Sun. May 22nd, 2022

လူတစ်ယောက် ဉာဏ်ဘယ်လောက်ကောင်းသလဲဆိုတာကို သူ့မှာ IQ ဘယ်လောက်ရှိတယ်ဆိုတာနဲ့ တိုင်းတာပါတယ်။ ဒါပေမယ့် IQ မြင့်တာနဲ့ ဉာဏ်ကောင်းတယ်လို့ မဆိုလိုပါဘူး။ တစ်ချို့ IQ နိမ့်တဲ့လူတွေက တချို့နေရာတွေမှာ တော်ကြပါတယ်။

Stephen Hawking (စတီဖင် ဟော်ကင်း)

 

လူအယောက် (၁၀၀၀၀) မှာ (၁) ယောက်သာ သူ့ရဲ့ IQ ရှိပါတယ်။

စတီဖင် ဟော်ကင်း ဟာလှုပ်ရှားနိုင်ခြင်းမရှိပေမယ့် သူ့ရဲ့စိတ်နဲ့ ဦးနှောက်က သာမာန်လူတွေထက် သာလွန်နေပါတယ်။ လူတွေရဲ့ မေးခွန်းတွေကို အချိန်ခဏအတွင်းမှာပဲ ဖြေပေးနိုင်စွမ်းရှိပါတယ်။ သူဟာ Black Hole အကြောင်း ရှာဖွေတွေ့ရှိခဲ့တဲ့သူလည်းဖြစ်ပါတယ်။ အခြား သိပ္ပံပညာရှင်တွေလိုပဲ သူဟာလည်း The Big Bang အကြောင်း အရေးကြီးတဲ့ သီအိုရီတွေ တီထွင်နိုင်ခဲ့ပါတယ်။ ကျွမ်းကျင်သူတွေကတော့ သူရဲ့ IQ ဟာ (၁၆၀) ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။ တစ်ချို့တွေကတော့ သူ့ရဲ့ IQ ဟာ ဒီထက်ပိုမြင့်နိုင်ပြီး (၁၈၀) အထိရှိနိုင်တယ်လို့ ပြောဆိုထားကြပါတယ်။

Albert Einstein (အဲဘတ် အိုင်းစတိုင်း)

 

လူအယောက် (၇၀၀၀၀၀) မှာ (၁) ယောက်သာ သူ့ရဲ့ IQ ရှိပါတယ်။

အဲဘတ် အိုင်းစတိုင်းဟာ သိပ္ပံပညာရှင်တွေထဲမှာ အကျော်ကြားဆုံးလူဖြစ်တယ်ဆိုတာ အားလုံးလည်းသိကြမှာပါ။ သူ့ရဲ့ အကျော်ကြားဆုံး သီအိုရီကတော့ Theory of Relativity (E=mc2) ဖြစ်ပါတယ်။ ကျောင်းသားတွေတော်တော်များများ သူ့ရဲ့ သီအိုရီနဲ့ ရင်းနှီးကြပါတယ်။ သူဟာ အမေရိကန်သမ္မတကို nuclear bomb တည်ဆောက်ဖို့အတွက် စာရေးပြီးအကြံပေးခဲ့သူပါ။ နောက်ပိုင်းမှာတော့ သူ့ရဲ့လုပ်ရပ်အတွက် နောင်တရခဲ့ပါတယ်။ သူ့ရဲ့ IQ ကတော့ (၁၆၀) နဲ့ (၁၉၀) ကြားရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။

Bobby Fischer (ဘော်ဘီ ဖစ်ရှာ)

 

