Mon. May 23rd, 2022

#Unicode Version

 

လူတစ်ယောက် ဘဝဘယ်နှစ်ခုရှိသလဲ ?သင့်မှာ ဘဝဘယ်နှစ်ခုရှိသလဲ ??လူတော်တော်များများဟာ “လူတစ်ယောက် ဘဝတစ်ခု”နဲ့ပဲ ကျေနပ်နေကြပါတယ်။ကျော်ကြားတဲ့လူတစ်ယောက် အဲ့ဒီလူမှာ ဘဝနှစ်ခု၊ သုံးခုအနည်းဆုံးရှိတယ်။

ဥပမာအနေနဲ့ပြောရင် ယနေ့ခေတ် လူငယ်တော်တော် များများကြိုက်ကြတဲ့ “စိုင်းစိုင်းခမ်းလှိုင်” ပေါ့ဗျာ။
သူဟာ –တေးရေးသူတစ်ယောက်လည်းဟုတ်တယ်။တေးဆိုတစ်ယောက်လည်းဟုတ်တယ်။

သရုပ်ဆောင်တစ်ယောက်လည်းဟုတ်တယ်။စာရေးသူတယောက်လည်းဟုတ်ပြန်တယ်။ဒါဆိုသူ့ဟာ လူတစ်ယောက် ဘဝလေးခုနဲ့ ဖြတ်သန်းနေတဲ့ သူပဲ။အားကျစရာမကောင်းဘူးလားဗျာ??ကျွန်တော်ကိုယ်တိုင်လည်း အသက် (၃၀) အတွင်း ဘဝတွေ များစွာဖြတ်သန်းခဲ့ရတယ်။

ကျောင်းသားဘဝ၊ ဟိုတယ် ဝန်ထမ်းဘဝ၊ ဒီဇိုင်းနာဘဝ၊ ကျူရှင်ဆရာဘဝ၊ အရောင်း သမားဘဝ၊ မာကတ်တင်းသမား၊ ကုန်စုံဆိုင်, အရုပ်ဆိုင်, အထည်ဆိုင် ဈေးသည်ဘဝ၊ သင်ကြားရေးဆရာဘဝ၊ လုပ်ငန်းရှင်ဘဝ၊ စာရေးဆရာဘဝ၊ ဟောပြောရေးဆရာ ဘဝ စသည်ဖြင့် များစွာဖြတ်သန်းခဲ့ရပါတယ်။

ဖြတ်သန်းခဲ့သော ဘဝပေါင်းများစွာနှင့်အတူ ဘယ်လိုဘဝ တွေကို ဆက်လက်ဖြတ်သန်းရဦးမလဲ အမြဲတွေးပါ။ယနေ့ခေတ်လူငယ်အများစုဟာ တစ်ခုဆိုတစ်ခုပဲ လုပ်ကြတယ်။ ကျောင်းတက်တယ် ကျောင်းစာကိုပဲအာရုံစိုက်တယ်။ မကောင်းဘူးလားဆိုတော့ မဟုတ်ပါဘူး။ ပညာရှာတဲ့ အရွယ်မှာ ပညာရှာတာ သိပ်ကိုကောင်းတဲ့ အရာတစ်ခုပါ။

ကျောင်းတက်နေတုန်း ဘာလုပ်လို့ရတာရှိသေးလဲ ? တစ်ချက်စဉ်းစားကြည့်ကြမယ်ဗျာ။ များသောအားဖြင့် ကျောင်းချိန်တွေဟာ နေ့လည်ပိုင်းမှာပြီးလေ့ရှိကြတယ်။အချိန်တိုလေးအတွင်းမှာ အချိန်ပိုင်းအလုပ်တစ်ခုလုပ်လို့ ရနိုင်မယ်။
တခြားဝါသနာပါတဲ့အရာတစ်ခုလုပ်လို့ ရနိုင်မယ်။ ဒါမှမဟုတ် မိခင်ဘာသာစကားအပြင် တခြားဘာသာတစ် ခုကိုဆက်လေ့လာမယ်။ အကျိုးရှိရှိပြန်အသုံးချမယ်။

