Fri. May 27th, 2022

ဒီတစ်ခါ စခန်းသွင်း လေ့ကျင့်ရမှာက စိတ်ဓါတ်အကောင်းမြင်မှုအကြောင်းပါပဲ။ အကောင်းမြင်စိတ်မွေးဖို့အတွက် ဝိတ်တုံးတွေ ၊ ပြေးစက်တွေ ဘာကိရိယာမှ မလိုပါဘူး။ စိတ်ကိုလေ့ကျင့်ဖို့ ရိုးရှင်းတဲ့ စိတ်လေ့ကျင့်ခန်းတွေပဲ လိုပါတယ်။ ဒီဆောင်းပါးမှာ ၅ ရက်တာ စိတ်ဓါတ်ပြုပြင်ရေးလေ့ကျင့်ခန်းတွေကို မိတ်ဆက်သွားမှာပါ။

(၁) ပထမရက်

 

အပြုသဘောဆောင်တဲ့ အကောင်းဆုံးလုပ်ဆောင်ချက်ကို လေ့ကျင့်ပါမယ်။ Positive Perfectionism လို့ ဆိုနိုင်ပါတယ်။ ကိုယ်လုပ်နိုင်တဲ့ အကောင်းဆုံးအပိုင်းကို အာရုံစိုက်တာ ဖြစ်ပါတယ်။ ကိုယ်ရရှိပိုင်ဆိုင်ခဲ့တဲ့ ချီးကျူးစရာ လုပ်ဆောင်ချက်တွေကို ပြန်တွေးဖို့ပါ။ အမှားတွေကိုလည်း ချန်မထားပါနဲ့။ ပြန်တွေးပါ။ ဒါပေမယ့် အမှားတွေနဲ့ကျရှုံးမှုကို ပြန်သုံးသပ်ချိန်မှာ ဒီတစ်ခါ ပိုကောင်းအောင် လုပ်မယ်လို့ မှတ်ချက်ချဖို့ မမေ့ပါနဲ့။

(၂) ဒုတိယနေ့

 

ဒုတိယနေ့ကတော့ အံ့ဩဖွယ်ရာတွေကို အသေးစိတ် ပြန်လေ့လာဖို့ ဖြစ်ပါတယ်။ အကောင်းမြင်တတ်ဖို့ ကိုယ့်ဦးနှောက်ကို လေ့ကျင့်ရာမှာ အရင်ဆုံး လုပ်ရမယ့်အလုပ်က ကိုယ့်လောကကို ပြန် Scan ဖတ်ပြီး ထူးခြားအံ့ဩဖို့ကောင်းတဲ့အချက်တွေ ရှာဖွေဖို့ ဖြစ်ပါတယ်။ တစ်နေ့ချင်းစီထဲက အကောင်းဆုံးအချက် ၅ ချက်ကို ရွေးပြီး မှတ်တမ်းတင်ကြည့်ပါ။ ခေါင်းထဲကို ပို့လိုက်တဲ့ Signal တွေက လူရဲ့ ခံစားချက်ကို လွှမ်းမိုးတဲ့သဘောရှိပါတယ်။ ဒီတော့ ကိုယ့်အတွေးကို ကိုယ့်စိတ်ကြိုက်ပုံဖော်ပါ။

(၃) တတိယနေ့

 

ကိုယ်လိုချင်တဲ့ ရလဒ်ကို မြင်ယောင်ကြည့်ပါ။ အားကစားသမားတွေလည်း ဒီလျှို့ဝှက်ချက်ကို သုံးကြပါတယ်။ ကြွက်သားကစားတဲ့ အားကစားသမားတွေဟာ သူတို့လိုချင်တဲ့ ကိုယ်လုံးကိုယ်ပေါက်ကို စိတ်ကူးထဲမှာ အရင် မြင်ယောင်ကြည့်ကြပါတယ်။ အကောင်းမြင် စိတ်လေ့ကျင့်ခန်းအနေနဲ့ တစ်နေ့တာရဲ့အစမှာ ကိုယ်လုပ်ရမယ့် အလုပ်တွေနဲ့ ကြုံလာမယ့် ကိစ္စတွေ စတွေးပါ။ ပြီးရင် ဒီအလုပ်တွေကနေ ဘယ်လို ရလဒ်မျိုး လိုချင်တယ်ဆိုတာ မြင်ယောင်ကြည့်တဲ့ အကျင့် လုပ်ထားပါ။

(၄) စတုတ္ထနေ့

 