လူအယောက် (၃၅၀၀၀၀၀) မှာ (၁) ယောက်သာ သူ့ရဲ့ IQ ရှိပါတယ်။

ဘော်ဘီ ဖစ်ရှာဟာ သမိုင်းတလျှောက် အကျော်ကြားဆုံး ချက်စ် ကစားသမားတစ်ဦးဖြစ်ပါတယ်။ စစ်အေးကာလတုန်းက ဆိုဗီယက်နဲ့အမေရိကန်နိုင်ငံတို့ဟာ ချက်စ်ပြိုင်ပွဲကျင်းပခဲ့ပါတယ်။ ဆိုဗီယက်ဘက်က အကောင်းဆုံး ကစားသမားဖြစ်တဲ့ Boris Spassky နဲ့ အမေရိကန်ဘက်က ဘော်ဘီဖစ်ရှာ တို့ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ကစားပွဲက ရိုးရိုးရှင်းရှင်းပါပဲ။ ဒီယှဉ်ပြိုင်မှုဟာ နှစ်နိုင်ငံရဲ့ ဂုဏ်သိက္ခာ နဲ့ဆိုင်ပါတယ်။ ဘော်ဘီ နိုင်ခဲ့ပါတယ်။ သူ့ရဲ့ IQ က (၁၈၀) ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။

Galileo Galilei (ဂါလီလီအို ဂါလီလိုင်)

 

လူအယောက် (၁၈၀၀၀၀၀၀) မှာ (၁) ယောက်သာ သူ့ရဲ့ IQ ရှိပါတယ်။

ဂါလီလီအို ဟာ IQ စစ်ဆေးတဲ့ ကာလအထိ အသက်ရှင်နေထိုင်ခဲ့ခြင်း မရှိပါဘူး။ ဒါဆိုရင် သူ့ရဲ့ ဉာဏ်ရည်မြင့်မားမှုကို ဘာနဲ့တိုင်းတာခဲ့တာလဲ။ ပထမဆုံးကတော့ သူလမ်းစပြီးလျှောက်တဲ့ အသက်ရွယ်ပါပဲ။ စကားပြောတာ၊ ဂဏန်းတွေရေတွတ်တာ၊ စဖတ်တာ စသဖြင့် အမျိုးမျိုးသော အလုပ်တာဝန်တွေနဲ့ စမ်းသပ်ခဲ့ပါတယ်။ ဂါလီလီအို ကိုခေတ်သစ် နက္ခတ္တဗေဒ ပညာရပ်ရဲ့ ဆရာတစ်ဆူးအဖြစ် သက်မှတ်ထားကြပါတယ်။ သူဟာ အနုကြည့်မှန်ပြောင်း (Telescope) ကိုပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် သူတီထွင်ခဲ့တာတော့ မဟုတ်ပါဘူး။ သူပြုလုပ်ခဲ့တဲ့ အနုကြည့်မှန်ပြောင်းဟာ အဆပေါင်း (၃၀) ခန့် ချဲ့ကြည့်နိုင်ပြီး ရှာဖွေမှုတွေ အများကြီးပြုလုပ်နိုင်ခဲ့ကြပါတယ်။ ကမ္ဘာကြီးက နေကိုလှည့်ပတ်နေတယ်ဆိုတဲ့ တွေ့ရှိချက်ကြောင့် ဘာသာရေးအစွန်းရောက်သူတွေရဲ့ အသက်ခံရမယ့် ဘေးနဲ့လည်း ရင်ဆိုင်ခဲ့ရဖူးပါတယ်။ သူ့ရဲ့ IQ က (၁၈၅) ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။

Nikola Tesla (နီကိုလာ တဲစ်လာ)

 

