Fri. May 27th, 2022

ရုပ်ရှင်ချစ်သူတွေအကြားမှာ Walt Disney ဆိုရင် အားလုံး သိကြပြီး ဖြစ်ပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ် ဘားဘင့်ခ်အခြေစိုက် Walt Disney ဟာ ကမ္ဘာ့အကြီးဆုံးဖျော်ဖြေရေးတွေထဲက တစ်ခု ဖြစ်ပြီး Disney လို့လည်း လူသိများပါတယ်။

Walt Disney Studios ရဲ့ လက်အောက်မှာ ရုပ်သံ မီဒီယာနဲ့ ဖျော်ဖြေရေးလုပ်ငန်းပေါင်းစုံ ရှိပါတယ်။ အကျဥ်းပြောရရင် Walt Disney Pictures ရုပ်ရှင်ထုတ်လုပ်ရေး ၊ Walt Disney Animation Studios ကာတွန်းထုတ်လုပ်ရေး ၊ နာမည်ကျော် Marvel Studios ၊ ESPN အားကစားလိုင်းများနဲ့ 20th Century Studios ရုပ်သံလိုင်းတွေ ရှိပါတယ်။

၂၀၂၀ အတွက် Walt Disney Studios ရဲ့ ဝင်ငွေဟာ ဒေါ်လာ ၆၅ ဘီလျံကျော် ရှိတယ်လို့ ဆိုပါတယ်။ ဒီလောက်ဩဇာကြီးမားပြီး အင်အားကောင်းတဲ့ မီဒီယာကုမ္ပဏီတစ်ခုကို တည်ထောင်ခဲ့တဲ့ လူတစ်ယောက်အကြောင်းကလည်း စိတ်ဝင်စားစရာပါ။ သူ့နာမည်က ဝေါ်လ်တာ အဲလ်စ်ဒစ္စနေ ဖြစ်ပါတယ်။

 

ကာတွန်းတွေနဲ့ အံ့ဖွယ်ကမ္ဘာကြီးကို တည်ဆောက်ခဲ့တဲ့ ဝေါ့လ်ဒစ္စနေရဲ့ ဘဝဟာ တိုးတက်အောင်မြင်ချင်သူတို့အတွက် နမူနာယူစရာတွေကောင်းပါတယ်။ ဒစ္စနေ အသက် ၁၈ နှစ်အရွယ် ၁၉၁၉ မှာ သူ့ရဲ့ ပထမဆုံးအလုပ်ဖြစ်တဲ့ Kansas City Star သတင်းစာ အန်နီမေးရှင်းအလုပ်ကနေ အထုတ်ခံခဲ့ရပါတယ်။

အလုပ်ထုတ်ခံရတဲ့အကြောင်းက သူဟာ ဖန်တီးမှုအားနည်းပြီး အိုင်ဒီယာကောင်းမရှိဘူးဆိုပြီး အယ်ဒီတာက မှတ်ချက်ပြုခဲ့တာကြောင့် ဖြစ်ပါတယ်။ ဖန်တီးမှုအားနည်းတယ်လို့ သတ်မှတ်ခံရတဲ့လူတစ်ယောက်ဟာ မယုံနိုင်အောင် ဆန်းပြားပြီး ချစ်ဖွယ်ကောင်းတဲ့ မစ်ကီမောက်နဲ့ ဒေါ်နယ်ဒက်ခ်တို့လို ကာတွန်းဇာတ်ကောင်နဲ့ ဇာတ်လမ်းတွေ ဖန်တီးနိုင်ခဲ့ပါတယ်။

