အိမ်သာထဲမှာ တွားသွားနိုင်တဲ့ အကောင်တွေက ဘာတွေ ဖြစ်မလဲ
မင်္ဂလာပါ။One Daily Pageမှ ကြိုဆိုပါတယ်။ပိုးကောင်တွေက သင့်ရေချိုးခန်းထဲကို ဘာကြောင့် လာရောက်လည်ပတ်ရတာလဲဆိုတာ တွေးဖူးပါသလား။ အကြောင်းကတော့ အစိုဓာတ်ကြောင့်ပါပဲ။ နေ့စဉ်အသုံးပြုနေတဲ့ အိမ်သာကို ရေလေးလောင်းချရုံနဲ့ သန့်စင်သွားပြီ မထင်ပါနဲ့
ဒီတစ်ခါမှာတော့ ကျွန်တော်တို့ပေ့ခ်ျကနေ အိမ်သာထဲမှာ တွားသွားနိုင်တဲ့ အကောင်အကြောင်းကို ပြောပြပေးသွားပါမယ်။
(၁) မြွေ
မြွေတွေက စိုစွတ်ပြီး မှောင်မိုက်တဲ့နေရာကို သဘောကျကြပါတယ်။ ဒါ့ကြောင့် သင့်အိမ်သာပိုက်တွေက သူတို့အတွက် ဇိမ်ခံဟိုတယ်ပါပဲ။ ဥယျာဉ် ဒါမှမဟုတ် သစ်ပင်မြွေလိုမျိုး ပိုက်ေတွအတွင်း တွားသွားတဲ့ မြွေေတွက များသောအားဖြင့် အန္တရာယ်မရှိပါဘူး။ ဒါပေမယ့် တောင်အမေရိကနှင့် ဩစတေးလျရှိ အိမ်သာတွေမှာတော့ anaconda တွေ ပေါ်လာတတ်ပါတယ် ။
(၂)ကြွက်
မြွေတွေလိုပဲ ကြွက်တွေကလည်း အစာကို အဆက်မပြတ် လိုက်ရှာနေပြီး ပိုက်ေတွက သူတို့အတွက် အလွန်နှစ်သက်ဖွယ်ဖို့ ကောင်းပါတယ်။ ဒါ့ကြောင့် အစားအစာအကြွင်းအကျန်ေတွကို အမှိုက်အိတ်ထဲ စွန့်ပစ်ဖို့သာမက အိမ်သာထဲ ဘယ်သောအခါမှ ပစ်မချဖို့လည်း အရေးကြီးပါတယ်။ အိမ်သာအဖုံးကိုလည်း အချိန်တိုင်း ပိတ်ထားသင့်ပါတယ်။
(၃) ပင့်ကူတွေ
ပင့်ကူတွေကတော့ ရေမကူးနိုင်သဖြင့် ရေချိုးခန်းအတွင်း အခြားလမ်းကြောင်းတစ်ခုမှ ပေါ်လာနိုင်ပါတယ်။ ဝင်လာတဲ့အခါမှာ အိမ်သာထိုင်ခုံအပြင်ဘက်မှာ နေရာယူကြမှာပါ။ အဲဒီ့မှာ အဆိပ်ရှိတဲ့ ပင့်ကူတွေဟာ အစာရှာနိုင်တဲ့ ယင်ကောင်တွေ အများကြီးရှိတာကြောင့် ရှင်သန်ကြီးထွားပါတယ်။ ဒါ့ကြောင့် အိမ်သာမသုံးခင်မှာ ထိုင်ခုံကို သေချာစစ်ဆေးဖို့ လိုအပ်ပါတယ်။
(၄). အိမ်မြှောင်
အမေရိကန်အနောက်တောင်ပိုင်းမှာတော့ အိမ်သာပိုက်တွေမှာ အိမ်မြှောင်တွေကို အတွေ့များရပါတယ်။ ပုရစ်နှင့် အခြားအင်းဆက်ပိုးမွှားတွေကိုလည်း သင့်အိမ်သာရဲ့ ရေပိုက်ေတွမှာ ကောင်းေကာင်း မသန့်ရှင်းပါက တွေ့ရနိုင်ပါတယ်။
(၅) Possums
၂၀၀၈ ခုနှစ် သြစတြေးလျမှာ အမျိုးသားတစ်ယောက်က အိမ်သာထဲမှာ ရေတွေ ပွက်ပွက်ဆူလာပြီး ခဏအကြာမှာတော့ possum အကောင်ပေါက်လေး ထွက်လာတာကို တွေ့ခဲ့ပါတယ်။ ဒီကောင်တွေက ကျွမ်းပကျင်ရေငုပ်သူတွေ ဖြစ်တာကြောင့် အိမ်သာထဲမှာ အကြာကြီးနေနိုင်ကြပါတယ်။
ဖော်ပြပေးခဲ့တဲ့အကြောင်းအရာလေးကို သဘောကျနှစ်သက်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။နောင်လည်း ကျွန်တော်တို့ One Daily Pageမှ အကြောင်းအရာမျိုးစုံကို စိတ်ဝင်စားဖွယ်တင်ဆက်ပေးသွားမှာဖြစ်လို့ Like and Followလေးပြုလုပ်ထားသင့်ပါတယ်နော်
Sources Brightside
Written One Daily Media
One Daily Media Copyright © 2022ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။