Sun. May 22nd, 2022

လ်ဂိတ်စ်လို့ ဆိုလိုက်ရင် နည်းပညာနယ်ပယ်က လူတွေတင်မဟုတ်ဘဲ အတော်အတန်ဗဟုသုတရှိတဲ့သူတိုင်း သိကြမှာပါ။ ကမ္ဘာ့လူသိအများဆုံးနဲ့ အချမ်းသာဆုံးစာရင်းဝင် ပုဂ္ဂိုလ်လည်းဖြစ်တဲ့သူဟာ အခုနေခါမှာတော့ Microsoft ရဲ့ အမှုဆောင်အရာရှိချုပ်ရာထူးကနေ အငြိမ်းစားယူလိုက်ပြီး ပရဟိတတွေ စောက်ချလုပ်နေသူ ဖြစ်ပါတယ်။

စီးပွားရေးဘက်ကို အားမစိုက်တော့ဘူးဆိုပေမယ့် ကမ္ဘာ့အချမ်းသာဆုံးနေရာမှာ ဆယ်စုနှစ်ချီကြာ ရပ်တည်ခဲ့တဲ့ သူဌေးကြီးဆီမှာ လူငယ်စွန့်ဦးတီထွင်သမားတွေအတွက် သင်ယူစရာအများကြီး ရှိပါတယ်။ အထူးသဖြင့် ဘီလ်ဂိတ်စ်စီးပွားရှာတဲ့ ပုံစံကို လေ့လာပြီး ကိုယ့်ရဲ့ Startup လုပ်ငန်းကို အောင်မြင်အောင် တည်ဆောက်နိုင်မှာပါ။
ကဲ.. ဘီလ်ဂိတ်စ်ရဲ့ စီးပွားရေးလုပ်နည်းထဲက သင်ခန်းစာတစ်ချို့ ထုတ်ကြည့်ရအောင်ပါ။

(၁) စွဲမြဲခိုင်မာမှု ရှိပါ

 

ဘီလ်ဂိတ်စ်ကို အောင်မြင်စေတဲ့ အရည်အချင်းတစ်ခုက ဇွဲနဲ့ စွဲမြဲခိုင်မာမှုရှိခြင်းပဲ ဖြစ်ပါတယ်။ “နေ့ချင်းညချင်း ဖြစ်သွားတာ ဘာမှ မရှိဘူး” လို့ ဘီလ်ဂိတ်စ်က ဆိုပါတယ်။ Windows OS ရဲ့ ကနဦးဗားရှင်းနှစ်ခု ဖြစ်တဲ့ Windows 1.0 နဲ့ Windows 2.0 ဆိုရင် အောင်မြင်မှုမရခဲ့ပေမယ့် သူ့ရဲ့ မဆုတ်မနစ်တမ်း ကြိုးစားမှုကြောင့် Windows ဟာ ကမ္ဘာ့နာမည်အကျော်ကြားဆုံး Operating Systems ဖြစ်လာခဲ့တာပါ။

(၂) ရည်မှန်းချက် ထားပါ

အရှေ့ကို ဘယ်လိုအနေအထားမျိုး ရောက်ချင်တယ် ၊ ဘယ်လိုပုံစံမျိုးနဲ့ ဆက်သွားမယ်ဆိုတဲ့ ပန်းတိုင်လေးတွေ ထားပေးဖို့ လိုပါတယ်။ ဘီလ်ဂိတ်စ်ရဲ့ အောင်မြင်မှုဟာ သူ့ရဲ့ အနာဂါတ်ကို တင်ကြိုတွေးမြင်မှုစွမ်းရည်ပဲ ဖြစ်ပါတယ်။ Microsoft ကို ပြိုင်ဘက်တွေရှေ့ ခြေတစ်လှမ်းစောရောက်စေခြင်းဟာ အနာဂါတ်အတွက် အမြဲရည်မှန်းချက်ထား ထားလို့ဖြစ်ပါတယ်။