မိခင်ဘာသာစကားအပြင် အခြားဘာသာတခုခုကို တတ်မြောက်ထားတဲ့လူဟာ ပေါင်းသင်းဆက်ဆံရေးမှာ ကော စီးပွားရေးအရာမှာကော လူမှုရေးမှာပါ အများကြီး အသာစီးရပါတယ်။ပင်တော့ပင်ပန်းမှာပေါ့။ ဒါပေမယ့် တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတွေရတယ်။
အချိန်ကိုတန်ဖိုးထားတတ်တဲ့အကျင့်လေးရမယ်။

အလုပ်တစ်ခုလုပ်တယ်ထား အဲ့ဒီအလုပ်ကြောင့် ကိုယ်ဘယ် လိုလူအဖြစ်ပြောင်းလဲသွားလဲဆိုတာ သိမြင်လာမယ်။နစ်နာစေမယ့်အရာ တခုမှမပါပါဘူးဗျာလူတယောက်ရဲ့စွမ်းအားဆိုတာ ညစ်ထုတ်ရင် ညစ်ထုတ်နိုင်သလောက် ရှိတယ်ဆိုတာယုံကြည်ထားပါ။နောက်ဆုံး လူတွေကအားကျကြမယ်ချီးမွမ်းကြမယ်။ “မင်းဟာ တကယ်တော်တဲ့လူငယ်ပဲ” ဘယ်လောက်ဂုဏ်ယူ စရာကောင်းလိုက်မလဲ။

ဘဝတစ်ခုမှာပဲ ကျေနပ်မနေပါနဲ့ !
ဝါသနာပါမယ့်ဘဝသစ်တခုကိုလည်း ထပ်ရှာကြည့်ပါ။ သင့်အတွက် အကျိုးယုတ်စေမယ့်အရာမဟုတ်ပါဘူးဗျာ။

 

zawgyi

#Unicode Version

 

လူတစ္ေယာက္ ဘဝဘယ္ႏွစ္ခုရွိသလဲ ?သင့္မွာ ဘဝဘယ္ႏွစ္ခုရွိသလဲ ??လူေတာ္ေတာ္မ်ားမ်ားဟာ “လူတစ္ေယာက္ ဘဝတစ္ခု”နဲ႔ပဲ ေက်နပ္ေနၾကပါတယ္။ေက်ာ္ၾကားတဲ့လူတစ္ေယာက္ အဲ့ဒီလူမွာ ဘဝႏွစ္ခု၊ သုံးခုအနည္းဆုံးရွိတယ္။

ဥပမာအေနနဲ႔ေျပာရင္ ယေန႔ေခတ္ လူငယ္ေတာ္ေတာ္ မ်ားမ်ားႀကိဳက္ၾကတဲ့ “စိုင္းစိုင္းခမ္းလႈိင္” ေပါ့ဗ်ာ။
သူဟာ –ေတးေရးသူတစ္ေယာက္လည္းဟုတ္တယ္။ေတးဆိုတစ္ေယာက္လည္းဟုတ္တယ္။

သ႐ုပ္ေဆာင္တစ္ေယာက္လည္းဟုတ္တယ္။စာေရးသူတေယာက္လည္းဟုတ္ျပန္တယ္။ဒါဆိုသူ႔ဟာ လူတစ္ေယာက္ ဘဝေလးခုနဲ႔ ျဖတ္သန္းေနတဲ့ သူပဲ။အားက်စရာမေကာင္းဘူးလားဗ်ာ??ကြၽန္ေတာ္ကိုယ္တိုင္လည္း အသက္ (၃၀) အတြင္း ဘဝေတြ မ်ားစြာျဖတ္သန္းခဲ့ရတယ္။

ေက်ာင္းသားဘဝ၊ ဟိုတယ္ ဝန္ထမ္းဘဝ၊ ဒီဇိုင္းနာဘဝ၊ က်ဴရွင္ဆရာဘဝ၊ အေရာင္း သမားဘဝ၊ မာကတ္တင္းသမား၊ ကုန္စုံဆိုင္, အ႐ုပ္ဆိုင္, အထည္ဆိုင္ ေဈးသည္ဘဝ၊ သင္ၾကားေရးဆရာဘဝ၊ လုပ္ငန္းရွင္ဘဝ၊ စာေရးဆရာဘဝ၊ ေဟာေျပာေရးဆရာ ဘဝ စသည္ျဖင့္ မ်ားစြာျဖတ္သန္းခဲ့ရပါတယ္။

