သင့်ရဲ့ကိုယ်ပိုင်ပန်းခြံလေးကို Disneyပန်းခြံလေးအဖြစ် ပြောင်းလဲပေးနိုင်သည့် ပန်းများ
မင်္ဂလာပါ။One Daily Pageမှ ကြိုဆိုပါတယ်။ပန်းလေးတွေအားလုံးက လှပပြီး သင့်ကို စိတ်ကျေနပ်မှုအပြည့် ပေးစွမ်းနိုင်ပါတယ်။ တကယ်လို့ သင့်ပန်းခြံလေးကို စိုစိုပြည်ပြည်လေးနဲ့ Disneyဆန်ဆန်လေး ဖြစ်ချင်တယ်ဆိုရင်တော့ အောက်မှုအကြံပြုထားတဲ့ပန်းလေးတွေကို စိုက်ကြည့်ပါ
ဒီတစ်ခါမှာတော့ ကျွန်တော်တို့ပေ့ခ်ျကနေ သင့်ပန်းခြံအတွင်းမှာ စိုက်လို့ကောင်းမယ့် ပန်းအမျိုးအစားတွေကို ပြောပြပေးသွားပါမယ်။
(၁)Mock Orange
လိပ်ပြာနှင့် အင်းဆက်ပိုးမွှားများကို ဆွဲဆောင်နိုင်တဲ့ လိမ္မော်ရနံ့ရှိပါတယ်။ 1931 ခုနှစ်မှာ အိုင်ဒါဟိုပြည်နယ်ပန်းပွင့်အဖြစ် ပြုလုပ်ခဲ့ပါတယ်။
(၂)လပန်း
အလျင်လိုနေတယ်ဆိုရင်တော့ ဒီပန်းက အသင့်တော်ဆုံးပါပဲ။
(၃)Antares Night Blooming Waterlily
ရေကန်တစ်ကန် ရှိတယ်ဆိုရင် ညပန်းလီလီက သင့်ဥယျာဉ်အတွက် အကောင်းဆုံးအပင်ဖြစ်ပါတယ်။
(၄)Pulmonaria
ပန်းရောင်နှင့် ခရမ်းရောင်က အခြားအပင်များထက် ထူးထူးခြားခြား ပေါ်လွင်စေပြီး “ရက်စ်ဘယ်ရီ splash” လို့လည်း ခေါ်ကြပါတယ်။
(၅)ညနေခင်း Primrose
ပန်းရဲ့အမည်က ယခုနှစ်ရဲ့ပထမဆုံးနှင်းဆီဟုအဓိပ္ပါယ်ရပါတယ်။
(၆)Adam’s Needle
ပြုပြင်ထိန်းသိမ်းစရာ သိပ်မလိုတဲ့ ဥယျာဉ်ကို သဘောကျပါက အကောင်းဆုံးပါပဲ။ ခြောက်သွေ့ပြီး ညံ့တဲ့မြေတွင် ရှင်သန်နိုင်ပြီး အပူဒဏ်ခံနိုင်ပါတယ်။
(၇)4-o’clocks
မက္ကဆီကိုနိုင်ငံ ဇာတိဖြစ်ပြီး ဆေးဘက်ဆိုင်ရာနှင့် အလှဆင်ခြင်းအတွက် Aztecs မှ စိုက်ပျိုးခဲ့သည်ဟု ဆိုပါတယ်။
(၈)Night Gladiolus
လက်တင်စကားမှဆင်းသက်လာပြီး “ဓား” ဟုအဓိပ္ပာယ်ရပါတယ်။ ရောမဂလက်ဒီတွေက တိုက်ပွဲများအတွင်း အနိုင်ရရှိစေဖို့ ထိုပန်းေတွကို လည်ပင်းတစ်ဝိုက်မှာ ဝတ်ဆင်ကြတယ်လို့ ဆိုပါတယ်။
(၉)Nottingham Catchfly
အင်္ဂလန်ရှိ သမိုင်းဝင် Nottingham ရဲတိုက်ရဲ့ နံရံမှာ တွေ့ရှိခဲ့တဲ့အတွက်ကြောင့် ဒီအမည်ကို ရရှိခဲ့တာ ဖြစ်ပါတယ်။
(၁၀)Cape Jasmin
မြတ်လေးမျိုးနွယ်ဝင် ပန်းတစ်မျိုးဖြစ်ပြီး အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့ရဲ့ အမျိုးသားပန်းဖြစ်ပါတယ်။