နီကိုလာ တဲစ်လာရဲ့ IQ ဟာ (235) ခန့်ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။ တစ်ခါတုန်းက အိုင်စတိုင်းကို “ကမ္ဘာပေါ်မှာ ဉာဏ်အကောင်းဆုံးလူဖြစ်ရတာ ဘယ်လိုခံစားရပါသလဲ” လို့လူတစ်ယောက်က မေးခဲ့ဖူးပါတယ်။ အိုင်းတိုင်းက “မသိဘူးလေ။ နီကိုလာ တဲစ်လာကို မေးကြည့်လိုက်ပေါ့” ဆိုပြီး ဖြေခဲ့ဖူးပါတယ်။ ဒါကမှန်ချင်မှလည်း မှန်ပါလိမ့်မယ်။ တဲစ်လာဟာ အချိန်ထက်ကို ပိုပြီးရှေ့ပြေးနေတဲ့လူတစ်ယောက်လို့ ပြောလို့ရပါတယ်။ သူ့ရဲ့ Ideas တစ်ချို့က ယနေ့ထက်ထိ ထူးဆန်းနေဆဲပါ။ သူဟာ ရေအားနဲ့အသုံးပြုတဲ့ လျှပ်စစ်ကို ပထမဆုံး တီထွင်ခဲ့သူဖြစ်ပြီး သူ့ရဲ့ကျေးဇူးကြောင့်ပဲ ယနေ့ ဆေးပညာရပ်မှာ အရေးပါတဲ့ X-Rays စက်ကို ဆေးဖက်ဆိုင်ရာနယ်ပယ်မှာ အသုံးပြုလာနိုင်ခဲ့တာပါ။ ပြီးတော့ သူဟာ ကြိုးမဲ့ လျှပ်စီးကြောင်းကိုလည်း တီထွင်ဖို့ ကြိုးစားခဲ့ဖူးပါသေးတယ်။

Carl Gauss

သမိုင်းတလျှောက် အကြီးကျယ်ဆုံး သင်္ချာ ပညာရှင်တစ်ယောက်လို့ ဆိုရပါမယ်။ သူ့အသက် (၃) နှစ်အရွယ်မှာ သူ့အဖေကို “အဖေရဲ့ ငွေစာရင်း မှားနေတယ်လို့ ပြောခဲ့တယ်။” တကယ်လည်း Carl Gauss မှန်ခဲ့ပါတယ်။ သူ့အဖေရဲ့ ရှုပ်ထွေးလှတဲ့ ငွေစာရင်းမှာ အမှားရှိခဲ့ပါတယ်။ သူဟာ စာဖတ်တက်အောင် သူဘာသာသူ သင်ယူခဲ့တယ်။ ပြီးတော့ ဂဏန်းနဲ့ ပက်သတ်ပြီး သီအိုရီတွေ အများကြီး ထုတ်ခဲ့ပါတယ်။ သင်္ချာဘာသာရပ်နဲ့ ပက်သတ်ပြီးလည်း ပုစ္ဆာတွေတော်တော်များများ ဖြေရှင်းခဲ့ပေးဖူးပါတယ်။ နှစ်ပေါင်း (၂၀၀၀) ကျော် ပညာရှင်တွေ မဖြေရှင်းနိုင်ခဲ့တဲ့ သင်္ချာ ပုစ္ဆာကို လအနည်းငယ်အတွင်းမှာပဲ Carl Gauss ကအဖြေရှာနိုင်ခဲ့တယ်။ သူ့ရဲ့ IQ ကို (၂၅၀) နဲ့ (၃၀၀) ကြားရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။

 

 

Zawgyi

လူတစ္ေယာက္ ဉာဏ္ဘယ္ေလာက္ေကာင္းသလဲဆိုတာကို သူ႔မွာ IQ ဘယ္ေလာက္ရွိတယ္ဆိုတာနဲ႔ တိုင္းတာပါတယ္။ ဒါေပမယ့္ IQ ျမင့္တာနဲ႔ ဉာဏ္ေကာင္းတယ္လို႔ မဆိုလိုပါဘူး။ တစ္ခ်ိဳ႕ IQ နိမ့္တဲ့လူေတြက တခ်ိဳ႕ေနရာေတြမွာ ေတာ္ၾကပါတယ္။

Stephen Hawking (စတီဖင္ ေဟာ္ကင္း)

 

 

