ပိတ်မိနေတဲ့ အရေပြားသေ အစုအဝေးေတွကြောင့် ဖြစ်ပါတယ်။
အဖုအထစ်တွေက လုံးဝ အန္တရာယ်မရှိတဲ့အတွက်ကြောင့် စိုးရိမ်စရာတော့ မလိုပါဘူး။ဒါပေမယ့်လည်း အလှအပအတွက်ဆိုရင်တော့ ဒါကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းအချို့ ရှိပါတယ်။
(၁) Moisturize
နေကာခရင်မ်နဲ့ အစိုဓာတ်ထိန်းခရင်မ်ကို သုံးတာက အကြံကောင်းတစ်ခုပါပဲ။ ဒီထုတ်ကုန်တွေက သင့်အသားအရေကို ကာကွယ်ဖို့ ပ ကူညီပေးပါတယ်။ ဆောင်းရာသီမှာပဲဖြစ်ဖြစ် ပြတင်းပေါက်အနီးမှာ ထိုင်နေတဲ့အချိန်မှာတောင် နေရောင်ကာခရင်မ်လိမ်းဖို့ မမေ့ပါနဲ့ေနာ်။
(၂)Exfoliate
အလွန်အကျွံမလုပ်မိဖို့ေတာ့ အရေးကြီးပါတယ်။ အသားအရေကို မပျက်စီးစေဖို့နှင့် အဖုအထစ်ပိုများမလာစေဖို့အတွက် နူးညံ့တဲ့ scrubs ကိုအသုံးပြုပါ။
(၃)retinolပါတဲ့ ပစ္စည်းသုံးပါ
Retinol က milia ကိုချေဖျက်ဖို့ အကောင်းဆုံး ပစ္စည်းပါပဲ။ Retinol ခရင်မ်က အရေပြားအလွှာကို ချောမွေ့စေပြီး အဖုအပိန့်ထွက်ခြင်းကို ကာကွယ်ပေးပါတယ်။
(၄)salicylic acid သုံးပါ
ဒီအက်ဆစ်က ဝက်ခြံကို တိုက်ဖျက်ဖို့ နည်းလမ်းေကာင်းဖြစ်ပြီး milia အတွက်လည်း အလုပ်ဖြစ်ပါတယ်။ အဓိကကတော့ အရေပြားအလွှာတွေကို ပါးလွှာအောင်လုပ်ဖို့ပါပဲ။ ။ ညအိပ်ရာမ၀င်ခင်မှာ salicylic acid လိမ်းပေးပါ။
ဖော်ပြပေးခဲ့တဲ့အကြောင်းအရာလေးကို သဘောကျနှစ်သက်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။နောင်လည်း ကျွန်တော်တို့ One Daily Pageမှ အကြောင်းအရာမျိုးစုံကို စိတ်ဝင်စားဖွယ်တင်ဆက်ပေးသွားမှာဖြစ်လို့ Like and Followလေးပြုလုပ်ထားသင့်ပါတယ်နော်
Sources Brightside
Written One Daily Media
One Daily Media Copyright © 2022ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။