(၁၁)Night Phlox
ဒီပန်းကို Midnight Candy လို့လည်း ခေါ်ကြပါတယ်။ နတ်သမီး တံပိုးနှင့် ညနေ ၄ နာရီရဲ့ ရနံ့တို့ကို ပြည့်စုံစွာ ဖြည့်ဆည်းပေးပါတယ်။
(၁၂)Night-Scented Stock
ဒီပန်းဟာ ဂေါ်ဖီထုပ်၊ ဘရိုကိုလီ နဲ့ မုန်ညင်းတို့ကို ထုတ်တဲ့ အပင်မျိုးနွယ်ပါ။
(၁၃)Night-Scented Orchid
ဒီသစ်ခွဟာ ကမ္ဘာအနှံ့အပြားမှာ ရှားပါးပြီး ဖလော်ရီဒါမှာ မျိုးတုံးပျောက်ကွယ်လုနီးပါး စာရင်းဝင်ထားတာကြောင့် ရှားပါးတဲ့ အလှတစ်ခု ဖြစ်လာပါတယ်။
(၁၄)Tuberose
ဥယျာဉ်တစ်ခုကို ကျက်သရေရှိစေရုံသာမက အသီးအရွက်ဟင်းချိုတွေမှာလည်း ထည့်သုံးနိုင်ပါတယ်။
(၁၅)Flowering Tobacco
လှပရုံသာမက သင့်ဥယျာဉ်ကို လာရောက်လည်ပတ်သည့် တောရိုင်းတိရစ္ဆာန်များကိုပါ အကျိုးပြုနိုင်ပ်တယ်။
(၁၆)Brugmansia
ထောင့်ရဲ့တံပိုးလို့ မကြာခဏခေါ်ကြပြီး မာရ်နတ်တံပိုးနှင့် ရောထွေးလေ့ရှိပါတယ်။ အဓိကကွာခြားချက်ကတော့ brugmansia က မြေကြီးဆီ ငိုက်စိုက်ကျနေပြီး မာရ်နတ်တံပိုးက ကောင်းကင်ကို မော်ကြည့်နေပါတယ်။
(၁၇)Bleeding Heart
သင့်ဥယျာဉ်မှာ သားရဲတွေရှိပါက ဒီပန်းပွင့်တွေက သူတို့ကို ခံနိုင်ရည်ရှိပါတယ်။
(၁၈)Chocolate-Scented Daisy
လိပ်ပြာ၊ ပျားများနှင့် ဟမ်မင်းငှက်တွေလိုပဲဥယျာဉ်ကို လာရောက်လည်ပတ်သူ အများအပြားကို ဆွဲဆောင်နိုင်ပါတယ်။
(၁၉)Easter-Lily Cactus
ပန်းတွေရဲ့ အနံ့ပြင်းပြင်းနဲ့ လှပတဲ့အရောင်တွေကြောင့် လူသိများပြီး လက်လွတ်မခံသင့်ပါဘူး။
(၂၀)Dragon Fruit Flower
အသီးအနှံတွေကြောင့် လူသိများတဲ့ ဒီအပင်ဟာ လှပစွာ ပွင့်နေပေမယ့် ပန်းပွင့်ချိန်က တစ်ညသာ ပွင့်ပါတယ်။
ဖော်ပြပေးခဲ့တဲ့အကြောင်းအရာလေးကို သဘောကျနှစ်သက်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။နောင်လည်း ကျွန်တော်တို့ One Daily Pageမှ အကြောင်းအရာမျိုးစုံကို စိတ်ဝင်စားဖွယ်တင်ဆက်ပေးသွားမှာဖြစ်လို့ Like and Followလေးပြုလုပ်ထားသင့်ပါတယ်နော်
Sources Brightside
Written One Daily Media
One Daily Media Copyright © 2022ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။