လူအေယာက္ (၁၀၀၀၀) မွာ (၁) ေယာက္သာ သူ႔ရဲ႕ IQ ရွိပါတယ္။

စတီဖင္ ေဟာ္ကင္း ဟာလႈပ္ရွားႏိုင္ျခင္းမရွိေပမယ့္ သူ႔ရဲ႕စိတ္နဲ႔ ဦးေႏွာက္က သာမာန္လူေတြထက္ သာလြန္ေနပါတယ္။ လူေတြရဲ႕ ေမးခြန္းေတြကို အခ်ိန္ခဏအတြင္းမွာပဲ ေျဖေပးႏိုင္စြမ္းရွိပါတယ္။ သူဟာ Black Hole အေၾကာင္း ရွာေဖြေတြ႕ရွိခဲ့တဲ့သူလည္းျဖစ္ပါတယ္။ အျခား သိပၸံပညာရွင္ေတြလိုပဲ သူဟာလည္း The Big Bang အေၾကာင္း အေရးႀကီးတဲ့ သီအိုရီေတြ တီထြင္ႏိုင္ခဲ့ပါတယ္။ ကြၽမ္းက်င္သူေတြကေတာ့ သူရဲ႕ IQ ဟာ (၁၆၀) ရွိမယ္လို႔ ခန႔္မွန္းထားၾကပါတယ္။ တစ္ခ်ိဳ႕ေတြကေတာ့ သူ႔ရဲ႕ IQ ဟာ ဒီထက္ပိုျမင့္ႏိုင္ၿပီး (၁၈၀) အထိရွိႏိုင္တယ္လို႔ ေျပာဆိုထားၾကပါတယ္။

Albert Einstein (အဲဘတ္ အိုင္းစတိုင္း)

 

 

လူအေယာက္ (၇၀၀၀၀၀) မွာ (၁) ေယာက္သာ သူ႔ရဲ႕ IQ ရွိပါတယ္။

အဲဘတ္ အိုင္းစတိုင္းဟာ သိပၸံပညာရွင္ေတြထဲမွာ အေက်ာ္ၾကားဆုံးလူျဖစ္တယ္ဆိုတာ အားလုံးလည္းသိၾကမွာပါ။ သူ႔ရဲ႕ အေက်ာ္ၾကားဆုံး သီအိုရီကေတာ့ Theory of Relativity (E=mc2) ျဖစ္ပါတယ္။ ေက်ာင္းသားေတြေတာ္ေတာ္မ်ားမ်ား သူ႔ရဲ႕ သီအိုရီနဲ႔ ရင္းႏွီးၾကပါတယ္။ သူဟာ အေမရိကန္သမၼတကို nuclear bomb တည္ေဆာက္ဖို႔အတြက္ စာေရးၿပီးအႀကံေပးခဲ့သူပါ။ ေနာက္ပိုင္းမွာေတာ့ သူ႔ရဲ႕လုပ္ရပ္အတြက္ ေနာင္တရခဲ့ပါတယ္။ သူ႔ရဲ႕ IQ ကေတာ့ (၁၆၀) နဲ႔ (၁၉၀) ၾကားရွိမယ္လို႔ ခန႔္မွန္းထားၾကပါတယ္။

Bobby Fischer (ေဘာ္ဘီ ဖစ္ရွာ)

 

 