ျဖတ္သန္းခဲ့ေသာ ဘဝေပါင္းမ်ားစြာႏွင့္အတူ ဘယ္လိုဘဝ ေတြကို ဆက္လက္ျဖတ္သန္းရဦးမလဲ အၿမဲေတြးပါ။ယေန႔ေခတ္လူငယ္အမ်ားစုဟာ တစ္ခုဆိုတစ္ခုပဲ လုပ္ၾကတယ္။ ေက်ာင္းတက္တယ္ ေက်ာင္းစာကိုပဲအာ႐ုံစိုက္တယ္။ မေကာင္းဘူးလားဆိုေတာ့ မဟုတ္ပါဘူး။ ပညာရွာတဲ့ အ႐ြယ္မွာ ပညာရွာတာ သိပ္ကိုေကာင္းတဲ့ အရာတစ္ခုပါ။

ေက်ာင္းတက္ေနတုန္း ဘာလုပ္လို႔ရတာရွိေသးလဲ ? တစ္ခ်က္စဥ္းစားၾကည့္ၾကမယ္ဗ်ာ။ မ်ားေသာအားျဖင့္ ေက်ာင္းခ်ိန္ေတြဟာ ေန႔လည္ပိုင္းမွာၿပီးေလ့ရွိၾကတယ္။အခ်ိန္တိုေလးအတြင္းမွာ အခ်ိန္ပိုင္းအလုပ္တစ္ခုလုပ္လို႔ ရႏိုင္မယ္။
တျခားဝါသနာပါတဲ့အရာတစ္ခုလုပ္လို႔ ရႏိုင္မယ္။ ဒါမွမဟုတ္ မိခင္ဘာသာစကားအျပင္ တျခားဘာသာတစ္ ခုကိုဆက္ေလ့လာမယ္။ အက်ိဳးရွိရွိျပန္အသုံးခ်မယ္။

မိခင္ဘာသာစကားအျပင္ အျခားဘာသာတခုခုကို တတ္ေျမာက္ထားတဲ့လူဟာ ေပါင္းသင္းဆက္ဆံေရးမွာ ေကာ စီးပြားေရးအရာမွာေကာ လူမႈေရးမွာပါ အမ်ားႀကီး အသာစီးရပါတယ္။ပင္ေတာ့ပင္ပန္းမွာေပါ့။ ဒါေပမယ့္ တန္ဖိုးမျဖတ္ႏိုင္တဲ့ အေတြ႕အႀကဳံေတြရတယ္။
အခ်ိန္ကိုတန္ဖိုးထားတတ္တဲ့အက်င့္ေလးရမယ္။

အလုပ္တစ္ခုလုပ္တယ္ထား အဲ့ဒီအလုပ္ေၾကာင့္ ကိုယ္ဘယ္ လိုလူအျဖစ္ေျပာင္းလဲသြားလဲဆိုတာ သိျမင္လာမယ္။နစ္နာေစမယ့္အရာ တခုမွမပါပါဘူးဗ်ာလူတေယာက္ရဲ႕စြမ္းအားဆိုတာ ညစ္ထုတ္ရင္ ညစ္ထုတ္ႏိုင္သေလာက္ ရွိတယ္ဆိုတာယုံၾကည္ထားပါ။ေနာက္ဆုံး လူေတြကအားက်ၾကမယ္ခ်ီးမြမ္းၾကမယ္။ “မင္းဟာ တကယ္ေတာ္တဲ့လူငယ္ပဲ” ဘယ္ေလာက္ဂုဏ္ယူ စရာေကာင္းလိုက္မလဲ။

ဘဝတစ္ခုမွာပဲ ေက်နပ္မေနပါနဲ႔ !
ဝါသနာပါမယ့္ဘဝသစ္တခုကိုလည္း ထပ္ရွာၾကည့္ပါ။ သင့္အတြက္ အက်ိဳးယုတ္ေစမယ့္အရာမဟုတ္ပါဘူးဗ်ာ။

 

 

Leave a Reply

Your email address will not be published.