(၃) စာပိုဖတ်ပါ

 

ဦးနှောက်ကို ထက်မြက်အောင် သွေးဖို့ စာမဖတ်လို့ မဖြစ်ပါဘူး။ ဘီလ်ဂိတ်စ်ဟာ အကြမ်းဖျဉ်းအားဖြင့် တစ်နှစ်ကို စာအုပ်ပေါင်း ၅၀ ဖတ်တယ်လို့ဆိုပါတယ်။ သဘောက တစ်ပတ်ကို စာအုပ်တစ်အုပ်နှုန်း ပုံမှန်ဖတ်တာ ဖြစ်ပါတယ်။ စီးပွားရေးလုပ်တာပဲ ဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် ပိုကောင်းအောင် ပုံသွင်းရာပဲ ဖြစ်ဖြစ် စာကောင်းပေကောင်းတွေကို မလွတ်တမ်း ဖတ်နေဖို့ လိုပါတယ်။

(၄) စူးစမ်းလိုစိတ် ရှိပါ

 

သိချင်စိတ်ဟာ ပိုပြီးမြင့်တဲ့နေရာကို ခေါ်ဆောင်ပါတယ်။ တော်တဲ့စမတ််ကျတဲ့သူတွေဟာ မေးခွန်းတွေမေးပြီး လေးလေးနက်နက် စဉ်းစားသူတွေ ဖြစ်ပါတယ်။ ဆန်းသစ်ထူးခြားတဲ့အရာတွေ လုပ်နိုင်ဖို့ အသစ်အသစ် စဉ်းစားစူးစမ်းမှုတွေ မလုပ်လို့ မရနိုင်ပါဘူး။

 

Zawgyi

လ္ဂိတ္စ္လို႔ ဆိုလိုက္ရင္ နည္းပညာနယ္ပယ္က လူေတြတင္မဟုတ္ဘဲ အေတာ္အတန္ဗဟုသုတရွိတဲ့သူတိုင္း သိၾကမွာပါ။ ကမာၻ႔လူသိအမ်ားဆုံးနဲ႔ အခ်မ္းသာဆုံးစာရင္းဝင္ ပုဂၢိဳလ္လည္းျဖစ္တဲ့သူဟာ အခုေနခါမွာေတာ့ Microsoft ရဲ႕ အမႈေဆာင္အရာရွိခ်ဳပ္ရာထူးကေန အၿငိမ္းစားယူလိုက္ၿပီး ပရဟိတေတြ ေစာက္ခ်လုပ္ေနသူ ျဖစ္ပါတယ္။

စီးပြားေရးဘက္ကို အားမစိုက္ေတာ့ဘူးဆိုေပမယ့္ ကမာၻ႔အခ်မ္းသာဆုံးေနရာမွာ ဆယ္စုႏွစ္ခ်ီၾကာ ရပ္တည္ခဲ့တဲ့ သူေဌးႀကီးဆီမွာ လူငယ္စြန႔္ဦးတီထြင္သမားေတြအတြက္ သင္ယူစရာအမ်ားႀကီး ရွိပါတယ္။ အထူးသျဖင့္ ဘီလ္ဂိတ္စ္စီးပြားရွာတဲ့ ပုံစံကို ေလ့လာၿပီး ကိုယ့္ရဲ႕ Startup လုပ္ငန္းကို ေအာင္ျမင္ေအာင္ တည္ေဆာက္ႏိုင္မွာပါ။
ကဲ.. ဘီလ္ဂိတ္စ္ရဲ႕ စီးပြားေရးလုပ္နည္းထဲက သင္ခန္းစာတစ္ခ်ိဳ႕ ထုတ္ၾကည့္ရေအာင္ပါ။

(၁) စြဲၿမဲခိုင္မာမႈ ရွိပါ

 

 