လူအေယာက္ (၃၅၀၀၀၀၀) မွာ (၁) ေယာက္သာ သူ႔ရဲ႕ IQ ရွိပါတယ္။

ေဘာ္ဘီ ဖစ္ရွာဟာ သမိုင္းတေလွ်ာက္ အေက်ာ္ၾကားဆုံး ခ်က္စ္ ကစားသမားတစ္ဦးျဖစ္ပါတယ္။ စစ္ေအးကာလတုန္းက ဆိုဗီယက္နဲ႔အေမရိကန္ႏိုင္ငံတို႔ဟာ ခ်က္စ္ၿပိဳင္ပြဲက်င္းပခဲ့ပါတယ္။ ဆိုဗီယက္ဘက္က အေကာင္းဆုံး ကစားသမားျဖစ္တဲ့ Boris Spassky နဲ႔ အေမရိကန္ဘက္က ေဘာ္ဘီဖစ္ရွာ တို႔ယွဥ္ၿပိဳင္ခဲ့ၾကပါတယ္။ ကစားပြဲက ႐ိုး႐ိုးရွင္းရွင္းပါပဲ။ ဒီယွဥ္ၿပိဳင္မႈဟာ ႏွစ္ႏိုင္ငံရဲ႕ ဂုဏ္သိကၡာ နဲ႔ဆိုင္ပါတယ္။ ေဘာ္ဘီ ႏိုင္ခဲ့ပါတယ္။ သူ႔ရဲ႕ IQ က (၁၈၀) ရွိမယ္လို႔ ခန႔္မွန္းထားၾကပါတယ္။

Galileo Galilei (ဂါလီလီအို ဂါလီလိုင္)

 

 

လူအေယာက္ (၁၈၀၀၀၀၀၀) မွာ (၁) ေယာက္သာ သူ႔ရဲ႕ IQ ရွိပါတယ္။

ဂါလီလီအို ဟာ IQ စစ္ေဆးတဲ့ ကာလအထိ အသက္ရွင္ေနထိုင္ခဲ့ျခင္း မရွိပါဘူး။ ဒါဆိုရင္ သူ႔ရဲ႕ ဉာဏ္ရည္ျမင့္မားမႈကို ဘာနဲ႔တိုင္းတာခဲ့တာလဲ။ ပထမဆုံးကေတာ့ သူလမ္းစၿပီးေလွ်ာက္တဲ့ အသက္႐ြယ္ပါပဲ။ စကားေျပာတာ၊ ဂဏန္းေတြေရတြတ္တာ၊ စဖတ္တာ စသျဖင့္ အမ်ိဳးမ်ိဳးေသာ အလုပ္တာဝန္ေတြနဲ႔ စမ္းသပ္ခဲ့ပါတယ္။ ဂါလီလီအို ကိုေခတ္သစ္ နကၡတၱေဗဒ ပညာရပ္ရဲ႕ ဆရာတစ္ဆူးအျဖစ္ သက္မွတ္ထားၾကပါတယ္။ သူဟာ အႏုၾကည့္မွန္ေျပာင္း (Telescope) ကိုျပဳလုပ္ခဲ့ပါတယ္။ ဒါေပမယ့္ သူတီထြင္ခဲ့တာေတာ့ မဟုတ္ပါဘူး။ သူျပဳလုပ္ခဲ့တဲ့ အႏုၾကည့္မွန္ေျပာင္းဟာ အဆေပါင္း (၃၀) ခန႔္ ခ်ဲ႕ၾကည့္ႏိုင္ၿပီး ရွာေဖြမႈေတြ အမ်ားႀကီးျပဳလုပ္ႏိုင္ခဲ့ၾကပါတယ္။ ကမာၻႀကီးက ေနကိုလွည့္ပတ္ေနတယ္ဆိုတဲ့ ေတြ႕ရွိခ်က္ေၾကာင့္ ဘာသာေရးအစြန္းေရာက္သူေတြရဲ႕ အသက္ခံရမယ့္ ေဘးနဲ႔လည္း ရင္ဆိုင္ခဲ့ရဖူးပါတယ္။ သူ႔ရဲ႕ IQ က (၁၈၅) ရွိမယ္လို႔ ခန႔္မွန္းထားၾကပါတယ္။

Nikola Tesla (နီကိုလာ တဲစ္လာ)

 

 

