Fri. May 27th, 2022

ဝါသနာကောင်းတွေက သင့်ကိုပျော်ရွှင်မှုပေးနိုင်သလို ထင်မှတ်မထားပဲ အပိုဝင်ငွေရှာပေးနိုင်ပါတယ်။ ဝါသနာတိုင်းကတော့ အပိုဝင်ငွေရဖို့မလွယ်ပေမယ့် အခုပြောပြပေးမယ့် ဝါသနာကောင်းလေးတွေကတော့ သင့်ကိုတစ်ဖက်တစ်လမ်းကနေ အပိုဝင်ငွေရအောင် စွမ်းဆောင်ပေးပါလိမ့်မယ်။ ဘယ်လိုဝါသနာတွေဖြစ်မလဲကြည့်လိုက်ရအောင်။

(၁) အချက်အပြုတ်ဝါသနာ

 

တကယ်လို့ သင်ကဟင်းချက်ကောင်းတဲ့ သူတစ်ယောက်ဆိုရင် ဒီဝါသနာကလဲ သေချာပေါက်ဝင်ငွေရနိုင်ပါတယ်။ ဖေ့စ်ဘွတ်ခ်မှာ ဟင်းချက်ဗွီဒီယိုတွေတင်မလား၊ အွန်လိုင်းကနေ ဟင်းချက်နည်းတွေသင်ပေးမလား ဒါမှမဟုတ် ကိုယ့်ဖောက်သည်နဲ့ကိုယ် ဟင်းအသစ်အဆန်းတွေချက်ပြီးရောင်းလို့လဲ ရတယ်နော်။

(၂) စာရေးဝါသနာ

 

စာရေးဝါသနာပါတဲ့သူတွေအတွက်က စာရေးခြင်းကတကယ့်ကို အခွင့်အလမ်းရှိတဲ့ဝါသနာတစ်ခုပါ။ ဝက်ဘ်ဆိုက်တွေ ဘလော့ဂ်တွေမှာ စာရေးပြီးဝင်ငွေရှာလို့ရသလို အလွတ်တန်းစာရေးတဲ့အလုပ် (Content Writer) အဖြစ်နဲ့လဲ ဝင်ငွေရှာလို့ရပါတယ်။ နောက်ပိုင်း ပိုကျွမ်းကျင်လာတဲ့အခါ ကိုယ်တိုင်စာအုပ်ထုတ်လို့လဲ ရနိုင်ပါတယ်။

(၃) ခရီးသွားဝါသနာ

 

အခုခေတ်မှာ ခရီးသွားဘလော့ဂါအလုပ်တွေခေတ်စားလာသလို ခရီးသွားခြင်းကနေ ဝင်ငွေရနိုင်နေပါပြီ။ ခရီးသွားခြင်းက စိတ်အပန်းပြေစေပြီး ဗဟုသုတအသစ်တွေလဲရနိုင်တဲ့အတွက် လူတွေကတစ်နှစ်ကို တကြိမ် ဒါမှမဟုတ် နှစ်ကြိမ်တော့ခရီးသွားလေ့ရှိကြပါတယ်။ တကယ်လို့သင်က ခနခနခရီးသွားရတာကိုနှစ်သက်ပြီး ရိုးမသွားနိုင်အောင်ကို ခရီးသွားရတာကြိုက်တယ်ဆိုရင် ဒီဝါသနာနဲ့ဝင်ငွေရှာသင့်ပါပြီ။ ဒါပေ့မယ် လွယ်ကူတဲ့အလုပ်တော့ မဟုတ်တဲ့အတွက် တကယ်ဝါသနာပါမပါဆန်းစစ်ပြီးမှ လုပ်သင့်ပါတယ်။

(၄) ဓါတ်ပုံရိုက်ဝါသနာ

 

တချို့လူတွေက ဓါတ်ပုံရိုက်တာဝါသနာပါကြပြီး ကင်မရာအမြင်လဲရှိကြပါတယ်။ တကယ်လို့ သင်ကဓါတ်ပုံလဲကောင်းကောင်းရိုက်တတ်တယ် ဝါသနာလဲပါတယ်ဆိုရင်တော့ သင့်အတွက်ဝင်ငွေတခုရနိုင်ဖို့နီးစပ်နေပါပြီ။ ဘွဲ့အခမ်းအနားတွေ မွေးနေ့ပွဲတွေ ဒါမှမဟုတ် အပျော်တမ်းအလှဓါတ်ပုံရိုက်ချင်သူတွေအတွက် သင့်ရဲ့ဝါသနာနဲ့အကောင်းဆုံးဓါတ်ပုံတွေဖန်တီပေးပြီး ဝင်ငွေရနိုင်ပါတယ်။ ဒါ့အပြင် ဓါတ်ပုံအရောင်းဝက်ဘ်ဆိုက်တွေမှာ တင်ရောင်းလို့ရနိုင်ပါတယ်။

 

Zawgyi

 

