Uncategorized
Shoon (Cele Daily)
Unicode
ခွေးကလေးကို ရေကစားရန်အတွက် ရေကန်တစ်ခုကို လိုင်းပေါ်မှ ဝယ်ယူခဲ့သော်လည်း ရောက်ရှိလာသောအခါ ရေကန်မဟုတ်ဘဲ ရေခွက်အရွယ်သာရှိ၍ ကြေကွဲနေရသော ကောင်မလေး
ကမ္ဘာ့ကပ်ရောဂါ ကာလတွင် လူသားတို့ဟာ အွန်လိုင်းပေါ်ကို အရင်ကထက် ပိုမိုအသုံးပြုလာကြပေသည်။လူမှုကိစ္စများတွင် သာမကဘဲ ရောင်းဝယ်ရေးလုပ်ငန်းများကိုပါ အွန်လိုင်းကိစ္စဖြင့် တွင်တွင်ကျယ်ကျယ်အသုံးပြုလာကြခြင်းဖြစ်ပေသည်။
စျေးဝယ်ယူရာတွင် ပုံများကိုသာ ကြည့်ပြီး ဝယ်ယူရသည့်အတွက် အဆင်ပြေသူများရှိသကဲ့သို့ လုံးဝအဆင်မပြေဘဲ စိတ်ပျက်ခဲ့ကြရသူများလည်းရှိပါတယ်။ယခုတွင်လည်း Jaralioraဆိုသည့် ကောင်မလေးတစ်ဦးဟာ လိုင်းပေါ်တွင်ရောင်းချနေသော ခွေးကလေးများရေကစားသည့် ရေကန်လေးကို မှာယူခဲ့တာဖြစ်ပါတယ်။
ထို့ကြောင့် နေအိမ်သို့ရောက်လာခဲ့ပြီးနောက်တွင် ရေကန်ဟာ ပုံထဲကလိုမဟုတ်ဘဲ ခွေးကလေး၏ခေါင်းပင် မဆံ့သောအရွယ်အစားအထိ သေးငယ်နေတာဖြစ်ပါတယ်။ထို့ကြောင့် ကောင်မလေးဟာ အလွန်ကြေကွဲသွားခဲ့ရပြီး လိုင်းပေါ်တွင် ရင်ဖွင့်လာခဲ့တာဖြစ်ပါတယ်။
Shoon (Cele Daily)
Leave a Comment