ဒစ္စနေ မိသားစုဟာ အစောပိုင်းမှာ ငွေရေးကြေးရေး ရုန်းကန်ခဲ့ရသူတွေ ဖြစ်ပါတယ်။ ဝေါ့တ်ဒစ္စနေဟာ သားသမီးငါးဦးအနက်မှာ လေးယောက်မြောက် ဖြစ်ပြီး သူအသက်လေးနှစ်သားမှာ သူ့အထက် အကိုနှစ်ယောက်ဟာ အိမ်ကနေ ဆင်းသွားခဲ့တယ်လို့ ဆိုပါတယ်။ ဒစ္စနေကတော့ သူ့မိသားစုကို ဘယ်တော့မှ စွန့်ခွာခဲ့ခြင်း မရှိပါဘူး။ ဒစ္စနေဟာ အရှက်အကြောက်လည်း ကြီးတဲ့သူ ဖြစ်တယ်လို့ ဆိုပါတယ်။

အိမ်က အဆင်မပြေတာကြောင့် အသက် ၁၆ နှစ်မှာ အသက်လိမ်ပြီး စစ်ထဲ ဝင်ခဲ့ပေမယ့် စစ်တပ်က ပယ်ချတာ ခံခဲ့ရပါတယ်။ အလုပ်တွေမှာလည်း ဒီအတိုင်းပဲ အငြင်းခံရမှုနဲ့ ကြုံခဲ့ပြီး နောက်ဆုံးမှာ လူနာတင်ကားမောင်းသူ ဖြစ်လာခဲ့ပါတယ်။ မိသားစုကို ထောက်ပံ့ဖို့ အလုပ်အကိုင်လေးတွေ ဟိုစပ်စပ်ဒီစပ်စပ် လုပ်ခဲ့ရပါတယ်။

 

Kansas City Star သတင်းစာကနေ အလုပ်ထုတ်ခံရပြီးနောက် ကြော်ငြာလုပ်ငန်းလုပ်တဲ့ အနုပညာစတူဒီယိုတစ်ခုမှာ အလုပ်ရခဲ့ပါတယ်။ ငွေကြေးအဆင်ပြေလာချိန်မှာ အလုပ်က ထွက်ပြီး လုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့ တွဲကာ Laugh-O-Grams ကုမ္ပဏီတစ်ခု တည်ထောင်ခဲ့ပါတယ်။ ဒါပေမဲ့ မကြာခင်မှာ ဒီစတူဒီယိုဟာ စီးပွားပျက်ခဲ့ပြီးနောက် ဒစ္စနေဟာ ကယ်လီဖိုးနီးယားမှာ စတူဒီယိုသစ်တစ်ခု စတင်ခဲ့ပါတယ်။

 

ဒီစတူဒီယိုဟာ နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်ရေးတွေအတွက် ကာတွန်းတွေ ရေးပေးရတာ ဖြစ်ပါတယ်။ သူ့ရဲ့ ဖောက်သည်တစ်ဦးက Universal Pictures ဖြစ်ပါတယ်။ နောက်တော့ ဒစ္စနေဟာ ကိုယ်ပိုင် ကာတွန်းရုပ်ရှင်တွေ ဖန်တီးဖို့ ကြိုးစားလာခဲ့ပါတယ်။ သူ့ရဲ့ ပထမဆုံးကာတွန်းရုပ်ရှင် စနိုးဝှိုက်ဖြစ်ပြီး ဒေါ်လာ ၁.၅ သန်းကုန်ကျခဲ့ပါတယ်။ ဒီငွေအတွက် သူ့အိမ်ကို အပေါင်ထားခဲ့ရပါတယ်။

 

 

စနိုးဝှိုက်ရုပ်ရှင်ဟာ သူ့ရဲ့ ဂန္ဓဝင်လက်ရာတစ်ခု ဖြစ်ခဲ့ပြီး ဝင်ငွေ ဒေါ်လာ ၈ သန်း (ဒီနေ့ခေတ် ငွေကြေးအရ ဒေါ်လာ ၁၃၄ သန်း) ရခဲ့ပါတယ်။ ဒီနောက်မှာ ဒစ္စနေဟာ အောင်မြင်တဲ့ ဇာတ်ကောင်နဲ့ ဇာတ်ကားတွေ မွေးထုတ်နိုင်ခဲ့ပါတယ်။ သူဟာ အကယ်ဒမီနဲ့ အော်စကာစကာတင်အများဆုံး စံချိန်တင်ရခဲ့သူ ဖြစ်ပါတယ်။ ဒစ္စနေဟာ အကယ်ဒမီဆုပေါင်း ၂၂ ဆုနဲ့ ဆန်ကာတင် အကြိမ်ရေ ၅၉ ကြိမ်အထိ ရခဲ့တာပါ။