နီကိုလာ တဲစ္လာရဲ႕ IQ ဟာ (235) ခန႔္ရွိမယ္လို႔ ခန႔္မွန္းထားၾကပါတယ္။ တစ္ခါတုန္းက အိုင္စတိုင္းကို “ကမာၻေပၚမွာ ဉာဏ္အေကာင္းဆုံးလူျဖစ္ရတာ ဘယ္လိုခံစားရပါသလဲ” လို႔လူတစ္ေယာက္က ေမးခဲ့ဖူးပါတယ္။ အိုင္းတိုင္းက “မသိဘူးေလ။ နီကိုလာ တဲစ္လာကို ေမးၾကည့္လိုက္ေပါ့” ဆိုၿပီး ေျဖခဲ့ဖူးပါတယ္။ ဒါကမွန္ခ်င္မွလည္း မွန္ပါလိမ့္မယ္။ တဲစ္လာဟာ အခ်ိန္ထက္ကို ပိုၿပီးေရွ႕ေျပးေနတဲ့လူတစ္ေယာက္လို႔ ေျပာလို႔ရပါတယ္။ သူ႔ရဲ႕ Ideas တစ္ခ်ိဳ႕က ယေန႔ထက္ထိ ထူးဆန္းေနဆဲပါ။ သူဟာ ေရအားနဲ႔အသုံးျပဳတဲ့ လွ်ပ္စစ္ကို ပထမဆုံး တီထြင္ခဲ့သူျဖစ္ၿပီး သူ႔ရဲ႕ေက်းဇူးေၾကာင့္ပဲ ယေန႔ ေဆးပညာရပ္မွာ အေရးပါတဲ့ X-Rays စက္ကို ေဆးဖက္ဆိုင္ရာနယ္ပယ္မွာ အသုံးျပဳလာႏိုင္ခဲ့တာပါ။ ၿပီးေတာ့ သူဟာ ႀကိဳးမဲ့ လွ်ပ္စီးေၾကာင္းကိုလည္း တီထြင္ဖို႔ ႀကိဳးစားခဲ့ဖူးပါေသးတယ္။

Carl Gauss

 

သမိုင္းတေလွ်ာက္ အႀကီးက်ယ္ဆုံး သခ်ၤာ ပညာရွင္တစ္ေယာက္လို႔ ဆိုရပါမယ္။ သူ႔အသက္ (၃) ႏွစ္အ႐ြယ္မွာ သူ႔အေဖကို “အေဖရဲ႕ ေငြစာရင္း မွားေနတယ္လို႔ ေျပာခဲ့တယ္။” တကယ္လည္း Carl Gauss မွန္ခဲ့ပါတယ္။ သူ႔အေဖရဲ႕ ရႈပ္ေထြးလွတဲ့ ေငြစာရင္းမွာ အမွားရွိခဲ့ပါတယ္။ သူဟာ စာဖတ္တက္ေအာင္ သူဘာသာသူ သင္ယူခဲ့တယ္။ ၿပီးေတာ့ ဂဏန္းနဲ႔ ပက္သတ္ၿပီး သီအိုရီေတြ အမ်ားႀကီး ထုတ္ခဲ့ပါတယ္။ သခ်ၤာဘာသာရပ္နဲ႔ ပက္သတ္ၿပီးလည္း ပုစာၦေတြေတာ္ေတာ္မ်ားမ်ား ေျဖရွင္းခဲ့ေပးဖူးပါတယ္။ ႏွစ္ေပါင္း (၂၀၀၀) ေက်ာ္ ပညာရွင္ေတြ မေျဖရွင္းႏိုင္ခဲ့တဲ့ သခ်ၤာ ပုစာၦကို လအနည္းငယ္အတြင္းမွာပဲ Carl Gauss ကအေျဖရွာႏိုင္ခဲ့တယ္။ သူ႔ရဲ႕ IQ ကို (၂၅၀) နဲ႔ (၃၀၀) ၾကားရွိမယ္လို႔ ခန႔္မွန္းထားၾကပါတယ္။

 

 

Leave a Reply

Your email address will not be published.