ဝါသနာေကာင္းေတြက သင့္ကိုေပ်ာ္႐ႊင္မႈေပးႏိုင္သလို ထင္မွတ္မထားပဲ အပိုဝင္ေငြရွာေပးႏိုင္ပါတယ္။ ဝါသနာတိုင္းကေတာ့ အပိုဝင္ေငြရဖို႔မလြယ္ေပမယ့္ အခုေျပာျပေပးမယ့္ ဝါသနာေကာင္းေလးေတြကေတာ့ သင့္ကိုတစ္ဖက္တစ္လမ္းကေန အပိုဝင္ေငြရေအာင္ စြမ္းေဆာင္ေပးပါလိမ့္မယ္။ ဘယ္လိုဝါသနာေတြျဖစ္မလဲၾကည့္လိုက္ရေအာင္။

(၁) အခ်က္အျပဳတ္ဝါသနာ

 

 

တကယ္လို႔ သင္ကဟင္းခ်က္ေကာင္းတဲ့ သူတစ္ေယာက္ဆိုရင္ ဒီဝါသနာကလဲ ေသခ်ာေပါက္ဝင္ေငြရႏိုင္ပါတယ္။ ေဖ့စ္ဘြတ္ခ္မွာ ဟင္းခ်က္ဗြီဒီယိုေတြတင္မလား၊ အြန္လိုင္းကေန ဟင္းခ်က္နည္းေတြသင္ေပးမလား ဒါမွမဟုတ္ ကိုယ့္ေဖာက္သည္နဲ႔ကိုယ္ ဟင္းအသစ္အဆန္းေတြခ်က္ၿပီးေရာင္းလို႔လဲ ရတယ္ေနာ္။

(၂) စာေရးဝါသနာ

 

 

စာေရးဝါသနာပါတဲ့သူေတြအတြက္က စာေရးျခင္းကတကယ့္ကို အခြင့္အလမ္းရွိတဲ့ဝါသနာတစ္ခုပါ။ ဝက္ဘ္ဆိုက္ေတြ ဘေလာ့ဂ္ေတြမွာ စာေရးၿပီးဝင္ေငြရွာလို႔ရသလို အလြတ္တန္းစာေရးတဲ့အလုပ္ (Content Writer) အျဖစ္နဲ႔လဲ ဝင္ေငြရွာလို႔ရပါတယ္။ ေနာက္ပိုင္း ပိုကြၽမ္းက်င္လာတဲ့အခါ ကိုယ္တိုင္စာအုပ္ထုတ္လို႔လဲ ရႏိုင္ပါတယ္။

(၃) ခရီးသြားဝါသနာ

 

 

အခုေခတ္မွာ ခရီးသြားဘေလာ့ဂါအလုပ္ေတြေခတ္စားလာသလို ခရီးသြားျခင္းကေန ဝင္ေငြရႏိုင္ေနပါၿပီ။ ခရီးသြားျခင္းက စိတ္အပန္းေျပေစၿပီး ဗဟုသုတအသစ္ေတြလဲရႏိုင္တဲ့အတြက္ လူေတြကတစ္ႏွစ္ကို တႀကိမ္ ဒါမွမဟုတ္ ႏွစ္ႀကိမ္ေတာ့ခရီးသြားေလ့ရွိၾကပါတယ္။ တကယ္လို႔သင္က ခနခနခရီးသြားရတာကိုႏွစ္သက္ၿပီး ႐ိုးမသြားႏိုင္ေအာင္ကို ခရီးသြားရတာႀကိဳက္တယ္ဆိုရင္ ဒီဝါသနာနဲ႔ဝင္ေငြရွာသင့္ပါၿပီ။ ဒါေပ့မယ္ လြယ္ကူတဲ့အလုပ္ေတာ့ မဟုတ္တဲ့အတြက္ တကယ္ဝါသနာပါမပါဆန္းစစ္ၿပီးမွ လုပ္သင့္ပါတယ္။

(၄) ဓါတ္ပုံ႐ိုက္ဝါသနာ

 

 

တခ်ိဳ႕လူေတြက ဓါတ္ပုံ႐ိုက္တာဝါသနာပါၾကၿပီး ကင္မရာအျမင္လဲရွိၾကပါတယ္။ တကယ္လို႔ သင္ကဓါတ္ပုံလဲေကာင္းေကာင္း႐ိုက္တတ္တယ္ ဝါသနာလဲပါတယ္ဆိုရင္ေတာ့ သင့္အတြက္ဝင္ေငြတခုရႏိုင္ဖို႔နီးစပ္ေနပါၿပီ။ ဘြဲ႕အခမ္းအနားေတြ ေမြးေန႔ပြဲေတြ ဒါမွမဟုတ္ အေပ်ာ္တမ္းအလွဓါတ္ပုံ႐ိုက္ခ်င္သူေတြအတြက္ သင့္ရဲ႕ဝါသနာနဲ႔အေကာင္းဆုံးဓါတ္ပုံေတြဖန္တီေပးၿပီး ဝင္ေငြရႏိုင္ပါတယ္။ ဒါ့အျပင္ ဓါတ္ပုံအေရာင္းဝက္ဘ္ဆိုက္ေတြမွာ တင္ေရာင္းလို႔ရႏိုင္ပါတယ္။

 

 

Leave a Reply

Your email address will not be published.