စတုတ္ထနေ့မှာ မမြဲတဲ့သဘောကို စဉ်းစားရမှာပါ။ တရားသဘောဆန်ပေမယ့် အကောင်းမြင်စိတ်မွေးဖို့အတွက် အထက်သန်ဆုံး လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ ကိုယ်မပြောင်းလဲနိုင်တဲ့ အရာတွေ ရှိတယ်ဆိုတာ လက်ခံပါ။ ဆုံးရှုံးတာတွေ ကြုံတဲ့အခါ ဒါလည်း ဖြစ်တတ်တာပဲဆိုတဲ့ စိတ်အခံလေးနဲ့ ဖြေတတ်ရင် ပြေပါတယ်။

(၅) ပဉ္စမနေ့

 

 

ဒီနေ့မှာတော့ ဝါယာရိမ်းသစ်လဲတဲ့ နေ့လို့ ပြောနိုင်ပါတယ်။ အဆောက်အဦမှာ မီးကြိုးအဟောင်းတွေ ဖယ်ရှားပြီး အသစ်ပြန်လဲဖို့ လုပ်တာမျိုးပါ။ ဦးနှောက်မှာ ပျော်ရွှင်ခြင်း ဝါယာကြိုးသစ်တွေ ပြန်လဲပေးလိုက်ပါ။ ဘယ်လောက် အလုပ်များများ ကိုယ့်စိတ်ကလေး အကောင်းမြင်ဖို့ အချိန်ပေးပါ။ မောကြီးပန်းကြီး လုပ်သမျှအားလုံးက ကိုယ့်စိတ်ခံစားမှုကို ဖျက်ဆီးနိုင်တယ်ဆိုတာ သတိထားပါ။ စိတ်ကို ပျော်ရွှင်ခြင်း ဝိုင်ယာကြိုးသစ်လဲဖို့ အချိန်ပေးလိုက်ပါ။

 

zawgyi

 

ဒီတစ္ခါ စခန္းသြင္း ေလ့က်င့္ရမွာက စိတ္ဓါတ္အေကာင္းျမင္မႈအေၾကာင္းပါပဲ။ အေကာင္းျမင္စိတ္ေမြးဖို႔အတြက္ ဝိတ္တုံးေတြ ၊ ေျပးစက္ေတြ ဘာကိရိယာမွ မလိုပါဘူး။ စိတ္ကိုေလ့က်င့္ဖို႔ ႐ိုးရွင္းတဲ့ စိတ္ေလ့က်င့္ခန္းေတြပဲ လိုပါတယ္။ ဒီေဆာင္းပါးမွာ ၅ ရက္တာ စိတ္ဓါတ္ျပဳျပင္ေရးေလ့က်င့္ခန္းေတြကို မိတ္ဆက္သြားမွာပါ။

(၁) ပထမရက္

 

 

အျပဳသေဘာေဆာင္တဲ့ အေကာင္းဆုံးလုပ္ေဆာင္ခ်က္ကို ေလ့က်င့္ပါမယ္။ Positive Perfectionism လို႔ ဆိုႏိုင္ပါတယ္။ ကိုယ္လုပ္ႏိုင္တဲ့ အေကာင္းဆုံးအပိုင္းကို အာ႐ုံစိုက္တာ ျဖစ္ပါတယ္။ ကိုယ္ရရွိပိုင္ဆိုင္ခဲ့တဲ့ ခ်ီးက်ဴးစရာ လုပ္ေဆာင္ခ်က္ေတြကို ျပန္ေတြးဖို႔ပါ။ အမွားေတြကိုလည္း ခ်န္မထားပါနဲ႔။ ျပန္ေတြးပါ။ ဒါေပမယ့္ အမွားေတြနဲ႔က်ရႈံးမႈကို ျပန္သုံးသပ္ခ်ိန္မွာ ဒီတစ္ခါ ပိုေကာင္းေအာင္ လုပ္မယ္လို႔ မွတ္ခ်က္ခ်ဖို႔ မေမ့ပါနဲ႔။

(၂) ဒုတိယေန႔

 

 