 

ဝေါ့လ်ဒစ္စနေဟာ ကာတွန်းဇာတ်ကောင်တွေပါတဲ့ Theme Park တစ်ခု ဖန်တီးချင်ခဲ့သူ ဖြစ်ပါတယ်။ ဖလော်ရီဒါမှာ ရှိတဲ့ DisneyLand ဆောက်လုပ်နေချိန်မှာ ဝေါ့ဒစ္စနေ ကွယ်လွန်ခဲ့ပါတယ်။သူ့မိသားစုဟာ ဒစ္စနေနာမည်တပ်ပြီး Walt Disney World လို့ နာမည်ပေးခဲ့ပါတယ်။ ဒါကြောင့်ပဲ သူသေတာ နှစ်ပေါင်း ၅၀ ကျော်ကြာခဲ့ပေမယ့် ဒီနေ့အချိန်အထိ ဝေါ့တ်ဒစ္စနေရဲ့ နာမည်ဟာ လူတိုင်းမှတ်မိနေဆဲ ဖြစ်တာပါ။

 

zawgyi

႐ုပ္ရွင္ခ်စ္သူေတြအၾကားမွာ Walt Disney ဆိုရင္ အားလုံး သိၾကၿပီး ျဖစ္ပါတယ္။ ကယ္လီဖိုးနီးယားျပည္နယ္ ဘားဘင့္ခ္အေျခစိုက္ Walt Disney ဟာ ကမာၻ႔အႀကီးဆုံးေဖ်ာ္ေျဖေရးေတြထဲက တစ္ခု ျဖစ္ၿပီး Disney လို႔လည္း လူသိမ်ားပါတယ္။

Walt Disney Studios ရဲ႕ လက္ေအာက္မွာ ႐ုပ္သံ မီဒီယာနဲ႔ ေဖ်ာ္ေျဖေရးလုပ္ငန္းေပါင္းစုံ ရွိပါတယ္။ အက်ဥ္းေျပာရရင္ Walt Disney Pictures ႐ုပ္ရွင္ထုတ္လုပ္ေရး ၊ Walt Disney Animation Studios ကာတြန္းထုတ္လုပ္ေရး ၊ နာမည္ေက်ာ္ Marvel Studios ၊ ESPN အားကစားလိုင္းမ်ားနဲ႔ 20th Century Studios ႐ုပ္သံလိုင္းေတြ ရွိပါတယ္။

၂၀၂၀ အတြက္ Walt Disney Studios ရဲ႕ ဝင္ေငြဟာ ေဒၚလာ ၆၅ ဘီလ်ံေက်ာ္ ရွိတယ္လို႔ ဆိုပါတယ္။ ဒီေလာက္ဩဇာႀကီးမားၿပီး အင္အားေကာင္းတဲ့ မီဒီယာကုမၸဏီတစ္ခုကို တည္ေထာင္ခဲ့တဲ့ လူတစ္ေယာက္အေၾကာင္းကလည္း စိတ္ဝင္စားစရာပါ။ သူ႔နာမည္က ေဝၚလ္တာ အဲလ္စ္ဒစၥေန ျဖစ္ပါတယ္။

 

 