ဘီလ္ဂိတ္စ္ကို ေအာင္ျမင္ေစတဲ့ အရည္အခ်င္းတစ္ခုက ဇြဲနဲ႔ စြဲၿမဲခိုင္မာမႈရွိျခင္းပဲ ျဖစ္ပါတယ္။ “ေန႔ခ်င္းညခ်င္း ျဖစ္သြားတာ ဘာမွ မရွိဘူး” လို႔ ဘီလ္ဂိတ္စ္က ဆိုပါတယ္။ Windows OS ရဲ႕ ကနဦးဗားရွင္းႏွစ္ခု ျဖစ္တဲ့ Windows 1.0 နဲ႔ Windows 2.0 ဆိုရင္ ေအာင္ျမင္မႈမရခဲ့ေပမယ့္ သူ႔ရဲ႕ မဆုတ္မနစ္တမ္း ႀကိဳးစားမႈေၾကာင့္ Windows ဟာ ကမာၻ႔နာမည္အေက်ာ္ၾကားဆုံး Operating Systems ျဖစ္လာခဲ့တာပါ။

(၂) ရည္မွန္းခ်က္ ထားပါ

 

အေရွ႕ကို ဘယ္လိုအေနအထားမ်ိဳး ေရာက္ခ်င္တယ္ ၊ ဘယ္လိုပုံစံမ်ိဳးနဲ႔ ဆက္သြားမယ္ဆိုတဲ့ ပန္းတိုင္ေလးေတြ ထားေပးဖို႔ လိုပါတယ္။ ဘီလ္ဂိတ္စ္ရဲ႕ ေအာင္ျမင္မႈဟာ သူ႔ရဲ႕ အနာဂါတ္ကို တင္ႀကိဳေတြးျမင္မႈစြမ္းရည္ပဲ ျဖစ္ပါတယ္။ Microsoft ကို ၿပိဳင္ဘက္ေတြေရွ႕ ေျခတစ္လွမ္းေစာေရာက္ေစျခင္းဟာ အနာဂါတ္အတြက္ အၿမဲရည္မွန္းခ်က္ထား ထားလို႔ျဖစ္ပါတယ္။

(၃) စာပိုဖတ္ပါ

 

 

ဦးေႏွာက္ကို ထက္ျမက္ေအာင္ ေသြးဖို႔ စာမဖတ္လို႔ မျဖစ္ပါဘူး။ ဘီလ္ဂိတ္စ္ဟာ အၾကမ္းဖ်ဥ္းအားျဖင့္ တစ္ႏွစ္ကို စာအုပ္ေပါင္း ၅၀ ဖတ္တယ္လို႔ဆိုပါတယ္။ သေဘာက တစ္ပတ္ကို စာအုပ္တစ္အုပ္ႏႈန္း ပုံမွန္ဖတ္တာ ျဖစ္ပါတယ္။ စီးပြားေရးလုပ္တာပဲ ျဖစ္ျဖစ္ ကိုယ့္ကိုယ္ကိုယ္ ပိုေကာင္းေအာင္ ပုံသြင္းရာပဲ ျဖစ္ျဖစ္ စာေကာင္းေပေကာင္းေတြကို မလြတ္တမ္း ဖတ္ေနဖို႔ လိုပါတယ္။

(၄) စူးစမ္းလိုစိတ္ ရွိပါ

 

 

သိခ်င္စိတ္ဟာ ပိုၿပီးျမင့္တဲ့ေနရာကို ေခၚေဆာင္ပါတယ္။ ေတာ္တဲ့စမတ္္က်တဲ့သူေတြဟာ ေမးခြန္းေတြေမးၿပီး ေလးေလးနက္နက္ စဥ္းစားသူေတြ ျဖစ္ပါတယ္။ ဆန္းသစ္ထူးျခားတဲ့အရာေတြ လုပ္ႏိုင္ဖို႔ အသစ္အသစ္ စဥ္းစားစူးစမ္းမႈေတြ မလုပ္လို႔ မရႏိုင္ပါဘူး။

 

 

Leave a Reply

Your email address will not be published.