ဒုတိယေန႔ကေတာ့ အံ့ဩဖြယ္ရာေတြကို အေသးစိတ္ ျပန္ေလ့လာဖို႔ ျဖစ္ပါတယ္။ အေကာင္းျမင္တတ္ဖို႔ ကိုယ့္ဦးေႏွာက္ကို ေလ့က်င့္ရာမွာ အရင္ဆုံး လုပ္ရမယ့္အလုပ္က ကိုယ့္ေလာကကို ျပန္ Scan ဖတ္ၿပီး ထူးျခားအံ့ဩဖို႔ေကာင္းတဲ့အခ်က္ေတြ ရွာေဖြဖို႔ ျဖစ္ပါတယ္။ တစ္ေန႔ခ်င္းစီထဲက အေကာင္းဆုံးအခ်က္ ၅ ခ်က္ကို ေ႐ြးၿပီး မွတ္တမ္းတင္ၾကည့္ပါ။ ေခါင္းထဲကို ပို႔လိုက္တဲ့ Signal ေတြက လူရဲ႕ ခံစားခ်က္ကို လႊမ္းမိုးတဲ့သေဘာရွိပါတယ္။ ဒီေတာ့ ကိုယ့္အေတြးကို ကိုယ့္စိတ္ႀကိဳက္ပုံေဖာ္ပါ။

(၃) တတိယေန႔

 

 

ကိုယ္လိုခ်င္တဲ့ ရလဒ္ကို ျမင္ေယာင္ၾကည့္ပါ။ အားကစားသမားေတြလည္း ဒီလွ်ိဳ႕ဝွက္ခ်က္ကို သုံးၾကပါတယ္။ ႂကြက္သားကစားတဲ့ အားကစားသမားေတြဟာ သူတို႔လိုခ်င္တဲ့ ကိုယ္လုံးကိုယ္ေပါက္ကို စိတ္ကူးထဲမွာ အရင္ ျမင္ေယာင္ၾကည့္ၾကပါတယ္။ အေကာင္းျမင္ စိတ္ေလ့က်င့္ခန္းအေနနဲ႔ တစ္ေန႔တာရဲ႕အစမွာ ကိုယ္လုပ္ရမယ့္ အလုပ္ေတြနဲ႔ ႀကဳံလာမယ့္ ကိစၥေတြ စေတြးပါ။ ၿပီးရင္ ဒီအလုပ္ေတြကေန ဘယ္လို ရလဒ္မ်ိဳး လိုခ်င္တယ္ဆိုတာ ျမင္ေယာင္ၾကည့္တဲ့ အက်င့္ လုပ္ထားပါ။

(၄) စတုတၳေန႔

 

 

စတုတၳေန႔မွာ မၿမဲတဲ့သေဘာကို စဥ္းစားရမွာပါ။ တရားသေဘာဆန္ေပမယ့္ အေကာင္းျမင္စိတ္ေမြးဖို႔အတြက္ အထက္သန္ဆုံး ေလ့က်င့္ခန္းတစ္ခု ျဖစ္ပါတယ္။ ကိုယ္မေျပာင္းလဲႏိုင္တဲ့ အရာေတြ ရွိတယ္ဆိုတာ လက္ခံပါ။ ဆုံးရႈံးတာေတြ ႀကဳံတဲ့အခါ ဒါလည္း ျဖစ္တတ္တာပဲဆိုတဲ့ စိတ္အခံေလးနဲ႔ ေျဖတတ္ရင္ ေျပပါတယ္။

(၅) ပၪၥမေန႔

 

 

ဒီေန႔မွာေတာ့ ဝါယာရိမ္းသစ္လဲတဲ့ ေန႔လို႔ ေျပာႏိုင္ပါတယ္။ အေဆာက္အဦမွာ မီးႀကိဳးအေဟာင္းေတြ ဖယ္ရွားၿပီး အသစ္ျပန္လဲဖို႔ လုပ္တာမ်ိဳးပါ။ ဦးေႏွာက္မွာ ေပ်ာ္႐ႊင္ျခင္း ဝါယာႀကိဳးသစ္ေတြ ျပန္လဲေပးလိုက္ပါ။ ဘယ္ေလာက္ အလုပ္မ်ားမ်ား ကိုယ့္စိတ္ကေလး အေကာင္းျမင္ဖို႔ အခ်ိန္ေပးပါ။ ေမာႀကီးပန္းႀကီး လုပ္သမွ်အားလုံးက ကိုယ့္စိတ္ခံစားမႈကို ဖ်က္ဆီးႏိုင္တယ္ဆိုတာ သတိထားပါ။ စိတ္ကို ေပ်ာ္႐ႊင္ျခင္း ဝိုင္ယာႀကိဳးသစ္လဲဖို႔ အခ်ိန္ေပးလိုက္ပါ။

 

 

Leave a Reply

Your email address will not be published.