ကာတြန္းေတြနဲ႔ အံ့ဖြယ္ကမာၻႀကီးကို တည္ေဆာက္ခဲ့တဲ့ ေဝါ့လ္ဒစၥေနရဲ႕ ဘဝဟာ တိုးတက္ေအာင္ျမင္ခ်င္သူတို႔အတြက္ နမူနာယူစရာေတြေကာင္းပါတယ္။ ဒစၥေန အသက္ ၁၈ ႏွစ္အ႐ြယ္ ၁၉၁၉ မွာ သူ႔ရဲ႕ ပထမဆုံးအလုပ္ျဖစ္တဲ့ Kansas City Star သတင္းစာ အန္နီေမးရွင္းအလုပ္ကေန အထုတ္ခံခဲ့ရပါတယ္။

အလုပ္ထုတ္ခံရတဲ့အေၾကာင္းက သူဟာ ဖန္တီးမႈအားနည္းၿပီး အိုင္ဒီယာေကာင္းမရွိဘူးဆိုၿပီး အယ္ဒီတာက မွတ္ခ်က္ျပဳခဲ့တာေၾကာင့္ ျဖစ္ပါတယ္။ ဖန္တီးမႈအားနည္းတယ္လို႔ သတ္မွတ္ခံရတဲ့လူတစ္ေယာက္ဟာ မယုံႏိုင္ေအာင္ ဆန္းျပားၿပီး ခ်စ္ဖြယ္ေကာင္းတဲ့ မစ္ကီေမာက္နဲ႔ ေဒၚနယ္ဒက္ခ္တို႔လို ကာတြန္းဇာတ္ေကာင္နဲ႔ ဇာတ္လမ္းေတြ ဖန္တီးႏိုင္ခဲ့ပါတယ္။

 

ဒစၥေန မိသားစုဟာ အေစာပိုင္းမွာ ေငြေရးေၾကးေရး ႐ုန္းကန္ခဲ့ရသူေတြ ျဖစ္ပါတယ္။ ေဝါ့တ္ဒစၥေနဟာ သားသမီးငါးဦးအနက္မွာ ေလးေယာက္ေျမာက္ ျဖစ္ၿပီး သူအသက္ေလးႏွစ္သားမွာ သူ႔အထက္ အကိုႏွစ္ေယာက္ဟာ အိမ္ကေန ဆင္းသြားခဲ့တယ္လို႔ ဆိုပါတယ္။ ဒစၥေနကေတာ့ သူ႔မိသားစုကို ဘယ္ေတာ့မွ စြန႔္ခြာခဲ့ျခင္း မရွိပါဘူး။ ဒစၥေနဟာ အရွက္အေၾကာက္လည္း ႀကီးတဲ့သူ ျဖစ္တယ္လို႔ ဆိုပါတယ္။

အိမ္က အဆင္မေျပတာေၾကာင့္ အသက္ ၁၆ ႏွစ္မွာ အသက္လိမ္ၿပီး စစ္ထဲ ဝင္ခဲ့ေပမယ့္ စစ္တပ္က ပယ္ခ်တာ ခံခဲ့ရပါတယ္။ အလုပ္ေတြမွာလည္း ဒီအတိုင္းပဲ အျငင္းခံရမႈနဲ႔ ႀကဳံခဲ့ၿပီး ေနာက္ဆုံးမွာ လူနာတင္ကားေမာင္းသူ ျဖစ္လာခဲ့ပါတယ္။ မိသားစုကို ေထာက္ပံ့ဖို႔ အလုပ္အကိုင္ေလးေတြ ဟိုစပ္စပ္ဒီစပ္စပ္ လုပ္ခဲ့ရပါတယ္။

 

Kansas City Star သတင္းစာကေန အလုပ္ထုတ္ခံရၿပီးေနာက္ ေၾကာ္ျငာလုပ္ငန္းလုပ္တဲ့ အႏုပညာစတူဒီယိုတစ္ခုမွာ အလုပ္ရခဲ့ပါတယ္။ ေငြေၾကးအဆင္ေျပလာခ်ိန္မွာ အလုပ္က ထြက္ၿပီး လုပ္ေဖာ္ကိုင္ဖက္တစ္ေယာက္နဲ႔ တြဲကာ Laugh-O-Grams ကုမၸဏီတစ္ခု တည္ေထာင္ခဲ့ပါတယ္။ ဒါေပမဲ့ မၾကာခင္မွာ ဒီစတူဒီယိုဟာ စီးပြားပ်က္ခဲ့ၿပီးေနာက္ ဒစၥေနဟာ ကယ္လီဖိုးနီးယားမွာ စတူဒီယိုသစ္တစ္ခု စတင္ခဲ့ပါတယ္။

 

ဒီစတူဒီယိုဟာ နာမည္ႀကီး ႐ုပ္ရွင္ထုတ္လုပ္ေရးေတြအတြက္ ကာတြန္းေတြ ေရးေပးရတာ ျဖစ္ပါတယ္။ သူ႔ရဲ႕ ေဖာက္သည္တစ္ဦးက Universal Pictures ျဖစ္ပါတယ္။ ေနာက္ေတာ့ ဒစၥေနဟာ ကိုယ္ပိုင္ ကာတြန္း႐ုပ္ရွင္ေတြ ဖန္တီးဖို႔ ႀကိဳးစားလာခဲ့ပါတယ္။ သူ႔ရဲ႕ ပထမဆုံးကာတြန္း႐ုပ္ရွင္ စႏိုးဝႈိက္ျဖစ္ၿပီး ေဒၚလာ ၁.၅ သန္းကုန္က်ခဲ့ပါတယ္။ ဒီေငြအတြက္ သူ႔အိမ္ကို အေပါင္ထားခဲ့ရပါတယ္။

 

 

စႏိုးဝႈိက္႐ုပ္ရွင္ဟာ သူ႔ရဲ႕ ဂႏၶဝင္လက္ရာတစ္ခု ျဖစ္ခဲ့ၿပီး ဝင္ေငြ ေဒၚလာ ၈ သန္း (ဒီေန႔ေခတ္ ေငြေၾကးအရ ေဒၚလာ ၁၃၄ သန္း) ရခဲ့ပါတယ္။ ဒီေနာက္မွာ ဒစၥေနဟာ ေအာင္ျမင္တဲ့ ဇာတ္ေကာင္နဲ႔ ဇာတ္ကားေတြ ေမြးထုတ္ႏိုင္ခဲ့ပါတယ္။ သူဟာ အကယ္ဒမီနဲ႔ ေအာ္စကာစကာတင္အမ်ားဆုံး စံခ်ိန္တင္ရခဲ့သူ ျဖစ္ပါတယ္။ ဒစၥေနဟာ အကယ္ဒမီဆုေပါင္း ၂၂ ဆုနဲ႔ ဆန္ကာတင္ အႀကိမ္ေရ ၅၉ ႀကိမ္အထိ ရခဲ့တာပါ။

 

ေဝါ့လ္ဒစၥေနဟာ ကာတြန္းဇာတ္ေကာင္ေတြပါတဲ့ Theme Park တစ္ခု ဖန္တီးခ်င္ခဲ့သူ ျဖစ္ပါတယ္။ ဖေလာ္ရီဒါမွာ ရွိတဲ့ DisneyLand ေဆာက္လုပ္ေနခ်ိန္မွာ ေဝါ့ဒစၥေန ကြယ္လြန္ခဲ့ပါတယ္။သူ႔မိသားစုဟာ ဒစၥေနနာမည္တပ္ၿပီး Walt Disney World လို႔ နာမည္ေပးခဲ့ပါတယ္။ ဒါေၾကာင့္ပဲ သူေသတာ ႏွစ္ေပါင္း ၅၀ ေက်ာ္ၾကာခဲ့ေပမယ့္ ဒီေန႔အခ်ိန္အထိ ေဝါ့တ္ဒစၥေနရဲ႕ နာမည္ဟာ လူတိုင္းမွတ္မိေနဆဲ ျဖစ္တာပါ။

 

Leave a Reply

Your email address will not be published.